နမူနာတင်ဆက်နည်းများ
နိုင်ငံတော်သတင်း နံပါတ် ၃၈
“ကမ္ဘာတစ်ဝန်းလုံးမှာ ဒီဝေစာကို ဝေငှနေကြပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အကြောင်းအရာပါတယ်။ မိတ်ဆွေကိုလည်း တစ်စောင်ပေးချင်ပါတယ်။”
သတိပြုပါ– ရပ်ကွက်တစ်ခုလုံး အချိန်မီပြီးနိုင်ဖို့ အတိုချုပ်တင်ဆက်ပါ။ အကယ်၍ အိမ်ရှင်က တကယ်စိတ်ဝင်စားပြီး စကားဆက်ပြောချင်တယ်ဆိုရင် ဝေစာရဲ့မျက်နှာဖုံးက မေးခွန်းကိုပြပြီး သူ့ရဲ့အမြင်ကို မေးပါ။ ပြီးနောက် အတွင်းမှာဖော်ပြထားတဲ့ ကျမ်းစာအဆိုကို ဖတ်ပြပါ။ အချိန်ရတယ်ဆိုရင် ဝေစာမှာပါတဲ့ အပိုင်းတစ်ပိုင်းကို အတူဆွေးနွေးပါ။ နောက်ကျောမှာရှိတဲ့ “စဉ်းစားကြည့်ပါ” ဆိုတဲ့ မေးခွန်းကိုပြပြီး နောက်တစ်ပတ် ပြန်လည်ပတ်နိုင်ဖို့ စီစဉ်ပါ။
ကင်းမျှော်စင် နိုဝင်ဘာ ၁
“ဘုရားနဲ့ပတ်သက်ပြီး ဘယ်လိုလိမ်လည်မှုကို မိတ်ဆွေ ကြားဖူးသလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဘုရားက သူ့ကိုချစ်ပြီး ယုံကြည်စေချင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ [ဟေရှာယ ၄၁:၁၃ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းထဲမှာ ဘုရားကိုချစ်ဖို့ အခက်တွေ့စေတဲ့ လိမ်လည်မှုသုံးခုအကြောင်း ဖော်ပြပေးထားတယ်။”
နိုးလော့! နိုဝင်ဘာ
“ဒီနေ့ခေတ်မှာ ကိုယ်ကျင့်တရားစံနှုန်းတွေ ကျဆင်းလာလို့ လူအတော်များများ စိုးရိမ်နေကြတယ်။ မိတ်ဆွေကော စိုးရိမ်မိသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] လူတွေရဲ့ စိတ်သဘောထားတွေနဲ့ အမူအကျင့်တွေ ပြောင်းလဲလာမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ [၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။] ကျမ်းစာမှာပြောထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ ဒီမဂ္ဂဇင်းမှာ ဖော်ပြပေးထားတယ်။