မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁၅
“ကျမ်းစာအကြောင်း လူတွေကြားဖူးပေမယ့် ကျမ်းစာအမှန်တကယ်သွန်သင်ရာကိုတော့ မသိကြဘူး။ ကျမ်းစာမှာ ဒီလိုကတိတော်တွေပါတယ်ဆိုတာ မိတ်ဆွေသိသလား။ [စာမျက်နှာ ၄ မှရုပ်ပုံများကို ပြပါ။] ဒီကတိတော်တွေထဲက ဘယ်တစ်ခုပြည့်စုံတာကို မြင်ချင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကတိတော်တွေ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းက ရှင်းပြပေးတယ်။”
နိုးလော့! မေ
“လူတချို့ ချမ်းသာကြွယ်ဝနေပေမဲ့ လူသန်းပေါင်းများစွာကတော့ ဆင်းရဲမွဲတေနေကြတယ်။ အဲဒီလိုမမျှတမှုတွေ မရှိတော့မယ့်အချိန်ရောက်လာမယ်လို့ တွေးမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆင်းရဲတဲ့သူတွေကို ဘုရားသခင်ဘယ်လိုသဘောထားတယ်ဆိုတာ ဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ [ဆာလံ ၂၂:၂၄ ကိုဖတ်ပါ။] ဆင်းရဲတဲ့သူတွေအတွက် ကျမ်းစာက ဘာမျှော်လင့်ချက်ပေးတယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”
ကင်းမျှော်စင် ဇွန် ၁
“ဒီကျမ်းချက်မှာပါတဲ့အခြေအနေမျိုးမှာ နေထိုင်ရမယ်လို့ထင်သလား။ [၂ ပေတရု ၃:၁၃ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ကမ္ဘာမြေအတွက် ဘုရားသခင်ရဲ့ရည်ရွယ်ချက်ပြည့်စုံလာတဲ့အခါ ဘဝဟာ လက်ရှိနဲ့ဘယ်လောက်ကွာခြားမယ်ဆိုတာ ဒီမဂ္ဂဇင်းကရှင်းပြပေးတယ်။”
နိုးလော့! မေ
“ဘုရားသခင်က ကျွန်တော်တို့ရဲ့လုပ်ရပ်နဲ့ နောက်ဆုံးဖြစ်အင်ကို ကြိုတင်သတ်မှတ်ထားတယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘယ်လိုအသက်ရှင်နေထိုင်မလဲဆိုတာ လူတွေကို ဘုရားသခင် ရွေးချယ်ခွင့်ပေးထားတယ်လို့ ဒီကျမ်းချက်မှာပြောတယ်။ [တရားဟောရာ ၃၀:၁၉-၂၀ ကိုဖတ်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာက ဘာပြောထားတယ်ဆိုတာ ဒီဆောင်းပါးကရှင်းပြတယ်။” စာမျက်နှာ ၁၂ ပါဆောင်းပါးကိုပြပါ။