နမူနာတင်ဆက်နည်းများ
နိုဝင်ဘာလရဲ့ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“ဘဝက တိုတောင်းလွန်းတယ်ဆိုတာကို မိတ်ဆွေသဘောတူမှာပါ။ တစ်နေ့ကျရင် ကျွန်တော်တို့တွေဟာ ရောဂါဘယတွေမရှိဘဲ အသက်ရှည်ရှည်နေနိုင်မယ်လို့ ထင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီမှာ ဘာရေးထားသလဲဆိုတာ သတိပြုကြည့်ပါ။” အိမ်ရှင်ကို အောက်တိုဘာ ၁ ကင်းမျှော်စင် ပေးပြီး စာမျက်နှာ ၁၆ ပါ ပထမခေါင်းစဉ်ငယ်အောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ကျမ်းချက်ကို အတူတကွသုံးသပ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပါ၊ ပြန်သွားပြီး နောက်မေးခွန်းတစ်ခုကို ဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် အောက်တိုဘာ ၁
“စီးပွားရေးလောကနဲ့ အခွင့်အာဏာရှိသူတွေကြား အကျင့်ပျက်ခြစားမှုများနေတာကို လူများစွာစိုးရိမ်နေကြတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] အကျင့်ပျက်ခြစားမှုကြောင့် မတရားခံနေရသူတွေကို ယေရှုဘယ်လိုကူညီပေးမယ်ဆိုတဲ့အကြောင်း ဒီဖော်ပြချက်ကို သတိပြုကြည့်ပါ။ [ဆာလံ ၇၂:၁၂-၁၄ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက အကျင့်ပျက်ခြစားမှု ဘယ်လိုပပျောက်မလဲဆိုတဲ့အကြောင်း ရှင်းပြထားတယ်။”
နိုးလော့! အောက်တိုဘာ
“မိဘအများစုက သားသမီးတွေကို ပညာကောင်းကောင်း တတ်စေချင်တယ်။ ဒီနေ့ခေတ်ကျောင်းက လူငယ်တွေ ဘဝပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပေးနေတယ်လို့ ထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အသိပညာနဲ့ ဉာဏ်ပညာရှိခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာပြောဆိုရာကို သတိပြုကြည့်ပါ။ [ဒေသနာ ၇:၁၂ ကိုဖတ်ပါ။] ကလေးတွေ ကျောင်းကနေ အကျိုးအပြည့်အဝရရှိစေမယ့် လက်တွေ့ကျအကြံပြုချက်ငါးခုကို ဒီမဂ္ဂဇင်းက ဖော်ပြထားတယ်။”