ကြေညာသူများရဲ့ မေးခွန်း
◼ စာပေတွေမှာပါတဲ့ဖြတ်ပိုင်းတွေ၊ အင်တာနက်ကတစ်ဆင့် တောင်းခံမှုတွေကို ဘယ်သူတွေဖြည့်သင့်သလဲ။
အဖွဲ့အစည်းထုတ်စာပေတွေမှာ နောက်ထပ်စာပေတွေကိုတောင်းခံဖို့နဲ့ ယေဟောဝါသက်သေတွေရဲ့ လည်ပတ်မှုကိုတောင်းဆိုဖို့ ဖြတ်ပိုင်းပုံစံတွေ ပါရှိတတ်ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.watchtower.org ကနေလည်း ကျမ်းစာသင်အံမှုတောင်းဆိုနိုင်အောင် ပြင်ဆင်ထားပေးပါတယ်။ ဒီပြင်ဆင်ပေးချက်တွေက အမှန်တရားသိလာဖို့ လူအများကို ထောက်ကူပေးနေပါတယ်။ ဒါပေမဲ့ ကြေညာသူတွေက ဆွေမျိုးတွေနဲ့ တခြားသူတွေ အမှန်တရားသိလာအောင် ကူညီပေးဖို့ ဒီပြင်ဆင်ပေးချက်တွေကို အသုံးပြုကြပြီး အဲဒီလိုအသုံးပြုခြင်းကြောင့် ပြဿနာတွေ ဖြစ်ပေါ်လာတယ်။
ကိုယ်တိုင်တောင်းဆိုထားတာမဟုတ်တဲ့ စာပေတွေကို ဌာနခွဲက ပေးပို့လိုက်တဲ့အခါ တချို့သူတွေက မကျေမနပ်တုံ့ပြန်ကြပြီး အဖွဲ့အစည်းက သူတို့ကို လိုက်နှောင့်ယှက်နေတယ်၊ သူတို့ရဲ့ လိပ်စာကို မှတ်သားထားတယ်လို့ ခံစားကြရတယ်။ ကြေညာသူတွေဟာ အိမ်ရှင်ကိုယ်တိုင်ဖြည့်စွက်ထားတာမဟုတ်တဲ့ တောင်းဆိုချက်တွေအရ တစ်စုံတစ်ဦးရဲ့အိမ်ကို သွားလည်ပတ်တဲ့အခါ ဒေါသထွက်လာတဲ့အိမ်ရှင်ကြောင့် အနေရခက်တဲ့အခြေအနေမျိုးနဲ့ ကြုံကြရတယ်။ ဒါကြောင့် အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်မှတစ်ဆင့်တောင်းခံတာတွေ ဒါမှမဟုတ် စာပေတွေမှာပါတဲ့ ဖြတ်ပိုင်းတွေကို စိတ်ဝင်စားသူကိုယ်တိုင် ဖြည့်စွက်သင့်ပြီး ကြေညာသူတွေက ကိုယ်စားမလုပ်ပေးသင့်ဘူး။ ကြေညာသူတစ်ယောက်က ကိုယ်စားလုပ်ပေးတဲ့တောင်းဆိုမှုမှန်း ဌာနခွဲကသိမယ်ဆိုရင် အဲဒီတောင်းဆိုမှုကို ဆက်လိုက်မှာ မဟုတ်ပါ။
ဒါဆိုရင် ဆွေမျိုးတွေနဲ့ အသိအကျွမ်းတွေကို အမှန်တရားသိလာအောင် ဘယ်လိုကူညီနိုင်မလဲ။ သင်ဆန္ဒရှိမယ်ဆိုရင် သူ့ဆီ စာအုပ်စာပေတစ်ခုခုကို လက်ဆောင်အဖြစ် ပို့ပေးနိုင်တယ်။ သူက စိတ်ဝင်စားမှုပြပြီး သက်သေခံတွေရဲ့ လည်ပတ်မှုကို ကြိုဆိုတယ်၊ ဒါပေမဲ့ အဲဒီဒေသက အကြီးအကဲနဲ့ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ သင် မသိဘူးဆိုရင် ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံကိုဖြည့်ပြီး သင့်အသင်းတော်က အတွင်းရေးမှူးကို ပေးနိုင်ပါတယ်၊ သူက အဲဒီပုံစံကိုဆန်းစစ်ပြီး ဌာနခွဲကို ဆက်ပေးပို့ပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ဝင်စားသူက အကျဉ်းကျနေသူ၊ မူးယစ်ဆေးဝါးဖြတ်တဲ့ ဆေးရုံမှာ ရောက်နေသူ ဒါမှမဟုတ် ပြည်သူ့ဆေးရုံမှာ ရှိနေသူဖြစ်မယ်ဆိုရင် သူတို့အတွက် ဌာနခွဲရုံးကို မဆက်သွယ်ပေးသင့်ဘူး။ အဲဒီဧရိယာကို လည်ပတ်တတ်တဲ့ညီအစ်ကိုတွေကို ဆက်သွယ်ဖို့ ဒါမှမဟုတ် ဌာနခွဲရုံးကို ကိုယ်တိုင်စာရေးဖို့ သူ့ကို တိုက်တွန်းပါ။