ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါကို အမြဲဝတ်ပြုဖို့ သူတို့ကို လေ့ကျင့်ပေးပါ
ကြေညာသူလူသစ်တွေကို အစကတည်းက စိတ်ထက်ထက်သန်သန်နဲ့ အမှုဆောင်မှာ ပုံမှန်ပါဝင်ဖို့ လေ့ကျင့်ပေးထားရင် ထိရောက်တဲ့ ကြေညာသူတွေ ဖြစ်လာနိုင်တယ်။ (ပညာ. ၂၂:၆။ ဖိ. ၃:၁၆) သင်သားကို ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတချို့ကို ဖော်ပြထားပါတယ်–
သင်သားဟာ ကြေညာသူဖြစ်ဖို့ အရည်အချင်းရှိလာတာနဲ့ စပြီး လေ့ကျင့်ပေးပါ။ (km ၈/၁၅ ၁) အပတ်တိုင်း အမှုဆောင်မှာပါဝင်ဖို့ အရေးကြီးကြောင်း အလေးပေးပြောဆိုပါ။ (ဖိ. ၁:၁၀) အမှုဆောင်ရပ်ကွက်နဲ့ ပတ်သက်ပြီး အပြုသဘော စကားတွေ ပြောပါ။ (ဖိ. ၄:၈) အုပ်စုကြီးကြပ်မှူး အပါအဝင် တခြားကြေညာသူတွေနဲ့ တွဲလုပ်ဆောင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကနေ အကျိုးရယူဖို့ အားပေးပါ။—ပညာ. ၁:၅။ km ၁၀/၁၂ ၈ ပိုဒ်. ၃
သင်သား နှစ်ခြင်းခံပြီးပေမဲ့ အထူးသဖြင့် “ဘုရားသခင့်မေတ္တာတော်” စာအုပ် ဖတ်လို့မပြီးသေးဘူးဆိုရင် အမှုဆောင်လုပ်ငန်းအတွက် ဆက်အားပေးပါ၊ ဆက်လေ့ကျင့်ပေးပါ။ —km ၁၂/၁၃ ၇
အမှုဆောင်မှာ ကြေညာသူအသစ်နဲ့ တွဲတဲ့အခါ ရိုးရှင်းတဲ့ တင်ဆက်နည်းကို သုံးပါ။ သူ့ရဲ့တင်ဆက်နည်းကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါ။ ပိုထိရောက်စေမယ့် အကြံပြုချက်တွေ ပေးပါ။ —km ၅/၁၀ ၇