ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၁ စာ. ၅-၇
  • ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင် နားထောင်တယ်။
  • ဘုရားသခင်က သင့်ကို ဆုတောင်းစေချင်တယ်။
  • ဘုရားက သင့်ကို တကယ် ဂရုစိုက်တယ်။
  • “ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ”
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၁ စာ. ၅-၇
အမျိုးသမီးငယ်တစ်ယောက် ပြုံးနေစဉ်။

“ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာကုပ် ၄:၈

ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား

ကိုယ့်ဆုတောင်းချက်ကို ဘုရားသခင် နားထောင်ရဲ့လားလို့ စဉ်းစားဖူးသလား။ စဉ်းစားဖူးတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူများစွာက သူတို့ရဲ့ ပြဿနာအကြောင်း ပြောပြပြီး ဆုတောင်းကြတယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေက ပြေလည်မသွားဘဲ ဆက်ရှိနေတုန်းပဲ။ ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ နည်းမှန်လမ်းကျ ဆုတောင်းတယ်ဆိုရင် ဘုရားသခင် နားထောင်တယ်လို့ ကျမ်းစာမှာ အာမခံထားတယ်။ ကျမ်းစာ ဘာပြောသလဲဆိုတာ လေ့လာကြည့်ကြစို့။

ဘုရားသခင် နားထောင်တယ်။

“ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်။”—ဆာလံ ၆၅:၂။

လူတချို့က စိတ်သက်သာရာ သက်သာကြောင်း ရဖို့ ဆုတောင်းကြတယ်။ ဒါပေမဲ့ ဘုရားသခင် တကယ် နားထောင်နေတယ်လို့ မယုံကြည်ကြဘူး။ ဆုတောင်းတယ်ဆိုတာ စိတ်သက်သာရာ ရစေတဲ့ စိတ်ကုထုံးတစ်မျိုးလောက်ပဲ မဟုတ်ဘူး။ “ယေဟောဝါဟာa ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ . . . သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်” လို့ ကျမ်းစာမှာ အာမခံထားတယ်။—ဆာလံ ၁၄၅:၁၈၊ ၁၉။

ယေဟောဝါဘုရားက မိမိကို ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ “မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ ပြောတာကို နားထောင်မယ်” လို့ ဘုရားသခင် ချစ်ခင်ကြင်နာစွာ ပြောတယ်။—ယေရမိ ၂၉:၁၂။

ဘုရားသခင်က သင့်ကို ဆုတောင်းစေချင်တယ်။

သမီးငယ် အရုပ်တွေနဲ့ ကစားနေတဲ့ဘေးမှာ ဖခင်ဖြစ်သူ ထိုင်နေစဉ်။

“ဇွဲမလျှော့တမ်း ဆုတောင်းပါ။”—ရောမ ၁၂:၁၂။

“အမြဲ ဆုတောင်းနေကြပါ။” “အချိန်အခါတိုင်းမှာ . . . ဆုတောင်းနေပါ” လို့ ကျမ်းစာမှာ အားပေးထားတယ်။ ယေဟောဝါဘုရားက ကျွန်တော်တို့ကို ဆုတောင်းစေချင်တယ်ဆိုတာ ရှင်းနေပါတယ်။—မဿဲ ၂၆:၄၁။ ဧဖက် ၆:၁၈။

ဘာကြောင့် ဆုတောင်းစေချင်သလဲ။ ဒီအချက်ကို စဉ်းစားကြည့်ပါ– “ဖေဖေ၊ သမီးကို/သားကို ဒါလုပ်ပေးပါဦး” လို့ ပြောတာကို နားမထောင်ချင်တဲ့ မိဘ မရှိပါဘူး။ တကယ်တော့ အဖေက ကလေးရဲ့ လိုအပ်ချက်၊ ခံစားချက်တွေကို သိပြီးသားပဲ။ အဲဒီလိုပြောတာကို ကြားတဲ့အခါ ကလေး သူ့ကို အားကိုးတယ်၊ ချစ်တယ်လို့ အဖေဖြစ်သူ ခံစားရတယ်။ အဲဒီလိုပဲ ယေဟောဝါဘုရားကို ကျွန်တော်တို့ ဆုတောင်းတဲ့အခါ ဘုရားကို အားကိုးတယ်၊ ဘုရားနဲ့ ရင်းနှီးချင်တယ်ဆိုတာ ဖော်ပြရာရောက်တယ်။—ပညာအလိမ္မာ ၁၅:၈။ ယာကုပ် ၄:၈။

ဘုရားက သင့်ကို တကယ် ဂရုစိုက်တယ်။

အလုပ်ပြုတ်သွားတဲ့ အမျိုးသားတစ်ဦး စိတ်ပျက်လက်ပျက်နဲ့ အဆောက်အအုံတစ်ခုရဲ့ လှေကားမှာ ထိုင်နေစဉ်။ သူ့ကိုယ်ပိုင် ရုံးသုံးပစ္စည်းတွေ ထည့်ထားတဲ့ ကတ္ထူပုံးတစ်ခု ဘေးမှာရှိနေ။

“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။

ဘုရားက ကျွန်တော်တို့ကို ဆုတောင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို ချစ်လို့၊ ဂရုစိုက်လို့ပဲ။ ကျွန်တော်တို့ရဲ့ ပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေကို အကုန် သိတယ်။ ကျွန်တော်တို့ကို ကူညီပေးချင်တယ်။

ဘုရင် ဒါဝိဒ်ဟာ ဘဝတစ်လျှောက်လုံးမှာ အကူအညီ ရဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းခဲ့တယ်။ သူ့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို ပြောပြခဲ့တယ်။ (ဆာလံ ၂၃:၁-၆) ဒါဝိဒ်နဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လို ခံစားခဲ့ရသလဲ။ ဒါဝိဒ်ကို ချစ်တယ်၊ သူ့ရဲ့ ဆုတောင်းချက်များစွာကို နားထောင်ခဲ့တယ်။ (တမန်တော် ၁၃:၂၂) အဲဒီလိုပဲ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို ဂရုစိုက်လို့ပါ။

“ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ”

အဲဒီစကားတွေက ဆာလံကျမ်းရေးသူ တစ်ယောက်ရဲ့ စကားတွေပါ။ သူ့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်တယ်ဆိုတာ ယုံကြည်စိတ်ချခဲ့တယ်။ အဲဒါက သူ့အတွက် အများကြီး အကူအညီ ဖြစ်ခဲ့တယ်။ ဘုရားနဲ့ ပိုရင်းနှီးလာတယ်။ အခက်အခဲတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖြေရှင်းဖို့ ခွန်အားတွေ ရှိလာတယ်။—ဆာလံ ၁၁၆:၁-၉။

ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရား နားထောင်တယ်လို့ ယုံကြည်စိတ်ချရင် ဆက်ပြီး ဆုတောင်းမှာပဲ။ စပိန်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ ပေသရိုရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ့ရဲ့ ၁၉ နှစ်အရွယ် သားက ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတယ်။ ဝမ်းနည်းပူဆွေးနေချိန်မှာ နှစ်သိမ့်မှုနဲ့ အားပေးမှု ရဖို့ ဘုရားဆီ အထပ်ထပ် ရင်ဖွင့် ဆုတောင်းခဲ့တယ်။ ဘာအကျိုး ရခဲ့သလဲ။ “ခရစ်ယာန်ချင်းတွေက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးကို နှစ်သိမ့်ပေး၊ ထောက်မပေးခဲ့တယ်။ အဲဒီနည်းနဲ့ ကျွန်တော့်ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးခဲ့တယ်” လို့ ပေသရို ပြောပြတယ်။

ဝမ်းနည်းပူဆွေးနေတဲ့ အမျိုးသားတစ်ယောက် ဓာတ်ပုံကိုင်ထား၊ မိတ်ဆွေတွေ နှစ်သိမ့်ပေးနေကြစဉ်။

မိတ်ဆွေတွေရဲ့ နှစ်သိမ့်မှု၊ အားပေးမှုကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ အဖြေပေးခံရလေ့ရှိ

ဆုတောင်းလိုက်လို့ သေသွားတဲ့ သားက အသက်ပြန်မရှင်လာပေမဲ့ ဆုတောင်းချက်တွေက ပေသရိုနဲ့ သူ့မိသားစုအတွက် အများကြီး အကူအညီ ဖြစ်ခဲ့တယ်။ ပေသရိုရဲ့ ဇနီး မာရီယာ ကာမန် ဒီလို ပြောပြတယ်– “ဆုတောင်းချက်တွေက ဝမ်းနည်းပူဆွေးမှုကို ခံရပ်ဖို့ ကူညီပေးခဲ့တယ်။ ယေဟောဝါဘုရားက ကျွန်မရဲ့ ခံစားချက်တွေကို နားလည်တယ်ဆိုတာ ကျွန်မ သိတယ်။ ဘာကြောင့်လဲဆိုတော့ ဆုတောင်းလိုက်တဲ့အခါ စိတ်ငြိမ်သက်မှု ခံစားရလို့ပဲ။”

ကျမ်းစာနဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေက ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်တယ်ဆိုတာ အထင်အရှား ဖော်ပြတယ်။ ဒါပေမဲ့ ဆုတောင်းချက် အားလုံးကိုတော့ ဘုရားသခင် အဖြေမပေးဘူး။ ဘုရားသခင်က ဆုတောင်းချက်တချို့ကိုတော့ အဖြေပေးပြီး တချို့ကိုတော့ ဘာဖြစ်လို့ အဖြေမပေးတာလဲ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ပါ။—ဆာလံ ၈၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ