ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၃ အမှတ် ၁ စာ. ၁၀-၁၁
  • ၃ | ကျမ်းစာ စံနမူနာရှင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ | ကျမ်းစာ စံနမူနာရှင်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကို ဆိုလိုသလဲ
  • ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ
  • စိတ်ဝေဒနာကို ခါးစည်းခံခြင်း
    နိုးလော့!—၂၀၀၄
  • အခြားသူများ အကူအညီပေးနိုင်ပုံ
    နိုးလော့!—၂၀၀၄
  • ဝေဒနာသည်များအတွက် မျှော်လင့်ချက်
    နိုးလော့!—၂၀၀၄
  • ၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
ကလ၂၃ အမှတ် ၁ စာ. ၁၀-၁၁
ပရောဖက် မောရှေ စိတ်ဖိစီးနေ။ ကောင်းကင်ကို မော့ကြည့်ပြီး ဘုရားဆီ ဆုတောင်းနေ။

၃ | ကျမ်းစာ စံနမူနာရှင်များ

ကျမ်းစာမှာ “ကျွန်တော်တို့လိုပဲ ခံစားချက် ရှိ” တဲ့ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ဖော်ပြထားတယ်။ —ယာကုပ် ၅:၁၇။

ဘာကို ဆိုလိုသလဲ

လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြောင်း ကျမ်းစာမှာ ပါတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဖြစ်ရပ်မှန် မှတ်တမ်းတွေကနေ သိနိုင်တယ်။ သူတို့အကြောင်း ဖတ်တဲ့အခါ ကိုယ့်လို တွေးခေါ်ခံစားသူတွေ ရှိပါလားဆိုတာ သိလာမယ်။

ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ

ကျွန်တော်တို့အားလုံး ကိုယ့်ကို တခြားသူတွေ နားလည်ပေးတာ လိုချင်ကြတယ်။ အထူးသဖြင့်၊ စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရတဲ့အခါ ဖြစ်တယ်။ ကျမ်းစာဇာတ်ကောင်တွေရဲ့ ဖြစ်ရပ်မှန် တွေ့ကြုံမှုတွေ ဖတ်တဲ့အခါ ကိုယ့်လိုလူတွေ ရှိပါလားဆိုတာ သိလာတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိက စိုးရိမ်ပူပန်မှုတွေ၊ ထိတ်လန့်စရာ ခံစားချက်တွေကို တိုက်ထုတ်ဖို့ အားတက်လာစေတယ်။

  • ကူကယ်ရာ မဲ့နေတယ်လို့ ခံစားရသူတွေ၊ ကြံရာမရ ဖြစ်နေသူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ငါတော့ မရတော့ဘူး’ လို့ သင် ခံစားဖူးသလား။ မောရှေ၊ ဧလိယ၊ ဒါဝိဒ်တို့လည်း အဲဒီလိုပဲ ခံစားခဲ့ဖူးတယ်။—တောလည်ရာ ၁၁:၁၄။ ၁ ဘုရင်များ ၁၉:၄။ ဆာလံ ၅၅:၄။

  • မြုံနေရတဲ့အထဲ ပြိုင်ဘက်ဇနီး မခံချိမခံသာ ဖြစ်အောင် ပြောလွန်းလို့ “စိတ်ဆင်းရဲ” နေရတဲ့ ဟန္နလို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ —၁ ရှမွေလ ၁:၆၊ ၁၀။

  • ယောဘလို့ ခေါ်တဲ့ အမျိုးသား တစ်ယောက်အကြောင်းလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ယောဘဟာ ယုံကြည်ခြင်း ခိုင်မာသူ ဖြစ်ပေမဲ့ စိတ်ဓာတ်ကျလွန်းလို့ “အသက်ရှင်ရတာကို ရွံမုန်းလှပြီ။ ဆက်အသက် မရှင်ချင်တော့ဘူး” လို့ ပြောဖူးတယ်။—ယောဘ ၇:၁၆။

အပျက်သဘော အတွေးတွေကို ဒီကျမ်းစာ ဇာတ်ကောင်တွေ ဘယ်လို အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့တယ်ဆိုတာ လေ့လာတဲ့အခါ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်တဲ့ ခွန်အား ရရှိလာမယ်။

ကယ်ဗင်ကို ကျမ်းစာ ဘယ်လို ကူညီပေးသလဲ

စိတ်အတက်အကျမြန် ဝေဒနာက ကျွန်တော့်ကို ထိခိုက်စေ

မိတ်ဆွေ နှစ်ယောက်နဲ့အတူ ကယ်ဗင် ကော်ဖီ သောက်နေ။

“အသက် ၅၀ လောက်မှာ စိတ်အတက်အကျမြန် ဝေဒနာ ရှိမှန်း ကျွန်တော် သိလိုက်ရတယ်။ တစ်ခါတလေ တုံးတိုက်တိုက် ကျားကိုက်ကိုက် လောကဓံကို ရင်ဆိုင်ပစ်လိုက်မယ်ပေါ့။ တစ်ခါတလေကျပြန်တော့ အသက်ရှင်ရကျိုး မနပ်လိုက်တာလို့ ခံစားရပြန်ရော။”

ကျမ်းစာက ကျွန်တော့်ကို ကူညီပေး

“ကျမ်းစာမှာ ပါတဲ့ တမန်တော် ပေတရုရဲ့ အဖြစ်က ကျွန်တော်နဲ့ တော်တော်လေး ဆင်တူတယ်။ အမှား အများကြီး လုပ်မိလို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ ပေတရု ခံစားရတယ်။ ဒါပေမဲ့ အဲဒီလိုချည်းပဲ တနုံ့နုံ့ တွေးမနေဘူး။ သူ့ကို ဂရုစိုက်ပေးတဲ့သူတွေနဲ့ ပေါင်းတယ်။ စိတ်အတက်အကျမြန် ဝေဒနာကြောင့် စိတ်မကြည်တဲ့ နေ့တွေမှာ အမှားတွေကို ပြန်စဉ်းစားမိပြီး တန်ဖိုး မရှိဘူးလို့ ကျွန်တော် ခံစားရတယ်။ ဒါပေမဲ့ ပေတရုလိုပဲ ကျွန်တော် ရှေ့ဆက်နိုင်ဖို့ ကူညီပေးချင်တဲ့ မိတ်ဆွေတွေနဲ့ အချိန်ပေး ပေါင်းတယ်။

“စိတ်နှစ်သိမ့်မှု ပေးတဲ့ နောက်ကျမ်းစာ ဇာတ်ကောင်ကတော့ ဘုရင် ဒါဝိဒ်ပါ။ ဒါဝိဒ်ဟာ ကိုယ့်အခြေအနေကိုယ် ကြည့်ပြီး၊ အတိတ်က အမှားတွေကို ပြန်စဉ်းစားမိပြီး စုတ်တသပ်သပ် ဖြစ်နေရှာတယ်။ ကျွန်တော်လည်း နောက်မှ နောင်တ ရမယ့်အရာတွေ ပြောမိ၊ လုပ်မိတတ်လို့ ဒါဝိဒ်ကို နားလည်ပေးလို့ ရတယ်။ ဆာလံ ၅၁ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေက နှစ်သိမ့်မှု ဖြစ်စေတယ်။ အခန်းငယ် ၃ မှာ ‘ကိုယ့်အမှားကိုယ် သိပါတယ်။ ကိုယ့်အပြစ်ကို အတွေးထဲကနေ မဖျောက်နိုင်ဘူး’ လို့ ဒါဝိဒ် ပြောတယ်။ ကျွန်တော် စိတ်ဓာတ်ကျနေတဲ့ အချိန်တွေဆိုရင် အဲဒီလိုပဲ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ဖို့ ခက်တယ်။ ဒါပေမဲ့ အခန်းငယ် ၁၀ မှာ ‘အို ဘုရားသခင်၊ ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့ စိတ်နှလုံးကို ဖန်ဆင်းပေးပါ။ မယိမ်းယိုင်တတ်တဲ့ စိတ်သဘောအသစ်ကို ထည့်သွင်းပေးပါ’ လို့ ဒါဝိဒ် ပြောတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်လာဖို့ ဘုရားဆီ အဲဒီလိုပဲ အကူအညီ တောင်းတယ်။ အခန်းငယ် ၁၇ ကလည်း ကျွန်တော့်အတွက် တော်တော်လေး နှစ်သိမ့်မှု ဖြစ်စေတယ်။ ‘အို ဘုရားသခင်၊ ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးကို ကိုယ်တော် မပစ်ပယ်ပါဘူး’ လို့ ဖော်ပြထားတယ်။ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ ဒီကျမ်းပိုဒ်က စိတ်ချစေတယ်။

“ကျမ်းစာ စံနမူနာတွေ၊ ကိုယ့်အတွက် ဘုရား လုပ်ပေးထားတာတွေကို အာရုံစိုက်လိုက်တဲ့အခါ အနာဂတ် မျှော်လင့်ချက် ရှင်သန်လာတယ်။ ကျမ်းစာ ကတိတွေကို ပိုယုံလာတယ်။ ရှေ့ဆက်ဖို့ ခွန်အား ရတယ်။”

ထပ်ဆင့် အကူအညီ အတွက်–

၂၀၀၄၊ ဩဂုတ် ၈ နိုးလော့! မှာ ပါတဲ့ “စိတ်ဝေဒနာကို ခါးစည်းခံခြင်း” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ