နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင် ဧပြီ ၁
“လူတိုင်းကို ဒီဝေစာ ဝေငှနေတာပါ။ [သမ္မာကျမ်းစာကို သင်ဘယ်လိုရှုမြင်ပါသလဲဝေစာကို အိမ်ရှင်လက်ထဲပေးလိုက်ပြီး ဝေစာအရှေ့မှာပါတဲ့ မေးခွန်းတွေကို မေးပါ။ ပြီးနောက် ၂ တိမောသေ ၃:၁၆ မှာပါတဲ့ ကျမ်းစာအဖြေကိုပြပါ။ အချိန်ရမယ်ဆိုရင် ဝေစာဖတ်ဖို့ အိမ်ရှင်ကိုအားပေးပါ။] အဲဒီလိုမျိုးမေးခွန်းတွေကို ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း အဖြေပေးထားမှန်း လူအတော်များများ မသိကြဘူး။ [ကင်းမျှော်စင် အဖွင့်ဆောင်းပါးမှာပါတဲ့ မေးခွန်းတွေကို ပြပါ။] မိတ်ဆွေရဲ့ကိုယ်ပိုင်ကျမ်းစာအုပ်ကနေ ဘယ်လိုအဖြေရှာတွေ့နိုင်မလဲဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြပေးထားပါတယ်။”
နိုးလော့! ဧပြီ
“ဒီနေ့ လူအတော်များများက မိသားစုမှာ အခြေအနေတွေ ပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်။ အရင်တုန်းက မိသားစုမှာ မိဘတွေရဲ့စိတ်အလိုကျအတိုင်း နေခဲ့ရပေမဲ့ အခုချိန်မှာတော့ သားသမီးတွေရဲ့သဘောအတိုင်း လိုက်လုပ်နေရကြတယ်။ မိဘတွေက သားသမီးတွေကို ကြပ်ကြပ်မတ်မတ်ဆုံးမဖို့ လိုသလား။ [အဖြေကိုစောင့်ပါ။] ဆုံးမတာက အရေးကြီးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ [သုတ္တံ ၂၉:၁၇ ကိုဖတ်ပါ။] သားသမီးတွေကို ဆုံးမတာနဲ့ပတ်သက်ပြီး ကျမ်းစာအကြံပြုချက်တွေကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။”