ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၁
  • အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောက်ကျနေရတဲ့အထဲ ခက်တယ်လို့ ထင်ရတဲ့ အလုပ်တွေကြောင့် ထူပူနေတယ်။
  • လုပ်ချင်စိတ် မရှိဘူး။
  • တကယ် အလုပ်များနေတာ။
  • ရွှေ့ဆိုင်းခြင်း အချိန်သူခိုး
    နိုးလော့!—၁၉၉၇
  • အချိန်ဆွဲခြင်းကို ရှောင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်နိုင်မလဲ
    နိုးလော့!—၂၀၁၂
  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၁

လူငယ်များအမေး

အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ

လုပ်ရမယ့်အလုပ်တွေ၊ အိမ်စာတွေကို အမြဲတမ်း လောလော လောလောလုပ်နေရလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ အချိန်ဆွဲတဲ့ အကျင့်ကို ဖျောက်ဖို့လိုအပ်နေပြီ။ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ခံစားနေရရင်တောင် အချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖို့ ဒီဆောင်းပါးက သင့်ကို ကူညီပေးနိုင်ပါတယ်။

  • နောက်ကျနေရတဲ့အထဲ ခက်တယ်လို့ ထင်ရတဲ့ အလုပ်တွေကြောင့် ထူပူနေတယ်။

  • လုပ်ချင်စိတ် မရှိဘူး။

  • တကယ် အလုပ်များနေတာ။

ဒီဆောင်းပါးကို ဖတ်ပြီးနောက် အချိန်ဆွဲခြင်းနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းများကို ဖြေကြည့်ပါ။

အချိန်ဆွဲခြင်းရဲ့ ဆိုးကျိုးကို သမ္မာကျမ်းစာမှာ ခုလိုပြောထားတယ်– “လေကို မှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုးတိမ်တို့ကို ပမာဏပြုတတ်သောသူသည်လည်း စပါးကိုမရိတ်ရာ။”—ဒေသနာ ၁၁:၄။

အချိန်ဆွဲရတဲ့ အကြောင်းရင်းတချို့နဲ့ ဒီအကျင့်ကို ဘယ်လို ဖျောက်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ပါ။

နောက်ကျနေရတဲ့အထဲ ခက်တယ်လို့ ထင်ရတဲ့ အလုပ်တွေကြောင့် ထူပူနေတယ်။

မှန်ပါတယ်၊ တချို့အလုပ်တွေကို စဉ်းစားလိုက်ရုံနဲ့ လန့်ဖျပ်သွားတဲ့အတွက် ရွှေ့ဆိုင်းထားမိနိုင်တယ်။ ဒီအကြံပြုချက်တွေက သင့်အတွက် အသုံးဝင်နိုင်တယ်။

  • လုပ်ရမယ့် အလုပ်ကို အပိုင်းလေးတွေ ခွဲပါ။ “နောက်ကျနေရင်တောင် တစ်ကြိမ်မှာ တစ်ခုကို ပြီးပြတ်အောင် လုပ်ဖို့ ကျွန်မ ကြိုးစားတယ်” လို့ မီလီစာဆိုတဲ့ မိန်းကလေးက ပြောတယ်။

  • ချက်ချင်း စလုပ်ပါ။ “လုပ်စရာရှိတာကို ချက်ချင်းပဲ စလုပ်ပါ။ ဘယ်အချိန် လုပ်မယ်ဆိုပြီး ဇယားဆွဲတာပဲ ဖြစ်ဖြစ်၊ အချက်အလက်တွေကို မမေ့ခင်ချ ရေးထားတာပဲ ဖြစ်ဖြစ် လုပ်ပါ။”—ဗီရာ။

  • အကူအညီတောင်းပါ။ သင့်မိဘ၊ သင့်ဆရာ/ဆရာမမှာလည်း အဲဒီလိုပြဿနာမျိုး ရှိနိုင်တယ်။ သူတို့အတွေ့အကြုံကနေ အကျိုးရယူပါ။ သင်လုပ်ချင်တာတွေကို အစီအစဉ်တကျ ဖြစ်အောင်၊ အစီအစဉ် ဆွဲနိုင်အောင် သူတို့ သင့်ကို ကူညီပေးနိုင်ပါတယ်။

အကြံပြုချက်– “ဇယားဆွဲပါ။ ဇယားဆွဲလိုက်တဲ့အတွက် လုပ်စရာတွေကို စနစ်တကျ စီစဉ်ရမယ်၊ အဲဒီအတိုင်း လိုက်လုပ်ရမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက အလုပ် ဖြစ်တယ်။ လုပ်စရာရှိတာကို အချိန်မီ ပြီးစီးစေတယ်။”—အဲဘီ။

လုပ်ချင်စိတ် မရှိဘူး။

တစ်ခါတလေ သင်လုပ်ရမယ့် အလုပ်တွေထဲမှာ သင်မလုပ်ချင်ဆုံး အလုပ်တွေ ပါနေတတ်တယ်။ အဲဒီအခါ ဘာလုပ်နိုင်သလဲ။ ခုလိုစမ်းကြည့်နိုင်ပါတယ်။

  • စောစော လုပ်သင့်တဲ့ အကြောင်းရင်းကို စဉ်းစားပါ။ ဥပမာ၊ လုပ်စရာရှိတာကို စောစောပြီးသွားတဲ့အခါ ဘယ်လောက် စိတ်ပေါ့သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ “အချိန်မီပြီးလို့ ဒါမှမဟုတ် စောစောပြီးလို့ စိတ်ထဲပေါ့သွားတဲ့ အရသာကို ကျွန်မအရမ်းကြိုက်တာပဲ” လို့ အေမီဆိုတဲ့ မိန်းကလေးက ပြောတယ်။

  • ဆိုးကျိုးကို တွေးကြည့်ပါ။ အချိန်ရွှေ့လေ ပိုဖိစီးခံရလေ၊ အောင်မြင်ဖို့အကြောင်း ပိုနည်းလေပဲ။ သမ္မာကျမ်းစာက ခုလိုပြောတယ်– “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။”—ဂလာတိ ၆:၇။

  • ပြီးရမယ့်ရက်ကို စိတ်ထဲမှာ စောစောသတ်မှတ်ထားပါ။ “ပြီးရမယ့်ရက်ကို တစ်ရက်နှစ်ရက်လောက် စောစောသတ်မှတ်လိုက်တာက ကျွန်မအတွက် အများကြီး အထောက်အကူပြုတယ်။ လုပ်ပြီးတာတွေကို ပြန်စစ်ဖို့ အချိန်ရတယ်၊ အချိန်ပို တစ်ရက်နှစ်ရက်ရတယ်” လို့ အယ်လစ်ယာ ပြောတယ်။

အကြံပြုချက်– “အဓိက,ကတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ပါပဲ။ လုပ်စရာရှိတာကို လုပ်ကိုလုပ်မယ်။ ဘာအကြောင်းကြောင့်မှ အပျက်မခံဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောပါ။ ကျွန်မကိုယ်ကျွန်မ အဲဒီလိုသတိပေးတဲ့အခါ လုပ်စရာရှိတာတွေကို အချိန်မီ လုပ်ပြီးသွားတယ်။”—အလက်ဆစ်။

တကယ် အလုပ်များနေတာ။

“ကျွန်တော့်ကို အချိန်ဆွဲတဲ့သူလို့ တစ်ဖက်သတ် စွပ်စွဲကြတယ်။ ကျွန်တော် ဘယ်လောက် အလုပ်များတယ်ဆိုတာ သိလည်းမသိဘဲနဲ့” လို့ နေသန် ပြောတယ်။ သင်လည်း နေသန်လို ခံစားနေရရင် ဒီအကြံပြုချက်တွေက သင့်ကို ထောက်ကူပေးနိုင်တယ်။

  • လွယ်တဲ့ အလုပ်တွေကို အရင်လုပ်လိုက်ပါ။ “အလုပ်တစ်ခုဟာ ငါးမိနစ်ထက် ပိုမကြာဘူးဆိုရင် အဲဒါကို ချက်ချင်း လုပ်လိုက်သင့်တယ်လို့ ပြောတာ ကြားဖူးတယ်။ ဥပမာ၊ သင့်အခန်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်တာ၊ အဝတ်သိမ်းတာ၊ ပန်းကန်ဆေးတာ၊ ဖုန်းဆက်စရာရှိ ဆက်လိုက်တာ စတာတွေပေါ့” လို့ အမ်ဘာက ပြောတယ်။

  • ဦးစားထားရမယ့်အရာတွေကို သတ်မှတ်ပါ။ သမ္မာကျမ်းစာက “သာ၍ အရေးကြီးသော အရာများကို သေချာစွာသိစေ” ပါလို့ ပြောတယ်။ (ဖိလိပ္ပိ ၁:၁၀) ဒီအကြံဉာဏ်ကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်မလဲ။ “ကျွန်မ လုပ်စရာ ရှိတာတွေနဲ့ ပြီးရမယ့် သတ်မှတ်ရက်ကို ရေးမှတ်ထားတယ်။ အဲဒီအလုပ်ကို ဘယ်အချိန်မှာ စလုပ်မယ်၊ ဘယ်အချိန်မှာ ပြီးအောင်လုပ်မယ် ဆိုတာကိုလည်း မဖြစ်မနေ သတ်မှတ်ထားတယ်” လို့ အန်နာက ပြောတယ်။”

အဲဒီလိုသတ်မှတ်လိုက်တဲ့အခါ မလွတ်လပ်တော့ဘူးလို့ ခံစားရသလား။ စဉ်းစားကြည့်ပါ။ ဇယားဆွဲလိုက်တဲ့အခါ အချိန်ရဲ့ ထိန်းချုပ်မှုကို သင်မခံရတော့ဘူး၊ အဲဒီအစား သင်က အချိန်ကို ထိန်းချုပ်လိုက်ခြင်း ဖြစ်တယ်။ ဖိစီးမှုလည်း နည်းသွားမယ်။ “အစီအစဉ် ဆွဲထားတဲ့အခါ ကျွန်မ စိတ်အေးလက်အေးရှိတယ်၊ အရှိကိုအရှိအတိုင်း မြင်နိုင်တယ်” လို့ ကယ်လီ ပြောတယ်။

  • အနှောင့်အယှက်တွေကို ရှင်းလင်းထားပါ။ “ကျွန်မဘယ်အချိန်မှာ အလုပ်စမလဲဆိုတာကို အိမ်သားတွေကို အသိပေးထားတယ်။ တကယ်လို့ ခိုင်းစရာရှိရင် အဲဒီအချိန်မတိုင်ခင် ခိုင်းဖို့ ပြောထားတယ်။ အလုပ်လုပ်နေချိန်မှာ ဖုန်းရော၊ အီးမေးလ်ကိုပါ ပိတ်ထားတယ်” လို့ ဂျနီဖာ ပြောတယ်။

အကြံပြုချက်– “သင် လုပ်ရမယ့်အလုပ်က သင် မလုပ်မချင်း ပြီးမှာ မဟုတ်ဘူး။ အဲဒီတော့ မပြီးသေးတဲ့ အလုပ်အတွက် စိတ်တထင့်ထင့်နဲ့ နေနေရမယ့်အတူတူ ချက်ချင်းလုပ်လိုက်ပါ။ အလုပ်ပြီးသွားတော့ ကျန်တဲ့အချိန်မှာ စိတ်အေးလက်အေး ဖြစ်သွားလိမ့်မယ်။”—ဂျော်ဒန်။

အချိန်ဆွဲခြင်းနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းများ

မှန်သလား၊ မှားသလား

  1. ၁။ အလုပ်တစ်ခုကို ဘယ်တော့မှ အချိန်မဆွဲသင့်ဘူး။

  2. ၂။ အချိန်ဆွဲတဲ့အကျင့် အရိုးစွဲနေတဲ့သူက ပြောင်းလဲနိုင်တယ်။

  3. ၃။ ဖိအားတွေ အောက်မှာဆိုရင် အလုပ်ကို အမြဲတမ်း ပိုကောင်းကောင်း လုပ်နိုင်တယ်။

  4. ၄။ အချိန်ဆွဲတဲ့အကျင့်က မိဘတွေဆီက အမွေရတာ။

အဖြေများ

  1. ၁။ မှား။ အချိန်ခဏ စောင့်သင့်တဲ့အခါတွေ ရှိနိုင်ပါတယ်။ ဥပမာ၊ အချက်အလက် ပိုရဖို့၊ အကြံအစည်တွေ ရေးဆွဲဖို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့အတွက် အချိန်ပေးဖို့လိုတာတွေ ရှိနိုင်ပါတယ်။—ကျမ်းစာမူ– သုတ္တံ ၂၁:၅။

  2. ၂။ မှန်။ အကျင့်ဆိုးတွေကို ဖြတ်နိုင်ပါတယ်။ ဒီလို အကျင့်ဆိုးတွေကို ဖြတ်နိုင်ဖို့ ရရှိလာမယ့် အကျိုးတွေကို အာရုံစိုက်ပါ။—ကျမ်းစာမူ– ဧဖက် ၄:၂၂၊ ၂၃။

  3. ၃။ မှား။ အများအားဖြင့် ကောင်းကောင်း မလုပ်နိုင်ပါဘူး။ အချိန် အလုံအလောက်ရှိပြီး ကြိုတင်စီစဉ်မှုရှိမှသာ အလုပ်ကောင်းကောင်း ပြီးမြောက်မှာ ဖြစ်တယ်။—ကျမ်းစာမူ– သုတ္တံ ၁၅:၂၈။

  4. ၄။ မှား။ သင့်မိဘက အချိန်ဆွဲတတ်ကောင်း ဆွဲတတ်ပါလိမ့်မယ်။ ဒါပေမဲ့ “အချိန်ဆွဲတတ်တဲ့မျိုးရိုးဗီဇ” ကိုတော့ သိပ္ပံပညာရှင်တွေ ရှာမတွေ့သေးဘူး။—ကျမ်းစာမူ– ဂလာတိ ၆:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ