ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တမန်တော် ၁-၃
ခရစ်ယာန်အသင်းတော်အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်း
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်ကို ရောက်နေတဲ့ ဂျူးများစွာဟာ တခြားပြည်က လာတဲ့သူတွေ ဖြစ်တယ်။ (တ ၂:၉-၁၁) သူတို့ဟာ မောရှေပညတ်ကို လိုက်နာသူတွေဖြစ်ပေမဲ့ တစ်သက်လုံး တိုင်းတစ်ပါးမှာ နေထိုင်ခဲ့သူတွေ ဖြစ်နိုင်တယ်။ (ယေ. ၄၄:၁) ဒါကြောင့် ဂျူးတချို့ဟာ သူတို့နေထိုင်တဲ့ တိုင်းပြည်ကလူတွေနဲ့ ပုံပန်းသဏ္ဌာန်၊ ပြောပုံဆိုပုံ ပိုတူကြတယ်။ တိုင်းပြည်အသီးသီးကလာတဲ့လူ ၃,၀၀၀ နှစ်ခြင်းခံတဲ့အခါ ခရစ်ယာန်အသင်းတော်မှာ ရုတ်တရက်ပဲ နောက်ခံပေါင်းစုံကလူတွေ ပါဝင်လာတယ်။ သူတို့ဟာ နောက်ခံတွေ မတူကြပေမဲ့ “ဗိမာန်တော်မှာ စည်းစည်းလုံးလုံး စုဝေး” ခဲ့ကြတယ်။—တ ၂:၄၆။
ဒီလိုလူတွေကို စိတ်ဝင်စားကြောင်း သင် ဘယ်လိုပြနိုင်သလဲ
သင့်ရပ်ကွက်မှာရှိတဲ့ တခြားနိုင်ငံက လာတဲ့လူတွေ
သင့်အသင်းတော်မှာရှိတဲ့ တခြားနိုင်ငံကလာတဲ့ ညီအစ်ကို/မတွေ