နမူနာတင်ဆက်နည်းများ
နိုဝင်ဘာလရဲ့ ပထမဆုံး စနေ (သို့) တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှု စတင်ဖို့ခုလိုပြောနိုင်တယ်
“ဘုရားပညတ်တွေကို လိုက်နာစောင့်ထိန်းဖို့ ကြိုးစားသူတွေက ပိုပျော်ရွှင်ကြမလား၊ မိတ်ဆွေဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီဆောင်းပါးမှာ စိတ်ဝင်စားစရာအချက်တစ်ချို့ကို ဖော်ပြထားတယ်။” အိမ်ရှင်ကို နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ကို ပေးပါ၊ ပြီးနောက် စာမျက်နှာ ၁၆-၁၇ မှာပါတဲ့ ခေါင်းစဉ်ငယ်တစ်ခုခုအောက်က အကြောင်းအရာကို ဖတ်ပြီး ဆွေးနွေးပါ။ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်း ဝေငှပါ၊ ပြန်သွားပြီး နောက်မေးခွန်းကို ဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် အောက်တိုဘာ ၁
“ဒီနေ့ ကမ္ဘာပေါ်မှာ စစ်၊ မုန်းတီးမှုနဲ့ တခြားစိတ်ဆင်းရဲစရာတွေ ပြည့်နေတာကိုတွေ့ရပါတယ်။ လူတော်တော်များများက ဘုရားသာ လူတွေကို တကယ်ဂရုစိုက်တယ်ဆိုရင် ဒီလိုအခက်အခဲ ပြဿနာတွေ ဘယ်ရှိပါ့မလဲလို့ ဆင်ခြင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ ဘုရားတစ်ပါး တကယ်ရှိပြီး သူက လူတွေကို ဂရုစိုက်ရဲ့လား။ ဒါနဲ့ပတ်သက်တဲ့ အမှန်တရားကို ကျမ်းဂန်မှာ ဒီလိုဖတ်ရပါတယ်။ [၁ ပေတရု ၅:၇ ဖတ်] ဒီမဂ္ဂဇင်းက ဘုရားနဲ့ပတ်သက်ပြီး လူအများလက်ခံထားတဲ့ လုံးလုံးမှားနေတဲ့ယူဆချက်တွေအကြောင်း ဆွေးနွေးထားပါတယ်။”
နိုးလော့! အောက်တိုဘာ
“မိသားစုဘဝ ပိုပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်သလဲဆိုတဲ့အကြောင်း ဒီနေ့ လိုက်ဆွေးနွေးနေတယ်။ ဒီနေ့ခေတ်၊ သားသမီး ပြုစုပျိုးထောင်ရာမှာ မိဘတွေအတွက် ဘာက အခက်အခဲဆုံးလို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိဘများစွာက ကျမ်းစာမှာ အကြံဉာဏ်ရှာယူကြတယ်။ ဥပမာ၊ ဒီကျမ်းစကားက ကလေးတွေကို ဆုံးမရာမှာ အကူအညီပေးတယ်။ [ဧဖက် ၄:၃၁ ကိုဖတ်။] နို့စို့အရွယ်ကနေ ဆယ်ကျော်သက်အရွယ်အထိ အဆင့်တိုင်းမှာ ကိုယ့်ကလေးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ ကျမ်းချက်တွေနဲ့တကွ ဒီမဂ္ဂဇင်းမှာဖော်ပြထားပါတယ်။”