ခရစ်ယာန်အသက်တာလမ်းစဉ်
အောက်မေ့ရာပွဲကာလအတွက် ပန်းတိုင်တွေ ချပါ
ယေဟောဝါရဲ့ လူမျိုးဟာ အောက်မေ့ရာပွဲ အတူကျင်းပဖို့ နှစ်စဉ် စောင့်မျှော်ကြတယ်။ အောက်မေ့ရာပွဲမတိုင်ခင်/ပြီးနောက် အပတ်တွေဟာ ရွေးနုတ်ဖိုး ဆုကျေးဇူးအတွက် ယေဟောဝါဘုရားကို ကျေးဇူးတင်ချီးမွမ်းဖို့ အထူးအခွင့်အခါ ဖြစ်တယ်။ (ဧ ၁:၃၊ ၇) ဥပမာ၊ အောက်မေ့ရာပွဲ တက်ရောက်ဖို့ လူတွေကို ကြိုးကြိုးစားစား ဖိတ်ကြတယ်။ တချို့က မတ်၊ ဧပြီလမှာ နာရီ ၃၀၊ ၅၀ သုံးပြီး အရန်ရှေ့ဆောင်လုပ်ဖို့ အချိန်ဇယား ဆွဲကြတယ်။ အောက်မေ့ရာပွဲကာလအတွင်း အမှုဆောင်မှာ ပိုပါဝင်ချင်သလား။ ဘာလုပ်နိုင်သလဲ။
ကြိုတင်စီစဉ်ရင် အောင်မြင်နိုင်ပါတယ်။ (ပ ၂၁:၅) အောက်မေ့ရာပွဲကာလ ရောက်တော့မှာဖြစ်လို့ အခုကတည်းက ကြိုတင်စီစဉ်ပါ။ အမှုဆောင်ကို ဘယ်လို တိုးချဲ့ပါဝင်မယ်၊ ပန်းတိုင်ရောက်ဖို့ ဘာတွေလုပ်မယ်ဆိုတာ စဉ်းစားပါ။ ကြိုးစားမှုတွေကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—၁ယ ၅:၁၄၊ ၁၅။
အောက်မေ့ရာပွဲ ကာလအတွင်း အမှုဆောင်လုပ်ငန်းကို တိုးချဲ့နိုင်တဲ့ နည်းလမ်းတစ်ခုခု စဉ်းစားမိသလား။