ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဖေဖော်ဝါရီ စာ. ၃၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထောင်လွှားသောအုပ်စိုးရှင်တစ်ပါး အင်ပါယာဆုံးရှုံး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကမ္ဘာကြီးကို ပြောင်းလဲစေသည့် စာလုံးလေးလုံး
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဒံယေလကျမ်း—ရုံးတင်စစ်ဆေးခံရသည့်နှယ်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဖေဖော်ဝါရီ စာ. ၃၁
ဗေလရှာဇာ နာမည် ပါတဲ့ ရွှံ့စေး ထုလုံးရှည်။

ဗေလရှာဇာ နာမည် ပါတဲ့ ရွှံ့စေးထုလုံးရှည်

သင် သိပါသလား

ဗာဗုလုန်ဘုရင် ဗေလရှာဇာရဲ့ အခန်းကဏ္ဍကို ရှေးဟောင်းသုတေသန တွေ့ရှိချက်က ဘယ်လို ထောက်ခံသလဲ။

ဒံယေလကျမ်းမှာ ဖော်ပြထားတဲ့ ဘုရင် ဗေလရှာဇာဆိုတာ တကယ် မရှိဘူးလို့ ကျမ်းစာ ဝေဖန်ရေးသမားတွေ နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့ကြတယ်။ (ဒံ. ၅:၁) ဗေလရှာဇာ တကယ် အသက်ရှင်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားကို ရှေးဟောင်းသုတေသီတွေ ရှာမတွေ့ကြလို့ ဖြစ်တယ်။ ဒါပေမဲ့ ၁၈၅၄ မှာ အဲဒီအမြင် ပြောင်းသွားတယ်။ ဘာကြောင့်လဲ။

အဲဒီနှစ်မှာ ဗြိတိန် အရာရှိ ဂျေ ဂျီ တေလာက လက်ရှိ အီရတ်နိုင်ငံတောင်ပိုင်း ရှေးဥရမြို့မှာရှိတဲ့ အပျက်အယွင်းတွေကို စူးစမ်းရှာဖွေခဲ့တယ်။ အဆောက်အအုံကြီးတစ်ခုမှာ ရွှံ့စေးထုလုံးရှည် များစွာကို တွေ့ရှိခဲ့တယ်။ ထုလုံးရှည် တစ်ခုစီဟာ လေးလက်မလောက် ရှည်ပြီး ကျူနီဖောင်းစာ ရေးထွင်းထားတယ်။ ထုလုံးရှည်တစ်ခုမှာ ဗာဗုလုန် ဘုရင် နဗိုနိုက်ဒက်စ်နဲ့ သားကြီး ဗေလရှာဇာတို့ အသက်ရှည် ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းထားတာ ပါတယ်။ ဒီရှာဖွေတွေ့ရှိချက်ကြောင့် ဗေလရှာဇာ တကယ် ရှိခဲ့ပါတယ်ဆိုတာ ဝေဖန်ရေးသမားတွေတောင် လက်ခံလိုက်ရတယ်။

ဒါပေမဲ့ ဗေလရှာဇာဟာ ဘုရင်တစ်ပါး ဖြစ်တယ်ဆိုပြီးလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကိုလည်း ဝေဖန်ရေးသမားတွေ လက်မခံနိုင်ပြန်ဘူး။ ဥပမာ၊ ၁၈၇၅ ဝန်းကျင်မှာ အင်္ဂလိပ် သိပ္ပံပညာရှင် ဝီလျံ တဲလ်ဘတ်က “ဘဲလ်–ဆာရ်–ဥဆာရ် [ဗေလရှာဇာ] ဟာ ဖခင် နဗိုနိုက်ဒက်စ်နဲ့ တွဲဖက်အုပ်ချုပ်ခဲ့တယ်လို့ တချို့ ပြောကြပေမဲ့ အထောက်အထား မရှိဘူး” လို့ ရေးခဲ့တယ်။

ဗာဗုလုန်မြို့မှာ ဗေလရှာဇာရဲ့ ဖခင် ဘုရင်နဗိုနိုက်ဒက်စ် နှစ်အတော်ကြာ မရှိတဲ့အကြောင်း ဖော်ပြတဲ့ ရွှံ့စေးထုလုံးရှည်တွေကို တွေ့ချိန်မှာတော့ အဲဒီအငြင်းပွားမှု အဆုံးတိုင်သွားတယ်။ ဘုရင်နဗိုနိုက်ဒက်စ် မရှိတဲ့အချိန်မှာ ဘာဖြစ်ခဲ့သလဲ။ “နဗိုနိုက်ဒက်စ် တိုင်းတစ်ပါးမှာ ရှိနေချိန် ထီးနန်းနဲ့ စစ်တပ်ကို ဗေလရှာဇာဆီ အပ်နှင်းခဲ့တယ်” လို့ ဗြိတိန်နီကာ စွယ်စုံကျမ်းက ဖော်ပြတယ်။ အဲဒီအချိန်အတွင်း ဗေလရှာဇာဟာ ဗာဗုလုန်မှာ တွဲဖက်ဘုရင်အနေနဲ့ အုပ်ချုပ်ခဲ့တယ်။ ဒါကြောင့် “ဒံယေလကျမ်းမှာ ဗေလရှာဇာကို ‘ဘုရင်’ လို့ ခေါ်ထားတာ” သင့်တော်ကြောင်း ရှေးဟောင်းသုတေသီ၊ ဘာသာဗေဒ ပညာရှင် အယ်လန် မီလတ် ဖော်ပြတယ်။

ဘုရားသခင့် ကျေးကျွန်တွေအတွက် ဒံယေလကျမ်းဟာ ယုံကြည်စိတ်ချထိုက်ပြီး စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတဲ့ အဓိက အထောက်အထားကတော့ ကျမ်းစာကိုယ်နှိုက်ပါပဲ။—၂ တိ. ၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ