ခရစ်ယာန်အသက်တာလမ်းစဉ်
နှစ်စဉ်ကျင်းပတဲ့ အစည်းအဝေးကြီးတွေက မေတ္တာပြဖို့ အခွင့်အရေး ရစေ
နှစ်စဉ်ကျင်းပတဲ့ အစည်းအဝေးကြီးတွေမှာ ဘာကြောင့် ပျော်ရွှင်ကြသလဲ။ ရှေးအစ္စရေးအချိန်ကလိုပဲ အခုအချိန်မှာ ကျင်းပတဲ့ အစည်းအဝေးကြီးတွေမှာ ထောင်သောင်းချီတဲ့ ယုံကြည်သူချင်းတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုခွင့်ရတယ်။ အလွန်ကောင်းမွန်တဲ့ အချိန်တန်အစာတွေ အလျှံပယ် ရရှိတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့အတူ ရှိနေခွင့်လည်း ရကြလို့ပဲ။ အဲဒါကြောင့် ခရိုင်အစည်းအဝေး သုံးရက်စလုံးကို တက်ရောက်ချင်ကြပါတယ်။
အတူတကွ စုရုံးခွင့်ရတဲ့ အချိန်မှာ ကိုယ်ရနိုင်တာကိုပဲ မစဉ်းစားဘဲ တခြားသူတွေကို မေတ္တာပြဖို့လည်း စဉ်းစားသင့်တယ်။ (ဂ ၆:၁၀။ ဟီ ၁၀:၂၄၊ ၂၅) ညီအစ်ကို၊ ညီအစ်မတွေအတွက် တံခါးဖွင့်ပြီး ကိုင်ထားပေးတာ၊ ကိုယ်လိုအပ်သလောက်ပဲ နေရာဦးထားတာက သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးတာ ဖြစ်တယ်။ (ဖိ ၂:၃၊ ၄) ခရိုင်အစည်းအဝေးတွေက မိတ်ဆွေအသစ် ဖွဲ့ဖို့ သိပ်ကောင်းတဲ့ အခွင့်အရေးပါပဲ။ အစီအစဉ် မစခင်နဲ့ ပြီးနောက်မှာ၊ နေ့လယ်စာစားချိန်မှာ ကိုယ်မသိတဲ့သူ တစ်ယောက်ယောက်နဲ့ မိတ်ဖွဲ့နိုင်တယ်။ (၂က ၆:၁၃) ဒီအချိန်အခါတွေမှာ ရတဲ့ မိတ်ဆွေတွေက ထာဝရမိတ်ဆွေတွေ ဖြစ်သွားနိုင်ပါတယ်။ စစ်မှန်တဲ့ မေတ္တာကို မြင်တဲ့သူတွေလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။—ယဟ ၁၃:၃၅။
“မေတ္တာဟာ အစဉ် တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါ မေးခွန်းတွေ ဖြေပါ။
၂၀၁၉ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးမှာ ကိုယ်စားလှယ်တွေကို ဘယ်လို မေတ္တာပြခဲ့ကြသလဲ။
ယေဟောဝါရဲ့လူတွေ အလယ်မှာ ရှိတဲ့ စည်းလုံးမှုနဲ့ မေတ္တာက ဘာကြောင့် အလွန် ထူးခြားသလဲ။
အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ခရစ်ယာန်မေတ္တာအကြောင်း ဘယ်လို ထုတ်နုတ်ဖော်ပြခဲ့ကြသလဲ။
အစည်းအဝေးကြီးတွေမှာ ကိုယ်တိုင် ဘယ်လို ပါဝင်ပြီး မေတ္တာပြနိုင်သလဲ
ဂျာမနီနဲ့ တောင်ကိုရီးယားမှာ ခရစ်ယာန်မေတ္တာ ဘယ်လို အောင်ပွဲခံခဲ့သလဲ။
ကျွန်တော်တို့ ဘယ်လို စိတ်ပိုင်းဖြတ်ထားသင့်သလဲ။