နမူနာတင်ဆက်နည်းများ
အောက်တိုဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“ကျွန်တော်တို့ ဒီရပ်ကွက်မှာရှိတဲ့ အိမ်တွေဆီ ခဏလာလည်ကြတယ်။ လူအတော်များများက သူတို့ဘဝမှာ အကြေကွဲရဆုံး အဖြစ်အပျက်တစ်ခုဟာ ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားခြင်းဖြစ်တယ်လို့ ပြောကြတယ်။ မိတ်ဆွေကော အဲလိုခံစားရလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီဆောင်းပါးက မိတ်ဆွေအတွက် အားပေးမှုဖြစ်စေပါလိမ့်မယ်။” အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် ရဲ့နောက်ကျောဖုံးကို ပြပြီး ပထမဆုံးမေးခွန်းရဲ့ အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာနဲ့ အနည်းဆုံး ညွှန်းထားတဲ့ ကျမ်းချက်တစ်ချက်ကို အတူတူ သုံးသပ်ပါ။ မဂ္ဂဇင်းကို ဝေငှပြီး နောက်မေးခွန်းတစ်ခု ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် အောက်တိုဘာ ၁
“လူတချို့က ကျမ်းဂန်တွေကို စိတ်ဝင်စားကြတယ်။ တချို့ကတော့ စိတ်မဝင်စားကြဘူး။ မိတ်ဆွေကော စိတ်ဝင်စားသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းဂန်ထဲမှာ အခုလို အခိုင်အမာပြောဆိုထားတယ်။ [၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။] ကျမ်းစာက ဘုရားရဲ့တရားစကားတော် ဖြစ်တယ်ဆိုရင် ကျမ်းစာကို ဖတ်ရှုထိုက်တယ်ဆိုတာကို မိတ်ဆွေ သဘောတူမှာပါ။ ကျမ်းစာမှာ ဘာအကြောင်းတွေ ရေးထားသလဲဆိုတာနဲ့ ကျမ်းစာက ဘာကြောင့် စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာကို ဒီမဂ္ဂဇင်းထဲမှာ အကျဉ်းချုပ် ရှင်းပြထားပါတယ်။”
နိုးလော့! အောက်တိုဘာ
“မိတ်ဆွေကို တစ်ခုလောက်မေးပါရစေ။ တကယ်လို့ ကျွန်တော်တို့ဟာ မချမ်းသာဘူးဆိုရင် တင်းတိမ်ရောင့်ရဲဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျမ်းစာမှာတော့ ဒီလိုပြောပြထားပါတယ်။ [၁ တိမောသေ ၆:၈ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုအပေါ် အမှန်အတိုင်း မြင်တတ်ဖို့ ဖော်ပြထားပြီး ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ အဖိုးတန်အရာသုံးခုအကြောင်းကို ဆွေးနွေးထားပါတယ်။”