ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံကို အသုံးပြုနည်း
စိတ်ဝင်စားသူက သင့်အသင်းတော်ရပ်ကွက်မှာမနေဘူး ဒါမှမဟုတ် နိုင်ငံခြားဘာသာစကားပြောတယ်ဆိုရင် ဒီပုံစံကို ဖြည့်သင့်တယ်။ အရင်တုန်းကတော့ စိတ်ဝင်စားမှုမပြရင်တောင် နိုင်ငံခြားဘာသာစကားပြောတဲ့သူကိုတွေ့ရင် ဒီပုံစံစာရွက်ကို အသုံးပြုခဲ့ပေမဲ့ အခုတော့ စိတ်ဝင်စားမှုပြသူကို တွေ့တဲ့အခါမှသာ သုံးမှာဖြစ်တယ်။ ခြွင်းချက်အနေနဲ့ ဆွံ့အနားမကြားသူတစ်ဦးကိုတွေ့မယ်ဆိုရင်တော့ စိတ်ဝင်စားမှုမပြရင်တောင် S-43 ပုံစံကို ဖြည့်သင့်တယ်။
ပုံစံဖြည့်ပြီးပြီဆိုရင် ဘာလုပ်သင့်သလဲ။ အသင်းတော်အတွင်းရေးမှူးကို ပေးသင့်တယ်။ အတွင်းရေးမှူးက ဘယ်အသင်းတော်ကိုပို့ရမလဲဆိုတာ သိရင် အဲဒီအသင်းတော်ရဲ့အကြီးအကဲတွေဆီ ပို့ပေးမှာဖြစ်တယ်၊ ဒါမှ စိတ်ဝင်စားသူထံလည်ပတ်ဖို့ စီစဉ်နိုင်မှာဖြစ်တယ်။ ဘယ်အသင်းတော်ကို ပို့ရမလဲဆိုတာ မသိဘူးဆိုရင် ဌာနခွဲရုံးကို ပို့မှာဖြစ်တယ်။
နိုင်ငံခြားဘာသာစကားပြောတဲ့ စိတ်ဝင်စားသူက သင့်အသင်းတော်ရပ်ကွက်မှာ နေထိုင်တယ်ဆိုရင် နိုင်ငံခြားဘာသာစကားပြောတဲ့ကြေညာသူတစ်ဦး သူနဲ့မဆက်သွယ်မချင်း သူ့စိတ်ဝင်စားမှုမပျောက်သွားအောင် သင် ဆက်လည်ပတ်နိုင်ပါတယ်။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ နိုဝင်ဘာ ၂၀၀၉၊ စာမျက်နှာ ၄ ကိုကြည့်ပါ။