နမူနာတင်ဆက်နည်းများ
အောက်တိုဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ ဒီလိုပြောနိုင်တယ်
“ဘုရားသခင့်အစိုးရအကြောင်း မိတ်ဆွေကို လာပြောပြတာပါ။ အကြမ်းဖက်မှုနဲ့ မတရားမှုစတဲ့ ပြဿနာတွေကို ဖယ်ရှားပေးနိုင်မယ့်အစိုးရ ရှိနိုင်မလား။ မိတ်ဆွေ ဘယ်လိုထင်သလဲ။” အဖြေကိုစောင့်ပါ။ သခင်ယေရှုက နောက်လိုက်တွေကို ဘုရားအစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်လာဖို့ ဆုတောင်းခိုင်းခဲ့တဲ့အကြောင်း အိမ်ရှင်ကို ပြောပြပါ။ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ကျောဖုံးကိုပြပါ။ ပထမဆုံးမေးခွန်းအောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ ကျမ်းချက် အနည်းဆုံး တစ်ချက်ကိုဖတ်ပြီး ဆွေးနွေးပါ။ မဂ္ဂဇင်းကိုဝေငှပြီး နောက်မေးခွန်းကို ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် အောက်တိုဘာ ၁
“ဒီနေ့ ကျွန်တော်တို့ အိမ်တိုင်းကိုသွားပြီး အကြောင်းအရာတစ်ခုကို ဆွေးနွေးနေကြပါတယ်။ အရင်ဆုံး မိတ်ဆွေကို တစ်ခုလောက်မေးချင်ပါတယ်။ အိုးမဲ့အိမ်မဲ့ပြဿနာတွေ၊ ကျန်းမာရေးပြဿနာတွေကို ဘယ်နိုင်ငံတော်အစိုးရက ဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါသလဲ။ [အဖြေကိုစောင့်ပါ။] ကျမ်းဂန်ထဲမှာ ဒီလိုဖော်ပြထားပါတယ်။ [မဿဲ ၆:၁၀ ကိုဖတ်ပါ။] ဘုရားသခင့်နိုင်ငံတော် အစိုးရကသာ လူတွေကြုံတွေ့နေရတဲ့ အခက်အခဲမှန်သမျှကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီအကြောင်းကို ကင်းမျှော်စင်ရဲ့ စာမျက်နှာ ၆ မှာဖော်ပြထားပါတယ်။”
နိုးလော့! အောက်တိုဘာ
“ဒီမေးခွန်းရဲ့ အဖြေကို ပြောပြဖို့ မိတ်ဆွေဆီ လာလည်တာပါ။ [မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကို ပြပါ။] လူတစ်ယောက်က စစ်မှန်တဲ့အောင်မြင်မှုရဖို့ ချမ်းသာမှဖြစ်မယ်လို့ မိတ်ဆွေထင်သလား။ [အဖြေကိုစောင့်ပါ။] ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ် မျှတတဲ့အမြင်ရှိဖို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ [လုကာ ၁၂:၁၅ ကိုဖတ်ပါ။] ကျမ်းစာအရ စစ်မှန်တဲ့အောင်မြင်မှုကို လူတိုင်းပိုင်ဆိုင်နိုင်ပါတယ်။ အဲဒီအကြောင်းကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားပါတယ်။”