ခရစ်ယာန်အသက်တာလမ်းစဉ်
အချိန်ဆွဲခြင်းကို ရှောင်ပါ
အချိန်ဆွဲသူဟာ အခုလုပ်နိုင်တဲ့အရာ၊ လုပ်သင့်တဲ့အရာကို မလုပ်ဘဲ ရွှေ့ဆိုင်းထားတတ်တယ်။ အာဟပ်အမျိုးကို ပယ်ရှင်းရမယ့် တာဝန်ကို ယေဟောဝါ ပေးတဲ့အခါ ယေဟု အချိန်ဆွဲမနေခဲ့ဘူး။ (၂ဘု ၉:၆၊ ၇၊ ၁၆) တချို့ ဒီလို ပြောကြတယ်– “နောက်တစ်နှစ်၊ နှစ်နှစ်လောက်မှ နှစ်ခြင်းခံမယ်။” “ကျမ်းစာ နေ့တိုင်းဖတ်တဲ့ အစီအစဉ်ကို မကြာခင် စလုပ်မှာပါ။” “အလုပ်ရတာနဲ့ ရှေ့ဆောင်လုပ်မှာပါ။” ဝတ်ပြုရေးနဲ့ပတ်သက်ပြီး အချိန်မဆွဲမိအောင် ကျမ်းစာက ကူညီပေးနိုင်ပါတယ်။
အောက်ပါ ကျမ်းချက်တွေက အချိန်ဆွဲခြင်းကို ရှောင်နိုင်အောင် ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ။