နမူနာတင်ဆက်နည်းများ
မတ်လရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှု စတင်ဖို့ ခုလိုပြောနိုင်တယ်
“တိုးတက်နေတဲ့ အခုလိုခေတ်မျိုးမှာ အဖွဲ့အစည်းအမျိုးမျိုးပေါ်ထွက်နေတာ မိတ်ဆွေသတိပြုမိပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးက အခုတည်ရှိနေတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ပတ်သက်ဆက်နွှယ်နေကြပါတယ်။ အနည်းဆုံး လူ့ဘောင်အဖွဲ့အစည်းဝင်တော့ ဖြစ်ကြတာပါပဲ။ အဖွဲ့အစည်းအများစုကတော့ လူသားအကျိုးပြုဖို့၊ အခွင့်အရေးကာကွယ်ဖို့ ဖွဲ့စည်းထားကြပါတယ်။ ဘုရားသခင်မှာကော ဘုရားဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိနိုင်မလားလို့ မိတ်ဆွေတွေးဖူးသလား။ ဒီဘုရားအဖွဲ့အစည်း ပြုလုပ်နေတဲ့ ရေရှည်တည်တံ့မယ့် ထူးခြားတဲ့လူမှုအကျိုးပြုလုပ်ငန်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်ကိုဆွေးနွေးဖို့ ကျွန်တော်ရောက်လာတာပါ။” ဖေဖော်ဝါရီ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၂၆ ကိုဖွင့်ပြီး ပထမခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို အတူတကွသုံးသပ်ပါ၊ အနည်းဆုံး ညွှန်းထားတဲ့ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။ မဂ္ဂဇင်းကို ဝေငှပါ၊ ပြန်လည်ပတ်ပြီး နောက်မေးခွန်းကို ဆွေးနွေးဖို့ အစီအစဉ်ပြုလုပ်ပါ။
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“မကြာသေးခင်နှစ်တွေမှာ အာမဂေဒုန်အကြောင်း လူတွေပြောကြတာ ကြာဖူးပါလိမ့်မယ်။ အာမဂေဒုန်ဆိုတာ ဘာကိုပြောတာလဲသိလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ‘အာမဂေဒုန်’ ဆိုတဲ့စကားလုံးက ဒီကျမ်းချက်ကနေ ထွက်ပေါ်လာခြင်းဖြစ်တယ်။ [ဗျာဒိတ် ၁၆:၁၆ ကိုဖတ်ပါ။ ပြီးနောက် မဂ္ဂဇင်းမျက်နှာဖုံးကို ပြပါ။] အာမဂေဒုန်မဖြစ်အောင် လူသားတွေ ဆီးတားနိုင်မယ်လို့ မိတ်ဆွေထင်သလား။ ဒီမေးခွန်းတွေအတွက် ကျမ်းဂန်မှာဖော်ပြထားတဲ့ အဖြေတွေ ဒီမဂ္ဂဇင်းမှာ ပါရှိတယ်။”
နိုးလော့! ဖေဖော်ဝါရီ
“ဒီနေ့ခေတ်မှာတော့ လူများစွာဟာ အင်တာနက်နဲ့ အဆက်အသွယ်လုပ်ရတာကို သဘောကျကြတယ်။ ဒီနည်းနဲ့ အဆက်အသွယ်လုပ်တဲ့အခါ အန္တရာယ်တစ်စုံတစ်ရာရှိမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အင်တာနက်သုံးတဲ့အခါ လုံခြုံမှုရှိအောင် ကျမ်းဂန်မှာပါတဲ့မူတွေက ကူညီပေးနိုင်တယ်။ [စာမျက်နှာ ၆-၉ ကိုဖွင့်ပြပြီး ဖော်ပြထားတဲ့မေးခွန်းတစ်ခု၊ ညွှန်းထားတဲ့ကျမ်းချက်တစ်ချက်ဖတ်ကာ ဆွေးနွေးပါ။] ဒီမဂ္ဂဇင်းက အင်တာနက်နဲ့ အဆက်အသွယ်လုပ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေနဲ့ အဲဒါတွေကို ဘယ်လိုရှောင်ရှားနိုင်သလဲဆိုတာကို သိစေဖို့ အကူအညီပေးပါလိမ့်မယ်။”