မဂ္ဂဇင်းအဟောင်းတွေကို အကျိုးရှိရှိအသုံးပြုပါ
မဂ္ဂဇင်းအဟောင်းတွေကို ဒီအတိုင်းသိမ်းထားမယ်၊ ဒါမှမဟုတ် ပစ်လိုက်မယ်ဆိုရင် အကျိုးမရှိတဲ့အတွက် အဲဒါတွေကို ဝေငှဖို့ ကြိုးစားသင့်တယ်။ မဂ္ဂဇင်းတစ်စောင်က အမှန်တရားအပေါ် လူတစ်ယောက်ရဲ့စိတ်ဝင်စားမှုကို နှိုးဆော်ပေးနိုင်ပြီး ယေဟောဝါရဲ့နာမည်ကိုခေါ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ (ရော. ၁၀:၁၃၊ ၁၄) မဂ္ဂဇင်းအဟောင်းတွေကို အကျိုးရှိရှိအသုံးပြုနိုင်တဲ့နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။
မကြာခဏ အမှုဆောင်မထွက်တဲ့ရပ်ကွက်တွေမှာ ဟောတဲ့အခါ လူမရှိတဲ့အိမ်တွေမှာ တခြားသူတွေမမြင်သာတဲ့နေရာမှာ မဂ္ဂဇင်းတစ်စောင် ထားခဲ့နိုင်ပါတယ်။
ဘတ်စကားမှတ်တိုင်၊ ဘူတာရုံစတဲ့နေရာတွေမှာ သက်သေခံတယ်ဆိုရင် စောင့်နေတဲ့သူတွေကို တစ်ခုခုဖတ်ချင်သလားလို့မေးပါ၊ မဂ္ဂဇင်းအဟောင်းတွေကို ပြပြီး သူကြိုက်တာကို ရွေးယူစေပါ။
သင့်အသင်းတော်ရပ်ကွက်မှာရှိတဲ့ လူအိုရုံတွေ၊ ဆေးရုံဆေးခန်းတွေ၊ စတဲ့နေရာတွေကို သွားတဲ့အခါ ဧည့်ခန်းမှာ မဂ္ဂဇင်းအဟောင်းတွေ ထားခဲ့နိုင်ပါတယ်။ အဲဒီနေရာရဲ့တာဝန်ရှိသူတွေဆီမှာ အရင်ခွင့်တောင်းတာက ပိုကောင်းပါတယ်။ အဲဒီနေရာမှာ မဂ္ဂဇင်းတွေ ရှိနေပြီးသားဖြစ်တယ်ဆိုရင်တော့ နောက်ထပ်မထားခဲ့ပါနဲ့။
ပြန်လည်ပတ်မှုတွေအတွက် ပြင်ဆင်တဲ့အခါ သင်လည်ပတ်မယ့်သူ တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားရာတွေကို စဉ်းစားပါ။ သူ့မှာမိသားစုရှိသလား။ သူ ခရီးထွက်တာ ဝါသနာပါသလား။ ဥယျာဉ်ခြံစိုက်ပျိုးတာ ဝါသနာပါသလား။ သူစိတ်ဝင်စားမယ့်အကြောင်းကို မဂ္ဂဇင်းအဟောင်းတွေမှာ ရှာကြည့်ပါ။ သူစိတ်ဝင်စားမယ့်အကြောင်းကို ရှာတွေ့တယ်ဆိုရင် သင်ပြန်လည်ပတ်မှုသွားတဲ့အခါ သူ့ကိုပြပါ။
စိတ်ဝင်စားသူတစ်ယောက်ကို ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီးမှ သူ့ကို အိမ်မှာတွေ့တယ်ဆိုပါက သူမရလိုက်တဲ့မဂ္ဂဇင်းအဟောင်းတချို့ကို ပြပါ။