နမူနာတင်ဆက်နည်းများ
ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
ဝေစာရဲ့ ခေါင်းစဉ်ကို အိမ်ရှင်မြင်နိုင်အောင်ပြပြီး ခုလိုပြောပါ– “မင်္ဂလာပါ၊ အရေးကြီးသတင်းပါတဲ့ ဒီဝေစာကို ကမ္ဘာတစ်ဝန်းလုံးမှာ ကျွန်တော်တို့ ဝေငှနေကြပါတယ်။ မိတ်ဆွေကိုလည်း ပေးချင်ပါတယ်။”
လူမရှိတဲ့အိမ်မှာ ဝေစာကို ထားခဲ့မယ်ဆိုရင် အိမ်ရှင်ပဲ မြင်နိုင်တဲ့နေရာမှာ ထားပေးပါ။ မလိုအပ်ဘဲ ဝေစာကို မခေါက်ပါနဲ့။
အိမ်ရှင်က စိတ်ဝင်စားမယ်ဆိုရင် ဒါမှမဟုတ် စကားပြောချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဝေစာရဲ့ ရှေ့စာမျက်နှာမှာပါတဲ့ မေးခွန်းတွေကိုပြပြီး သူ့ရဲ့အမြင်ကို မေးနိုင်ပါတယ်။ ဝေစာကိုဖွင့်ပြီး အထဲမှာကိုးကားထားတဲ့ ဆာလံ ၁၁၉:၁၄၄၊ ၁၆၀ ကို ဖတ်ပြပါ။ ဝေစာမှာပါတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝက်ဘ်ဆိုက်အကြောင်း ရှင်းပြပါ၊ ကျေနပ်စရာကောင်းတဲ့ အဖြေတွေကို ကျမ်းစာမှာ ရှာတွေ့နိုင်ဖို့ အဲဒီဝက်ဘ်ဆိုက်က ကူညီပေးနိုင်တယ်ဆိုတာ ပြောပြပါ။ ဖြစ်နိုင်မယ်ဆိုရင် နမူနာအနေနဲ့ သမ္မာကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဗီဒီယိုကို ဖွင့်ပြနိုင်ပါတယ်။ သင်ထွက်မသွားခင် ဝေစာနောက်ကျောမှာပါတဲ့ မေးခွန်းသုံးခုကို ပြပြီး ဘယ်မေးခွန်းကို အသိချင်ဆုံးလဲလို့ မေးပါ။ အဲဒီမေးခွန်းရဲ့ ကျမ်းစာအဖြေကို jw.org/mya ဝက်ဘ်ဆိုက်မှာ ဘယ်လိုရှာရမလဲဆိုတာ ပြနိုင်ဖို့ နောက်တစ်ခေါက် ပြန်လာခဲ့မယ်လို့ ကမ်းလှမ်းပါ။ သူ့ဆီကို သင်ပြန်သွားတဲ့အခါ သမ္မာကျမ်းစာ သွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ ဆိုတဲ့အပိုင်းကို ဖွင့်ပြီး အဖြေကို ဆွေးနွေးပါ။
တကယ်လို့ ခရိုင်စည်းဝေးအတွက် ဖိတ်စာတွေ ဝေငှနေတယ်ဆိုရင် ဝေစာပေးပြီးနောက် ဒီလိုဆက်ပြောပြီး စည်းဝေးဖိတ်စာကိုပါ ပေးလိုက်ပါ–“မကြာခင် ကျင်းပမယ့် စည်းဝေးပွဲအတွက် ဖိတ်စာကိုပါ ပေးချင်ပါတယ်၊ အခမဲ့ လာတက်ဖို့ ဖိတ်ခေါ်ပါတယ်။”
ကင်းမျှော်စင် ဩဂုတ် ၁
စနေ၊ တနင်္ဂနွေနေ့တွေမှာ ကင်းမျှော်စင် ဝေငှလို့ရရင် ဒီလိုပြောနိုင်ပါတယ်– “နောက်ဆုံးထုတ် ဒီမဂ္ဂဇင်းကိုလည်း ပေးချင်ပါတယ်။ ဘုရားက သင့်ကို ဂရုစိုက်သလားဆိုတဲ့ မေးခွန်းကို ဒီကင်းမျှော်စင် စာစောင်မှာ အဖြေပေးထားပါတယ်။”
နိုးလော့! ဩဂုတ်
စနေ၊ တနင်္ဂနွေနေ့တွေမှာ နိုးလော့! ဝေငှလို့ရရင် ဒီလိုပြောနိုင်ပါတယ်– “နောက်ဆုံးထုတ် ဒီမဂ္ဂဇင်းကိုလည်း ပေးချင်ပါတယ်။ လူတွေနဲ့ ဘယ်လိုသင့်သင့်မြတ်မြတ် နေနိုင်မလဲဆိုတဲ့ မေးခွန်းကို ဒီနိုးလော့! စာစောင်မှာ အဖြေပေးထားပါတယ်။