ချက်ချင်း ဆက်လိုက်ပေးပါ
ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်ကို ပြုပြင်လိုက်တဲ့အတွက်ကြောင့် အင်တာနက်ကနေ ကျမ်းစာသင်အံမှု တောင်းခံမှုတွေ သိသိသာသာ တိုးများလာတယ်။ လူထုရှေ့ သက်သေခံခြင်း အစီအစဉ်သစ်ကြောင့်လည်း တောင်းဆိုမှုတွေ တိုးများလာတယ်။ တောင်းဆိုမှုတွေအတွက် ဌာနခွဲရုံးက တတ်နိုင်သမျှ ချက်ချင်း လုပ်ဆောင်တယ်။ ဥပမာ၊ jw.org ဝက်ဘ်ဆိုက်မှာ ကျမ်းစာသင်အံမှု တောင်းဆိုမှုတစ်ခု တက်လာပြီဆိုတာနဲ့ သက်ဆိုင်ရာရပ်ကွက်က အကြီးအကဲတွေကို တစ်ရက်နှစ်ရက်အတွင်း အကြောင်းကြားပေးတယ်။ ဒါပေမဲ့ ကျမ်းစာလေ့လာချင်သူတချို့ဟာ အပတ်အတော်ကြာအထိ ဆက်သွယ်မှုမရကြဘူးဆိုတဲ့ သတင်းတွေကို လယ်ကွင်းကနေ ကြားနေရတယ်။ လူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုမပျောက်ခင် သူနဲ့ အဆက်အသွယ်ရအောင် ဘယ်လိုလုပ်ရမလဲ။—မာ. ၄:၁၄၊ ၁၅။
သင်နဲ့တွေ့တဲ့ စိတ်ဝင်စားသူက သင်နဲ့သက်ဆိုင်တဲ့ ရပ်ကွက်မှာ မနေဘူးဆိုရင် ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ကို ချက်ချင်းဖြည့်ပြီး အတွင်းရေးမှူးကို အမြန်ဆုံးပေးပါ။ လာမယ့်စည်းဝေးထက် နောက်မကျပါစေနဲ့။ အတွင်းရေးမှူးက တစ်ရက်နှစ်ရက်အတွင်း သက်ဆိုင်ရာအသင်းတော်ကို ပေးသင့်တယ်။ ဒါမှမဟုတ် ဌာနခွဲကို ပို့သင့်တယ်။ အကြီးအကဲတွေက ဌာနခွဲကနေ အကြောင်းကြားစာရတဲ့အခါ ချက်ချင်း လုပ်ဆောင်သင့်တယ်။ ကြေညာသူတစ်ယောက်ယောက်က ဆက်လိုက်ပေးဖို့ တောင်းဆိုခံရရင် ဒီကိစ္စကို ဦးစားပေး လုပ်ဆောင်သင့်တယ်။ ကြေညာသူက စိတ်ဝင်စားသူကို မတွေ့ခဲ့ရင် ကိုယ်နဲ့ဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ စာတိုလေးတစ်စောင် ထားခဲ့နိုင်တယ်။