ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၃ စာ. ၄-၆
  • လူအများရှေ့သက်သေခံခြင်း အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူအများရှေ့သက်သေခံခြင်း အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းလမ်းသစ်နဲ့ လူထုရှေ့သက်သေခံခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • လမ်းပေါ်သက်သေခံခြင်းက ထိရောက်မှုရှိ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၇/၁၃ စာ. ၄-၆

လူအများရှေ့​သက်သေခံခြင်း အစီအစဉ်သစ်

၁။ ပထမရာစု ခရစ်ယာန်တွေဟာ စံနမူကောင်း ဘယ်လို တင်ပြခဲ့သလဲ။

၁ ပထမရာစု ခရစ်ယာန်တွေက တစ်အိမ်တက်ဆင်းအပြင် လူအများရှေ့လည်း ဟောပြောခဲ့ကြတယ်။ (တ. ၂၀:၂၀) ​ဥပမာ၊ ​သူတို့ဟာ လူများစွာကို တွေ့ နိုင်မယ့် ​ဗိမာန်တော်ကိုသွားပြီး ဟောခဲ့ကြတယ်။ (တ. ၅:၄၂) ​တမန်တော်​ပေါလု အေသင်မြို့မှာရှိတုန်းက လူအများကြီးရှိတဲ့ဈေးမှာ နေ့တိုင်း ဟောပြောခဲ့တယ်။ (တ. ၁၇:၁၇) ​ဒီနေ့အချိန်မှာလည်း သတင်းကောင်းဟောပြောခြင်းရဲ့ အဓိကနည်းလမ်းက တစ်အိမ်တက်ဆင်း ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ကားရပ်နားတဲ့နေရာ၊ စီးပွားရေးရပ်ကွက်၊ ပန်းခြံ၊ လူသွားလူလာများတဲ့လမ်းနဲ့ လူတွေကိုတွေ့ နိုင်မယ့် တခြားနေရာတွေမှာလည်း ကျွန်ုပ်တို့ သွားဟောပြောကြတယ်။ ဖြစ်နိုင်တဲ့နေရာတိုင်း လူအများရှေ့ ​သက်သေခံခြင်းမှာပါဝင်ဖို့ ကြေညာသူတိုင်းကို အားပေးလိုပါတယ်။ ​ညီအစ်ကိုညီအစ်မများစွာကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ လူအများရှေ့​သက်သေခံခြင်း အစီအစဉ်သစ်နှစ်ခုမှာ ပါဝင်ခွင့် ရကြပါလိမ့်မယ်။

၂။ ၂၀၁၁ နိုဝင်ဘာလမှာ ဘယ်အစီအစဉ်သစ်ကို စမ်းသပ်လုပ်ဆောင်ခဲ့သလဲ။

၂ မြို့ကြီးတွေမှာ လူအများရှေ့​သက်သေခံခြင်း အထူးအစီအစဉ်– ၂၀၁၁၊ နိုဝင်ဘာလက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လူအများရှေ့ ​သက်သေခံခြင်းအစီအစဉ်သစ်ကို စမ်းသပ်လုပ်ဆောင်ခဲ့တယ်ဆိုတာ ၂၀၁၃ နှစ်ချုပ်စာအုပ်ရဲ့ ​စာမျက်နှာ ၁၆၊ ၁၇ မှာ ဖော်ပြထားပါတယ်။ လူအများ ဖြတ်သန်းသွားလာတဲ့ နေရာတစ်ဝိုက်မှာ ဘာသာ​စကားအမျိုးမျိုးနဲ့ အဖွဲ့အစည်းထုတ် ​စာပေတွေကို စားပွဲတွေ၊ လက်တွန်း​စင်တွေနဲ့ ခင်းကျင်းပြသခဲ့တယ်။ နေ့တိုင်းဖြတ်သန်းသွားလာတဲ့ ​လူတွေထဲမှာ အလွယ်တကူဝင်လို့မရတဲ့ အဆောက်အဦက​လူတွေနဲ့ အိမ်မှာသိပ်မရှိတတ်တဲ့ လူတွေလည်းပါတယ်။ ​အဲဒီစမ်းသပ်မှုမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်။ သိပ်မကြာသေးခင်က ​လတစ်လမှာပဲ မဂ္ဂဇင်းပေါင်း ၃,၇၉၇ စောင်နဲ့ ​စာအုပ်ပေါင်း ၇,၉၈၆ အုပ်ကို ဝေငှနိုင်ခဲ့တယ်။ ကျမ်းစာသင်အံမှု တောင်းဆိုသူလည်း အများကြီးရှိခဲ့တယ်။ အစီအစဉ်သစ်ရဲ့ အဓိက​ရည်ရွယ်ချက်က ကျမ်းစာသင်အံမှု စတင်နိုင်ဖို့ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူတွေဆီ လည်ပတ်နိုင်ဖို့ ​သူတို့ရဲ့လိပ်စာကို သက်ဆိုင်တဲ့အသင်းတော်တွေဆီ ချက်ချင်းပို့ပေးခဲ့တယ်။

၃။ ​ဒီအစီအစဉ်သစ်ကို ဘယ်လို တိုးချဲ့သွားမလဲ။

၃ ​ဒီအစီအစဉ်သစ် စမ်းသပ်မှု အောင်မြင်ခဲ့တဲ့အတွက် ကမ္ဘာတစ်ဝန်းက လူဦးရေများတဲ့ မြို့ကြီးတွေမှာလည်း ​အဲဒီအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်နေပါပြီ။ ဘယ်မြို့ကြီးတွေမှာ လုပ်ဆောင်ရင် သင့်တော်မလဲဆိုတာ ​ဌာနခွဲရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ အများအားဖြင့် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့မြို့၊ ရုံး/​ဌာနတွေ အများအပြားရှိတဲ့မြို့၊ လူနေတိုက်ခန်းတွေ အများကြီးရှိပြီး လူသွားလူလာထူထပ်တဲ့မြို့တွေမှာ လုပ်ဆောင်မှာဖြစ်တယ်။ ​အဲဒီအစီအစဉ်မှာ ပါဝင်ခွင့်ရမယ့် အသင်းတော်တွေကို ​ဌာနခွဲရုံးကနေ စာပို့မှာဖြစ်ပြီး ထပ်ဆင့်ညွှန်ကြားချက်တွေ ပေးပါလိမ့်မယ်။ တချို့နေရာတွေမှာ အရန်ရှေ့ဆောင်တွေလည်း ပါဝင်ခွင့်ရမှာဖြစ်ပေမဲ့ ပုံမှန်​အားဖြင့်တော့ မှန်မှန်နဲ့ အထူးရှေ့ဆောင်တွေ လုပ်ဆောင်ကြမှာဖြစ်တယ်။

၄။ မြို့ကြီးတွေမှာ လူအများရှေ့​သက်သေခံခြင်း အထူးအစီအစဉ်ကို ဘယ်လိုလုပ်ဆောင်မလဲ။

၄ ​ဒီအစီအစဉ်သစ်ကို ဘယ်လိုလုပ်ဆောင်မလဲ– မြို့ကြီးတွေမှာ လူအများရှေ့​သက်သေခံခြင်း အထူးအစီအစဉ်မှာ ​ပါဝင်တဲ့သူတွေက စားပွဲ ဒါမှမဟုတ် လက်တွန်းစင်ဆီ လူတွေလာဖို့ စောင့်ဆိုင်းမှာဖြစ်တယ်။ တစ်ယောက်ယောက် ​ချဉ်းကပ်လာတဲ့အခါ သူစိတ်ဝင်စားတဲ့ ဘယ်​စာပေကိုမဆို ယူသွားဖို့ ကမ်းလှမ်းပါမယ်။ သူသိချင်တဲ့ ဘယ်မေးခွန်းကိုမဆို ​ရှေ့ဆောင်ဖြစ်သူက ကျမ်းစာကနေ အဖြေပေးမှာဖြစ်တယ်။ စာအုပ်​စာပေကို သူယူသွားတဲ့အခါ အလှူငွေအစီအစဉ်ကို ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့​လုပ်ငန်း ငွေကြေး​ထောက်ပံ့ပုံကို သူ မေးမြန်းလာမယ်ဆိုရင် ​စာပေတွေမှာပါတဲ့ လိပ်စာအတိုင်း အလှူငွေ ပေးပို့နိုင်ကြောင်း ရှင်းပြပေးနိုင်တယ်။ ဖြစ်နိုင်တဲ့အခါတိုင်း ခုလိုမေးမှာဖြစ်တယ်– “​မိတ်ဆွေဆီ လာလည်ပတ်လို့ ရမလား” ဒါမှမဟုတ် “​ဒီ​စာပေတွေအပြင် အခမဲ့ ကျမ်းစာလေ့လာမှုအစီအစဉ်လည်း ရှိတယ်ဆိုတာ သိပါသလား။”

၅။ ​ဒီအစီအစဉ်သစ်ကနေ မောင်နှံတစ်စုံ ဘယ်လို အကျိုးကျေးဇူး ရခဲ့သလဲ။

၅ ​ဒီအစီအစဉ်သစ်မှာ ပါဝင်ခြင်းက အကျိုးများစွာ ရရှိစေပါတယ်။ မောင်နှံတစ်စုံ ​ဒီလိုရေးခဲ့တယ်– “ကျွန်တော်တို့ ​စားပွဲဘေးမှာရပ်ပြီး နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ လူပေါင်းများစွာကို မြင်ရတဲ့အခါ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူတွေဆီ သတင်းကောင်းရောက်ရှိစေခြင်းဆိုတဲ့အလုပ်ဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ စိတ်ထဲမှာ စွဲထင်သွားတယ်။ လူများစွာကို တွေ့ မြင်ရပြီး ယေဟောဝါက တစ်ဦးစီကို ဂရုစိုက်တဲ့အကြောင်း စဉ်းစားတဲ့အခါ ​ဘဝမှာ ဟောပြောခြင်း​လုပ်ငန်းကို ဆက်ဦးစားထားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် ​ပိုခိုင်မာလာတယ်။ ​ဒီစားပွဲဘေးကနေ ဖြတ်သွားသူတွေရဲ့ စိတ်​နှလုံးကို ယေဟောဝါ စစ်ဆေးနေပြီး ထိုက်တန်သူတွေကို ရှာဖွေနေတယ်လို့ ကျွန်တော်တို့ မြင်ယောင်ကြည့်တယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဖြစ်တဲ့ ကောင်းကင်တမန်တွေနဲ့ နီးနီးကပ်ကပ် ရှိနေတယ်လို့လည်း ​ခံစားရတယ်။”

၆။ (က) လူအများရှေ့ ​သက်သေခံခြင်းအတွက် အသင်းတော်များစွာမှာ နောက်ထပ်ဘယ်အစီအစဉ်သစ် ရှိမလဲ။ အထူးအစီအစဉ်နဲ့ ဘယ်လိုကွာခြားသလဲ။ (ခ) လူအများရှေ့ ​သက်သေခံခြင်းကို အသင်းတော်တွေ ဘယ်လို ပူပေါင်းလုပ်ဆောင်နိုင်မလဲ။

၆ သက်ဆိုင်ရာရပ်ကွက်မှာ လူအများရှေ့​သက်သေခံခြင်းအစီအစဉ်– မြို့ကြီးတွေမှာ လူအများရှေ့​သက်သေခံခြင်း အထူးအစီအစဉ်အပြင် အကြီးအကဲအဖွဲ့များစွာဟာ ​သက်ဆိုင်ရာရပ်ကွက်မှာ လူအများရှေ့​သက်သေခံခြင်း အစီအစဉ်သစ်နောက်တစ်ခုကို ဖွဲ့စည်းလုပ်ဆောင်နေပါတယ်။ ​အဲဒီအစီအစဉ်မှာ ကြေညာသူတွေက အသင်းတော်ရပ်ကွက်အတွင်းရှိ လူအများဖြတ်သန်းသွားလာတဲ့ နေရာတွေမှာ ​စားပွဲ ဒါမှမဟုတ် လက်တွန်းစင်တွေကိုသုံးပြီး လုပ်ဆောင်ကြမှာဖြစ်တယ်။ ​ဒီအစီအစဉ်က မြို့ကြီးတွေမှာ လူအများရှေ့​သက်သေခံခြင်း အထူးအစီအစဉ်နဲ့ မတူပါဘူး။ အထူးအစီအစဉ်ဟာ ​ဌာနခွဲရုံးကရွေးပေးတဲ့မြို့တွေရဲ့ လူများတဲ့နေရာတွေမှာ အသင်းတော်အသီးသီးက ညီအစ်ကိုညီအစ်မတွေကို အသုံးပြု လုပ်ဆောင်မှာဖြစ်တယ်။—“ကောင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ ​လိုအပ်” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

၇။ အသင်းတော်အတွက် လက်တွေ့ ကျမယ်ဆိုရင် အကြီးအကဲတွေက လူအများရှေ့​သက်သေခံခြင်းကို ဘယ်လို စီစဉ်ဖွဲ့စည်းနိုင်သလဲ။

၇ အကြီးအကဲတွေက အသင်းတော်ရပ်ကွက်မှာ လူများတဲ့ရပ်ကွက် ရှိမရှိဆိုတာ​သုံးသပ်မှာဖြစ်ပြီး လူအများရှေ့​သက်သေခံခြင်းအစီအစဉ်ကို ဖွဲ့စည်းဖို့ လက်တွေ့ ကျမကျ​ဆိုတာ ဆုံးဖြတ်မှာဖြစ်တယ်။ အသင်းတော်အတွက် လက်တွေ့ ကျမယ်ဆိုရင် စားပွဲ ဒါမှမဟုတ် လက်တွန်းစင်တွေကို ​သယ်ယူပို့ဆောင်ရေး အချက်အချာနေရာ၊ အများပြည်သူသွားလာတဲ့နေရာ၊ ပန်းခြံ၊ လူသွားများတဲ့လမ်း၊ ​ကုန်တိုက်၊ တက္ကသိုလ်နယ်မြေ၊ လေဆိပ်နဲ့ နှစ်စဉ်ပွဲကျင်းပတဲ့နေရာတွေမှာ ထားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ နေရာ၊ နေ့နဲ့ အချိန်မှာ စားပွဲကို ပုံမှန်ခင်းကျင်းထားတာက အကျိုးရှိပါတယ်။ လူတွေက စတိုးဆိုင်ကြီးတစ်ဆိုင်ကိုလာတဲ့အခါ ဝယ်မယ့်ပစ္စည်းကိုပဲ ​အာရုံစိုက်ကြပေမဲ့ ကုန်တိုက်တွေမှာတော့ ပစ္စည်းတွေကို လျှောက်ပတ်ကြည့်တတ်ကြတယ်။ ​ဒါကြောင့် ​စတိုးဆိုင်မှာထက် ကုန်တိုက်ကြီးတွေမှာ စားပွဲခင်းကျင်းပြသထားတာက ပိုအကျိုးရှိပါတယ်။ ​လူသွားလူလာများတဲ့လမ်းလိုမျိုး တချို့နေရာတွေမှာ ​လက်တွန်းစင်ငယ်လေးတွေက ​ပိုအဆင်ပြေနိုင်တယ်။ ကင်းမျှော်စင်၊ ​နိုးလော့! မဂ္ဂဇင်းတွေနဲ့ ကျမ်းစာ​သွန်သင်ရာ စာအုပ်ကို ခင်းကျင်းပြသဖို့ လိုအပ်တဲ့အရာတွေကို အကြီးအကဲတွေက ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ရယူနိုင်ပါတယ်။ ​အဲဒါတွေက ​ဒီအစီအစဉ်သစ်အတွက် အထူးရည်ရွယ်ထားတာဖြစ်တယ်။ ​ဒီအစီအစဉ်မှာ ပါဝင်သူတွေ လုပ်ဆောင်ပုံက အထူးအစီအစဉ်မှာ ပါဝင်သူတွေ လုပ်ဆောင်ပုံနဲ့ အတော်လေးတူမှာဖြစ်ပြီး ​လုပ်ငန်းတော်ကြီးကြပ်မှူးရဲ့ ​ညွှန်ကြားချက်ကို ​သူတို့ အသေးစိတ် လိုက်လျှောက်ရမှာဖြစ်တယ်။ အသင်းတော်​ရပ်ကွက်ပြင်ပမှာ နေထိုင်သူရဲ့​လိပ်စာ ရတဲ့အခါ ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကို ​ချက်ချင်းဖြည့်ပြီး အတွင်းရေးမှူးကို ချက်ချင်းပေးသင့်ပါတယ်။

၈။ သင့်အသင်းတော်မှာ လူအများရှေ့​သက်သေခံခြင်းအစီအစဉ် မရှိဘူးဆိုရင်တောင် လူအများရှေ့​သက်သေခံနိုင်မယ့် ဘယ်လိုအခွင့်အရေးတွေ ရှိနေသလဲ။

၈ ကိုယ်ပိုင်အစီအစဉ်နဲ့ လူအများရှေ့ ​သက်သေခံခြင်း– အသင်းတော်တချို့မှာ စားပွဲတွေ၊ လက်တွန်းစင်တွေထားပြီး ​သက်သေခံနိုင်လောက်တဲ့နေရာမျိုး ရှိမှာမဟုတ်ဘူး။ ​အဲဒီလိုအသင်းတော်မှာ ကြေညာသူတွေဟာ ကိုယ်ပိုင်အစီအစဉ်နဲ့ အမှုဆောင်တဲ့အခါ လူအများရှေ့​သက်သေခံခြင်းကိုလည်း ​လုပ်ဆောင်နိုင်တယ်။ သင့်ရပ်ကွက်မှာ ဈေးရုံတွေ၊ ဈေးဆိုင်တန်းတွေ၊ လူအဝင်အထွက်များတဲ့ စတိုးဆိုင်တွေ ရှိသလား။ ပန်းခြံ ဒါမှမဟုတ် လူစုဝေးတတ်တဲ့ နေရာတွေ ရှိသလား။ ​ပွဲကျင်းပတတ်တဲ့ နေရာတွေ ရှိသလား။ ​အဲဒီလိုနေရာတွေ ရှိမယ်ဆိုရင် လူအများရှေ့ ​သက်သေခံနိုင်ပါတယ်။

၉။ လူတွေကို  တွေ့ နိုင်တဲ့နေရာတိုင်းမှာဟောဖို့  ဘာကြောင့် ကြိုးစားသင့်သလဲ။

၉ “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရား​ဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” ဖို့ ​ယေဟောဝါ အလိုရှိတယ်။ (၁ တိ. ၂:၄) ဒါကြောင့် ကျွန်ုပ်တို့ဟာ အ​ဆုံးမရောက်ခင် နိုင်ငံတော်သတင်းကောင်းကို လူများနိုင်သမျှများများကိုဟောဖို့ ကြိုးစားနေကြတယ်။ (မ. ၂၄:၁၄) နေရာများစွာမှာ ​လူတွေကို ​သူတို့ရဲ့​အိမ်မှာ သိပ်မတွေ့ ရပေမဲ့ လူအများရှိတဲ့နေရာမှာ ​သူတို့ကိုတွေ့ နိုင်တဲ့အတွက် ​သက်သေခံနိုင်ကြတယ်။ ​လူအများရှေ့ ​သက်သေခံခြင်းက တချို့အတွက် သတင်းကောင်းကြားရမယ့် ​တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်တယ်။ ဒါကြောင့် လူတွေကို တွေ့ နိုင်တဲ့နေရာတိုင်းမှာ ဟောပြောခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ အမှုဆောင်ခြင်း​လုပ်ငန်းကို အကုန်အစင် ပြီးမြောက်နိုင်ကြပါစေ။—၂ တိ. ၄:၅။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ကောင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်

တချို့နိုင်ငံတွေမှာ တစ်ခါတလေ အနီးတဝိုက်အသင်းတော်တွေက ကြေညာသူတွေဟာ လူအများရှေ့​သက်သေခံပြီးသားလမ်း၊ ကားရပ်နားရာနေရာ၊ ဆိုင်ရှေ့တွေနဲ့ သယ်ယူပို့ဆောင်ရေးအချက်အချာနေရာမှာ ထပ်ပြီး​သက်သေခံမိခဲ့ကြတယ်။ အသင်းတော်အသီးသီးက ညီအစ်ကိုညီအစ်မတွေဟာ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ဆေးခန်းလိုမျိုး အများသူငါ စောင့်ဆိုင်းတတ်တဲ့နေရာတစ်ခုတည်းမှာပဲ ​မဂ္ဂဇင်းတွေကို သွားထားတတ်ကြတယ်။ စီးပွားရေး​ရပ်ကွက် တစ်ခုတည်းမှာပဲ ဟောပြောခဲ့ကြတယ်။ ​ဟောပြောတဲ့အချိန် မတူဘူးဆိုရင်တောင် ​အဲဒီလိုဟောပြောတာက ​စီးပွားရေးသမားတွေ၊ ဒေသခံတွေကို တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒါကြောင့် ​ပုံမှန်အားဖြင့် လူအများရှေ့ ​သက်သေခံတဲ့အခါ ကိုယ့်အသင်းတော်နဲ့ သက်ဆိုင်တဲ့ ရပ်ကွက်မှာပဲ အမှုဆောင်ခြင်းက အကောင်းဆုံးဖြစ်တယ်။

ကြေညာသူတွေက လူအများရှေ့​သက်သေခံခြင်း​လုပ်ငန်းကို တခြားအသင်းတော်ရပ်ကွက်မှာ လုပ်ချင်တယ်ဆိုရင် ​လုပ်ငန်းတော်ကြီးကြပ်မှူးကို ပြောသင့်တယ်။ ​အဲဒီအစီအစဉ်မစခင် ​လုပ်ငန်းတော်ကြီးကြပ်မှူးက တစ်ဖက်အသင်းတော်ရဲ့ ​လုပ်ငန်းတော်ကြီးကြပ်မှူးကို ဆက်သွယ်ပြီး ခွင့်တောင်းနိုင်တယ်။ ဘာသာ​စကားမတူတဲ့ အသင်းတော်တွေဟာ ရပ်ကွက်တစ်ခုတည်းမှာပဲဟောဖို့ ​တာဝန်ရတယ်ဆိုရင် ရပ်ကွက်မှာရှိသူတွေအတွက် မလိုအပ်ဘဲ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ​လုပ်ငန်းတော်ကြီးကြပ်မှူးတွေ အချင်းချင်း ညှိနှိုင်းလုပ်ဆောင်သင့်တယ်။ “တင့်တယ်လျောက်ပတ်စွာ၊ စည်းစနစ်တကျ” ဖြစ်ဖို့ ကောင်းစွာ ​ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်။—၁ ကော. ၁၄:၄၀။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ