မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁
“မှန်ရာကို လုပ်ချင်ပေမဲ့လည်း လူတွေက အဲဒါနဲ့ဆန့်ကျင်တဲ့အရာကိုလုပ်ဖို့ ဖိအားပေးလာတဲ့အခါ အဲဒါဟာ တကယ့်စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့၊ မှားတာကိုလုပ်ဖို့ ဖိအားပေးလာတဲ့အခါ ရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော်တို့ကို ကူညီပေးနိုင်မယ့် ပညာရှိအကြံပြုချက်တချို့ ဒီမှာပါ,ပါတယ်။ [သုတ္တံ ၂၉:၂၅ ကိုဖတ်ပါ။] လူထက် ဘုရားသခင်ရဲ့နှစ်သက်လက်ခံမှုမရရှိမှာကို စိုးရိမ်ကြောက်ရွံ့သင့်တဲ့ အကြောင်းရင်းငါးခုကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။” စာမျက်နှာ ၁၂ မှဆောင်းပါးကိုပြပါ။
နိုးလော့! မတ်
“မိတ်ဆွေကောင်းတွေရှိတာကို ကျွန်တော်တို့အားလုံး နှစ်သက်ကြတယ်။ မိတ်ဆွေကောင်းတစ်ဦးမှာရှိရမယ့် အရည်အသွေးတွေနဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ ဖော်ပြထားတာကို သတိပြုကြည့်ပါ။ [သုတ္တံ ၁၇:၁၇ ကိုဖတ်ပါ။] မိတ်ဆွေကောင်းတွေ ရွေးချယ်တဲ့အခါမှာနဲ့ အခြားသူတွေအတွက် မိတ်ဆွေကောင်းတစ်ဦးဖြစ်နိုင်ဖို့အတွက် အကြံပြုချက်တွေ ဒီဆောင်းပါးမှာ ပါ,ပါတယ်။” စာမျက်နှာ ၁၆ မှဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် ဧပြီ ၁
“အစာရှောင်တာက ဘုရားသခင်နဲ့ ပိုမိုနီးကပ်စေနိုင်သလားဆိုပြီး လူတွေသိချင်ကြတယ်။ စားသောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာကဘာပြောလဲဆိုတာ သတိပြုကြည့်ပါ။ [ဒေသနာ ၃:၁၂-၁၃ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းထဲက စာမျက်နှာ ၂၇ မှာပါတဲ့ ဆောင်းပါးထဲမှာ အဲဒီစိတ်ဝင်စားဖွယ်အကြောင်းကို ဆွေးနွေးထားပါတယ်။”
နိုးလော့! ဧပြီ
“ကျောင်းသားအတော်များများဟာ ဖိစီးခံနေရပုံပေါက်တယ်။ သူတို့မိဘတွေခေတ်ကတည်းက အခြေအနေတွေဟာ ပြောင်းလဲသွားပြီဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာထဲမှာ ပညာရှိတဲ့အကြံပေးချက်တချို့ ပါ,ပါတယ်။ [ဖိလိပ္ပိ ၄:၅ ကိုဖတ်ပါ။] လူငယ်တွေ ကိုင်တွယ်ဖြေရှင်းတတ်အောင် လူကြီးတွေ ဘယ်လိုကူညီပေးရမလဲဆိုတာ ဒီမဂ္ဂဇင်းထဲမှာ ဆွေးနွေးထားပါတယ်။”