ဘာသာခြားစကားစာပေတွေကို သင် အမြန်လိုတယ်ဆိုရင်
ကျွန်ုပ်တို့ရဲ့စာပေတွေကို ဘာသာခြားစကားနဲ့ဖတ်ချင်တဲ့သူတွေနဲ့ တစ်ခါတလေ သင်တွေ့ရနိုင်တယ်။ အသင်းတော်မှာ အဲဒီဘာသာစကားနဲ့စာပေ မရှိတာဖြစ်နိုင်တယ်။ သင့်ကွန်ပျူတာက အင်တာနက်နဲ့ချိတ်ဆက်ထားပြီး ပရင်တာရှိမယ်ဆိုရင် ဘာသာစကား ၄၀၀ ကျော်နဲ့ စာပေတွေကို ထုတ်ယူနိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီလို ထုတ်ယူနိုင်တယ်–
• ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.watchtower.org ကိုဖွင့်ပါ။
• home page ရဲ့ညာဘက်အခြမ်းမှာ ဘာသာစကားတချို့ရဲ့စာရင်းရှိတယ်။ ရနိုင်တဲ့ဘာသာစကားအားလုံးရဲ့စာရင်းအတွက် ကမ္ဘာလုံးပုံကို နှိပ်ပါ။
• သင်ရလိုတဲ့ ဘာသာစကားကို နှိပ်ပါ။ သင်ထုတ်ယူနိုင်တဲ့ ဝေစာ၊ ဘရိုရှာနဲ့ ဆောင်းပါးတွေကို ဖော်ပြထားတဲ့ စာမျက်နှာတစ်ခု ပေါ်လာမယ်။ သင်ရွေးချယ်ထားတဲ့ ဘာသာစကားနဲ့ ပေါ်လာတဲ့အတွက် ခေါင်းစဉ်တွေကို သင်မဖတ်တတ်ရင်တောင် စိတ်မပူပါနဲ့။
• ပေါ်လာတဲ့အထဲက တစ်ခုခုကိုနှိပ်ပါ။ ဖန်သားပြင်မှာ အကြောင်းအရာပေါ်လာမယ်၊ အဲဒါကို သင့်ရဲ့ပရင်တာနဲ့ချိတ်ဆက်ပြီး ထုတ်ယူနိုင်ပါတယ်။
ကျွန်ုပ်တိုရဲ့ဝက်ဘ်ဆိုက်မှာ နမူနာလောက်ပဲ ဖော်ပြထားတယ်။ နောက်ထပ်စာပေတွေကို အသင်းတော်ကတစ်ဆင့် ရယူနိုင်ပါတယ်။ စိတ်ဝင်စားလာပြီဆိုရင် စာအုပ်စာတမ်းဌာနကတစ်ဆင့် တောင်းခံခြင်းက အကောင်းဆုံးဖြစ်တယ်။