ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ မေ စာ. ၃၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပပိုင်းရပ် ကျူလှေတွေကို ဘယ်လို တည်ဆောက်ကြသလဲ
  • လှေဆောက်သူတွေ ပပိုင်းရပ် ကျူပင်ကို ဘာကြောင့် အသုံးပြုကြသလဲ
  • သမ္မာကျမ်းစာ—ယနေ့ထိတိုင် ကျန်ရှိနေသော ထူးခြားသည့်မှတ်တမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • နက်ရှ်ကျူစာ၏တန်ဖိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အီဂျစ်အမှိုက်ပုံမှ ရတနာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ မေ စာ. ၃၁

သင် သိပါသလား

ကျမ်းစာခေတ်တုန်းက လှေတည်ဆောက်ရာမှာ ပပိုင်းရပ် ကျူပင်တွေ သုံးခဲ့သလား

ပပိုင်းရပ်ပင်

ရှေးခေတ် အီဂျစ်မှာ စာရေးဖို့ ပပိုင်းရပ် ကျူပင်နဲ့ လုပ်တဲ့ စက္ကူကို အဓိက သုံးခဲ့ကြတယ်။ ဂရိနဲ့ ရောမတွေလည်း ပပိုင်းရပ်ကျူကိုa စာရေးရာမှာ သုံးခဲ့တယ်။ စာရေးဖို့အတွက် သာမက လှေတည်ဆောက်ရာမှာလည်း ပပိုင်းရပ် ကျူပင်ကို သုံးတယ်ဆိုတာတော့ လူတွေ သိပ်မသိကြဘူး။

အီဂျစ် ဂူသင်္ချိုင်းထဲမှာ တွေ့ရတဲ့ ပပိုင်းရပ်ကျူလှေ နှစ်စင်းပုံ

“အီသီယိုးပီးယား မြစ်ဝှမ်းဒေသ” မှာ နေပြီး “သံတမန်တွေကို ပပိုင်းရပ် ကျူလှေတွေနဲ့ လွှတ်လိုက်” တဲ့ လူမျိုးအကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက ပရောဖက် ဟေရှာယ ရေးခဲ့တယ်။ မီးဒီးယား-ပါးရှားတွေဟာ ဗာဗုလုန်မြို့ကို ဝင်ရောက်သိမ်းပိုက်တဲ့အခါ ဗာဗုလုန်တွေ ထွက်မပြေးနိုင်ဖို့ “ပပိုင်းရပ် ကျူလှေတွေ” ကို မီးရှို့လိမ့်မယ်လို့ ပရောဖက် ယေရမိလည်း ကြိုပြောခဲ့တယ်။—ဟေရှာ. ၁၈:၁၊ ၂။ ယေ. ၅၁:၃၂။

ကျမ်းစာဟာ ဘုရား စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတာ ဖြစ်လို့ ကျမ်းစာခေတ် လှေတည်ဆောက်ရာမှာ ပပိုင်းရပ် ကျူပင်တွေ သုံးခဲ့တဲ့ ရှေးဟောင်းသုတေသန မှတ်တမ်းတွေ တွေ့တဲ့အခါ ကျမ်းစာလေ့လာသူတွေ မအံ့ဩကြဘူး။ (၂ တိ. ၃:၁၆) ဘာတွေ ရှာဖွေ တွေ့ရှိထားသလဲ။ အီဂျစ်ပြည်မှာ ပပိုင်းရပ် ကျူလှေ တည်ဆောက်တာနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေ ရှာဖွေတွေ့ရှိထားကြတယ်။

ပပိုင်းရပ် ကျူလှေတွေကို ဘယ်လို တည်ဆောက်ကြသလဲ

အီဂျစ် ဂူသင်္ချိုင်းတွေထဲက နံရံဆေးရေး ပန်းချီတွေမှာ ပပိုင်းရပ် ကျူပင်တွေကို ရိတ်သိမ်းတာ၊ လှေတည်ဆောက်တာတွေအကြောင်း ဖော်ပြထားတယ်။ ယောက်ျားတွေက ပပိုင်းရပ် ကျူပင်တွေကို ခုတ်ပြီး စည်းကြတယ်။ အဲဒီ အစည်းတွေကို အတူတွဲတယ်။ ပင်စည်တွေဟာ သုံးမြှောင့်ပုံ ဖြစ်လို့ တင်းတင်းစည်းလိုက်တဲ့အခါ အစည်းက ကျစ်ပြီး ခိုင်မာသွားတယ်။ စာအုပ်တစ်အုပ် (A Companion to Ancient Egypt) အဆိုအရ ပပိုင်းရပ် ကျူလှေတွေဟာ ၅၅ ပေ အထိ ရှည်နိုင်တယ်။ တစ်ဖက်တစ်ချက်စီမှာ လှော်တက် ၁၀ ခု ကနေ ၁၂ ခု အထိ ဆန့်နိုင်တယ်။

ပပိုင်းရပ် ကျူလှေ တည်ဆောက်ပုံကို အီဂျစ် နံရံဆေးရေးပန်းချီမှာ ဖော်ပြထား

လှေဆောက်သူတွေ ပပိုင်းရပ် ကျူပင်ကို ဘာကြောင့် အသုံးပြုကြသလဲ

ပပိုင်းရပ် ကျူပင်တွေဟာ နိုင်းမြစ်ဝှမ်းဒေသမှာ ပေါများစွာ ပေါက်ရောက်တယ်။ အဲဒီအပြင် ပပိုင်းရပ် ကျူလှေတွေဟာ တည်ဆောက်ရ လွယ်ကူတယ်။ သင်္ဘောကြီးတွေ ဆောက်ရာမှာ သစ်သားကို အဓိက အသုံးပြုလာတဲ့ အချိန်မှာတောင် တံငါသည်တွေ၊ မုဆိုးတွေဟာ ပပိုင်းရပ် ကျူလှေတွေကို ဆက်သုံးနေကြတုန်းပဲ။

ရှေးခေတ် ပပိုင်းရပ် ကျူလှေတွေကို နှစ်ပေါင်း များစွာ သုံးခဲ့ကြတယ်။ အေဒီ ပထမနဲ့ ဒုတိယရာစုအတွင်း အသက်ရှင်ခဲ့တဲ့ ဂရိစာရေးဆရာ ပလူတပ်ချ်က ပပိုင်းရပ် ကျူလှေတွေကို သူ့ခေတ်က လူတချို့ သုံးနေဆဲပဲလို့ ပြောတယ်။

a ပပိုင်းရပ် ကျူပင်ဟာ စိမ့်မြေတွေ၊ ရေစီးမသန်တဲ့ ချောင်းတွေမှာ ရှင်သန်ကြီးထွားလေ့ ရှိတယ်။ အမြင့် ၁၆ ပေ၊ ခြေရင်းမှာ လုံးပတ် ၆ လက်မ အထိ ရှိနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ