ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၁၃ စာ. ၃-၇
  • ဘုရားသခင်ကို ဂုဏ်တင်တဲ့ အမူအကျင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို ဂုဏ်တင်တဲ့ အမူအကျင့်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လောကရှိ လူများရှေ့တွင် ကောင်းမွန်စွာ ကျင့်ကြံလျက်နေကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ခရိုင်စည်းဝေး သတိပေးချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ကျွန်ုပ်တို့ရဲ့ ခရိုင်စည်းဝေးကြီးများ—အမှန်တရားအတွက် အစွမ်းထက်တဲ့ သက်သေခံချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဘုရားရေးရာ လန်းဆန်းမှုရမယ့်သုံးရက်တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၁၁/၁၃ စာ. ၃-၇

ဘုရားသခင်ကို ဂုဏ်တင်တဲ့ အမူအကျင့်

၁။ ယေဟောဝါသက်သေတွေ ခရိုင်စည်းဝေးကြီး တက်တဲ့အခါ လူတွေ ဘာကြောင့် အလွယ်တကူ သတိပြုမိကြတာလဲ။

၁ ခရိုင်စည်းဝေးကြီး တက်ရောက်ကြတဲ့အခါ လူတွေက ကျွန်ုပ်တို့ကို အလွယ်တကူ သတိပြုမိတတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ စည်းဝေးကြီးကျင်းပတဲ့ တချို့မြို့တွေက သတင်းမီဒီယာတွေမှာ ကျွန်ုပ်တို့အကြောင်း ဖော်ပြတတ်ကြတယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ စည်းဝေးကြီးလာတက်ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေ အများကြီးရှိနေပြီး စည်းဝေးကြီးရင်ထိုးကတ် တပ်ထားတဲ့အတွက်လည်း လူတွေ အလွယ်တကူ သတိပြုမိတတ်ကြတယ်။ အောက်ပါအချက်တွေက စည်းဝေးကြီးကျင်းပတဲ့ မြို့မှာရှိနေချိန်အတွင်း ကျွန်ုပ်တို့ရဲ့ အမူအကျင့်ကောင်းတွေနဲ့ ဘုရားသခင်ကို ဂုဏ်တင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။—၁ ပေ. ၂:၁၂။

၂။ စည်းဝေးကျင်းပတဲ့မြို့မှာ ရှိနေချိန်အတွင်း ကျွန်ုပ်တို့ရဲ့ ဣန္ဒြေရှိတဲ့ ဝတ်စားဆင်ယင်မှုက ဘုရားကို ဘယ်လိုဂုဏ်တင်နိုင်သလဲ။

၂ ဣန္ဒြေရှိတဲ့ ဝတ်စားဆင်ယင်မှု– စည်းဝေးကြီးအချိန်အတွင်း ကျွန်ုပ်တို့ရဲ့ ဣန္ဒြေရှိတဲ့ ဝတ်စားဆင်ယင်မှုတွေကို လူတွေ သတိထားမိကြတယ်။ ဒါပေမဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးစတဲ့ တခြားနေရာတွေမှာ ကျွန်ုပ်တို့ရဲ့ဝတ်စားဆင်ယင်မှုတွေကို ပိုပြီးတော့တောင် သတိထားမိနိုင်တယ်။ စည်းဝေးကြီးမှာ ဝတ်သလို တခြားအချိန်တွေမှာ ဝတ်စရာမလိုပေမဲ့ ကျွန်ုပ်တို့ရဲ့ ၀တ်စားဆင်ယင်မှုက ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ ဣန္ဒြေရှိတဲ့၊ သိက္ခာရှိတဲ့ ဝတ်စားဆင်ယင်မှုမျိုး ဖြစ်သင့်ပါတယ်။ လူတွေရဲ့အမြင်မှာ ကျွန်ုပ်တို့ရဲ့အသွင်အပြင်ဟာ မယုံကြည်သူတွေနဲ့ ကွဲပြားနေမှ ဘုရားကို ဂုဏ်တင်ရာရောက်မှာဖြစ်တယ်။ (ရော. ၁၂:၂) ဒါ့အပြင် စည်းဝေးကြီး ရင်ထိုးကတ်ကိုလည်း တပ်ထားသင့်ပါတယ်။ ဒီရင်ထိုးကတ်က စည်းဝေးကြီးအကြောင်း ကြေညာရာရောက်သလို သက်သေခံဖို့ အခွင့်အရေးလည်း ရစေတယ်။ ညီအစ်ကို၊ ညီအစ်မ အချင်းချင်းကိုလည်း အလွယ်တကူ ခွဲခြားသိမြင်စေတယ်။

၃။ ကျွန်ုပ်တို့ရဲ့ စိတ်ရှည်မှုနဲ့ ရည်မွန်မှုကို ဘယ်လိုအခြေအနေမျိုးမှာ တင်ပြနိုင်သလဲ။

၃ စိတ်ရှည်မှုနဲ့ ရည်မွန်မှု– ဒီနေ့ခေတ်မှာ လူတွေက တစ်ကိုယ်ကောင်းဆန်ပြီး ကျေးဇူးမသိတတ်ကြဘူး။ ဒါကြောင့် ကျွန်ုပ်တို့ ပြောဆိုဆက်ဆံရတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်ဝန်ထမ်းအစရှိတဲ့ လူတွေအပေါ် စိတ်ရှည်မှုနဲ့ ရည်မွန်မှုပြမယ်ဆိုရင် သူတို့ရဲ့စိတ်ကို လန်းဆန်းပျော်ရွှင်စေမှာဖြစ်တယ်။ (၂ တိ. ၃:၁-၅) စည်းဝေးကြီးမှာ ထိုင်ခုံဦးတဲ့အခါ၊ အသစ်ထုတ်ဝေတဲ့ စာပေတွေကိုရဖို့ တန်းစီတဲ့အခါ ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ရှာသင့်ပါတယ်။ (၁ ကော. ၁၀:၂၃၊ ၂၄) စည်းဝေးကြီးကို ပထမဆုံးတက်ရောက်ခဲ့တဲ့ စိတ်ဝင်စားသူတစ်ယောက်က ဒီလိုပြောပြတယ်– “အဲဒီနေ့က ဘာဟောပြောချက်တွေ ပေးသွားတယ်ဆိုတာကို မမှတ်မိပေမဲ့ သက်သေခံတွေရဲ့ အမူအကျင့်ကိုတော့ လုံးဝမေ့လို့ မရပါဘူး။”

၄။ အခြေအနေပေးရင် စည်းဝေးကြီးမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ ဘာကြောင့်စဉ်းစားသင့်တာလဲ။

၄ စေတနာ့ဝန်ထမ်းဖို့ အသင့်ရှိခြင်း– စေတနာ့ဝန်ထမ်းလိုစိတ်က ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ (ဆာ. ၁၁၀:၃) ဒါကြောင့် ကျွန်ုပ်တို့ဟာ စည်းဝေးကြီးမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ စဉ်းစားသင့်ပါတယ်။ စည်းဝေးကြီးတစ်ခုမှာ စေတနာ့ဝန်ထမ်း ညီအစ်ကို၊ ညီအစ်မ ၆၀၀ လောက်က ကြိုပြီး သန့်ရှင်းရေးလုပ်ခဲ့ကြတယ်။ အဲဒီစည်းဝေးကြီးလုပ်တဲ့နေရာမှာရှိတဲ့ ဝန်ထမ်းတစ်ယောက်က ဒီလိုမှတ်ချက်ချတယ်– “ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူး။ သူတို့အားလုံးက စေတနာ့ဝန်ထမ်းတွေဆိုတာ မယုံနိုင်စရာပဲ။” ကျွန်ုပ်တို့အားလုံးဟာ လာမယ့် ၂၀၁၄ ခရိုင်စည်းဝေးကြီးကို မျှော်လင့်တကြီး စောင့်စားနေကြပါတယ်။ အဲဒီစည်းဝေးကြီးမှာ ယေဟောဝါဘုရား ပြောတဲ့အရာတွေကို နားထောင်ပြီး သင်ယူဖို့လောက်သာမဟုတ်ဘဲ ဘုရားသခင်ကို ဂုဏ်တင်ဖို့လည်း အခွင့်အရေး ရရှိကြပါလိမ့်မယ်။

[စာမျက်နှာ ၃-၆ ပါလေးထောင့်ကွက်]

၂၀၁၄ အထူးစည်းဝေးကြီး သတိပေးချက်များ

◼ အစီအစဉ်အချိန်များ– တံခါးတွေကို နံနက် ၈:၀၀ နာရီမှာ ဖွင့်ပါလိမ့်မယ်။ အစီအစဉ်သုံးရက်စလုံးရဲ့ အဖွင့်တေးသံကို နံနက် ၉:၂၀ နာရီမှာ စတင်မှာဖြစ်တယ်။ အစီအစဉ်ကို စနစ်တကျ စတင်နိုင်ဖို့ အဖွင့်တေးသံစချိန်မှာ ကျွန်ုပ်တို့အားလုံးဟာ မိမိတို့ရဲ့ထိုင်ခုံမှာ ရှိနေသင့်ပါတယ်။ အစီအစဉ်ကို သောကြာနေ့နဲ့ စနေနေ့မှာ ညနေ ၄:၅၀ နာရီ၊ တနင်္ဂနွေနေ့မှာ ညနေ ၃:၃၅ နာရီမှာ နိဂုံးချုပ်မှာ ဖြစ်ပါတယ်။

◼ ကားရပ်မယ့်နေရာ– စည်းဝေးကြီးကျင်းပတဲ့နေရာမှာ ကားရပ်မယ့်နေရာတွေကို ကျွန်ုပ်တို့ ကြီးကြပ်ပေးမှာ ဖြစ်ပါတယ်။ တက်ရောက်လာသူတွေရဲ့ ကားတွေ ရပ်နားဖို့ နေရာတွေကို စီစဉ်ပေးထားမှာဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ ဦးရာလူစနစ်နဲ့ ရပ်နားနိုင်ပါတယ်။ ကားရပ်နားဖို့နေရာတွေက အများအားဖြင့် အကန့်အသတ်ရှိတာကြောင့် အတတ်နိုင်ဆုံး စုပေါင်းစီးသင့်ပါတယ်။

◼ ထိုင်ခုံဦးခြင်း– သင်နဲ့အတူ ကားတစ်စီးတည်း စီးလာသူတွေ ဒါမှမဟုတ် သင်နဲ့တစ်အိမ်တည်း နေတဲ့သူတွေ၊ သင်နဲ့အတူ လက်ရှိကျမ်းစာလေ့လာနေတဲ့သူတွေအတွက်ပဲ ထိုင်ခုံဦးထားနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ ထိုင်ဖို့ခုံကို ကန့်သတ်ထားတဲ့အတွက် သူတို့နဲ့အတူ မိသားစုအားလုံးထိုင်လို့တော့မရပါဘူး။ အဲဒီထိုင်ခုံတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ သူတို့ကို ကူညီပေးသူတွေပဲ ထိုင်ရမှာဖြစ်တယ်။—၁ ကော. ၁၃:၅။

◼ နေ့လယ်စာ– နေ့လယ်စာ စားချိန်မှာ အပြင်ထွက်ပြီး ဝယ်စားမယ့်အစား ကျေးဇူးပြု၍ ရိုးရှင်းတဲ့နေ့လယ်စာ ယူလာပါ။ ထိုင်ခုံအောက်မှာထားလို့ရတဲ့ ရေခဲဘူးလေးကို ယူလာနိုင်ပါတယ်။ မိသားစုသုံးရေခဲဘူးကြီးတွေနဲ့ ဖန်ထည်ပစ္စည်းတွေကိုတော့ စည်းဝေးခန်းမထဲ ယူလာခွင့်မပြုပါဘူး။

◼ အလှူငွေများ– စည်းဝေးကြီးမှာ ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေထည့်ဝင်ပြီး စည်းဝေးကြီး အစီအစဉ်တွေအတွက် ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်ပါတယ်။ စည်းဝေးကြီးမှာ ချက်လက်မှတ်နဲ့ အလှူငွေပေးလိုတယ်ဆိုရင် “ယေဟောဝါသက်သေများ၊ ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ ဝေစာအသင်း၊ ရန်ကုန်” သို့ ပေးလှူသင့်ပါတယ်။

◼ ဆေးဝါး– ဆရာဝန်ညွှန်းတဲ့ဆေး သောက်ဖို့လိုတယ်ဆိုရင် စည်းဝေးကြီးကျင်းပတဲ့နေရာမှာ အဲဒီဆေးတွေ ရနိုင်မှာမဟုတ်တဲ့အတွက် ကျေးဇူးပြု၍ ယူလာပါ။ ဆီးချိုအတွက်သုံးတဲ့ ဆေးထိုးအပ်တွေနဲ့ ဆီးချိုစစ်တဲ့အပ်တွေဟာ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့အတွက် စနစ်တကျထုပ်ပိုးပြီး အမှိုက်ပုံးထဲ စွန့်ပစ်ပါ။

◼ ဖိနပ်များ– ဖိနပ်ကြောင့်၊ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတယ်။ လှေကားတွေ၊ သံဆန်ခါတွေ၊ ဆင်ခြေလျှောလမ်းတွေ အစရှိတဲ့ နေရာတွေမှာ ဘေးကင်းစွာ သွားလာနိုင်ဖို့ သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။

◼ အစီအစဉ်ထုတ်လွှင့်မှု– အစီအစဉ်ကို အင်္ဂလိပ်လိုဘာသာပြန်ပြီး အဆောက်အအုံအတွင်း FM ရေဒီယိုလှိုင်းနဲ့ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ နားထောင်ချင်တယ်ဆိုရင် FM ရေဒီယိုလှိုင်းဖမ်းနိုင်တဲ့ ဘက်ထရီသုံးစက်တစ်ခုနဲ့ နားကြပ်ကို ယူလာပါ။

◼ ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်– စည်းဝေးကြီးကို ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်တွေ မယူလာသင့်ပါဘူး။ ဒါပေမဲ့ မိဘဘေးကထိုင်ခုံမှာ တင်ထားနိုင်တဲ့ ကလေးထိုင်ခုံကို ယူလာနိုင်ပါတယ်။

◼ အမွှေးနံ့များ– စည်းဝေးကြီးအများစုကို အလုံပိတ်ခန်းမတွေမှာ ကျင်းပပြီး လေဝင်လေထွက်ကောင်းအောင် စက်တွေအသုံးပြုထားတယ်။ ဒါကြောင့် ဓာတ်မတည့်တဲ့သူတွေ၊ ခေါင်းမူးတတ်တဲ့သူတွေကို ထောက်ထားစာနာတဲ့အနေနဲ့ အနံ့ပြင်းတဲ့ရေမွှေးတွေ၊ အော်ဒီကလုံးရေမွှေးတွေကို နည်းနည်းပဲသုံးတာ ဒါမှမဟုတ် လုံးဝမသုံးတာက မေတ္တာရှိရာကျပါတယ်။—၁ ကော. ၁၀:၂၄။

◼ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံများ– စည်းဝေးကြီးအတွင်း အလွတ်သဘော သက်သေခံတဲ့အခါ စိတ်ဝင်စားသူတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ ပုံစံကို အသုံးပြုသင့်ပါတယ်။ ဖြည့်စွက်ပြီးတဲ့ ပုံစံတွေကို စည်းဝေးကြီး စာအုပ်စာတမ်းကောင်တာမှာ ပေးနိုင်ပါတယ် ဒါမှမဟုတ် သင့်ရဲ့ အသင်းတော်ကို ပြန်ရောက်တဲ့အခါ အတွင်းရေးမှူးကို ပေးနိုင်ပါတယ်။

◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်တွေမှာ သင့်ရဲ့အမူအကျင့်ကောင်းတွေနဲ့ ယေဟောဝါရဲ့ နာမတော်ကို ဂုဏ်တင်ပါ။ ယေဟောဝါသက်သေဆိုတဲ့ အမည်နဲ့အညီ ဝတ်စားဆင်ယင်ပါ။ ဘောက်ဆူးပေးတဲ့ ထုံးစံရှိရင် ထားခဲ့ပေးပါ။

◼ ဟိုတယ်များ–

(၁) ကိုယ်နေမယ့်အခန်းကိုပဲ ကြိုတင်မှာထားပါ။ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုမနေပါနဲ့။

(၂) အရေးပေါ်ကိစ္စကလွဲလို့ သင် မှာထားတဲ့ အခန်းကို ပြန်မဖျက်ပါနဲ့။ တကယ်လို့ ပယ်ဖျက်ချင်တယ်ဆိုရင်လည်း ဟိုတယ်ကို ချက်ချင်း အကြောင်းကြားပါ။ ဒါမှသာ အခန်းလိုအပ်နေတဲ့သူတွေက အဲဒီအခန်းကို အသုံးပြုနိုင်မှာဖြစ်တယ်။—မ. ၅:၃၇။

(၃) ခရီးဆောင်အိတ်တင်တဲ့ လက်တွန်းလှည်းကို သုံးဖို့အသင့်ဖြစ်မှသာ ယူပါ။ သုံးပြီးရင် အခြားသူတွေအတွက် ချက်ချင်းပြန်ထားပေးပါ။

(၄) သင့်နိုင်ငံမှာ ဘောက်ဆူးပေးတဲ့ထုံးစံရှိရင် အိတ်သယ်ပေးတဲ့၊ အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့ ဟိုတယ်ဝန်ထမ်းတွေကို ဘောက်ဆူးပေးပါ။

(၅) သတ်မှတ်ထားတဲ့ အခန်းမှာပဲ ချက်ပြုတ်ပါ။

(၆) ဟိုတယ်မှာရှိနေတဲ့အချိန် တည်းခိုသူတွေအတွက် အခမဲ့ပေးတဲ့ နံနက်စာ၊ ကော်ဖီနဲ့ ဖျော်ရည်တွေကို လိုတာထက် ပိုမယူပါနဲ့။

(၇) ဟိုတယ်ဝန်ထမ်းတွေနဲ့ စကားပြောတဲ့အခါတိုင်း ခရစ်ယာန်အရည်အသွေးတွေကို တင်ပြပါ။ သူတို့က ဧည့်သည်အများကြီးရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးနေရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကြင်နာမှု၊ စိတ်ရှည်မှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ကျေးဇူးတင်လေးမြတ်ကြပါတယ်။

(၈) မိဘတွေအနေနဲ့ ဓာတ်လှေကား၊ ရေကူးကန်၊ ဧည့်ခန်း၊ လေ့ကျင့်ခန်းလုပ်တဲ့အခန်းစတဲ့ ဟိုတယ်ဝန်းကျင်တွေမှာ ကိုယ့်ရဲ့ကလေးတွေကို ဂရုစိုက်ပြီး ထိန်းကျောင်းသင့်ပါတယ်။

(၉) သတ်မှတ်ထားတဲ့ ဈေးနှုန်းက အခန်းခနဲ့အခွန် ပါပြီးသားဖြစ်တယ်။ ဒီထက်ပိုတောင်းတယ်ဆိုရင် မပေးပါနဲ့။ စည်းဝေးကြီးရဲ့ နေရာချထားရေးဌာနကို ချက်ချင်းအကြောင်းကြားပါ။

(၁၀) စည်းဝေးချိန်အတွင်း သင့်အခန်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာတယ်ဆိုရင် စည်းဝေးကြီးရဲ့ နေရာချထားရေးဌာနကို အကြောင်းကြားပါ။ ဒါမှ သင့်ကို သူတို့ ကူညီပေးနိုင်မှာဖြစ်တယ်။

◼ စေတနာ့ဝန်ထမ်းခြင်း– စေတနာ့ဝန်ထမ်းချင်တဲ့သူတွေအားလုံး စည်းဝေးကြီးရဲ့ စေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေလည်း မိဘ၊ အုပ်ထိန်းသူ ဒါမှမဟုတ် သူတို့ ယုံကြည်စိတ်ချတဲ့ ရင့်ကျက်သူတစ်ယောက်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာ အလုပ် လုပ်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ