ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၄၄-၄၈
‘ကြီးမြတ်တဲ့အရာတွေကို ဆက်မရှာပါနဲ့တော့’
ဗာရုတ်ဟာ ပညာတတ် နန်းတွင်းအရာရှိ ဖြစ်ပုံရတယ်။ ယေဟောဝါကို ကိုးကွယ်ပြီး ယေရမိကို သစ္စာရှိရှိ ကူညီခဲ့ပေမဲ့ တစ်ချိန်မှာတော့ ဟန်ချက်ပျက်ခဲ့တယ်။ သူဟာ နန်းတွင်းမှာ ပိုကြီးမြတ်တဲ့ နေရာ ဒါမှမဟုတ် စည်းစိမ်ဥစ္စာ ဖြစ်နိုင်တဲ့ “ကြီးမြတ်တဲ့အရာတွေကို” စရှာလာတယ်။ ရောက်လာတော့မယ့် ဂျေရုဆလင်မြို့ ပျက်စီးခြင်းကနေ လွတ်မြောက်ဖို့ သူ့ရဲ့အတွေးအခေါ်ကို ပြုပြင်ဖို့လိုတယ်။