ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၃ အမှတ် ၁ စာ. ၁၂-၁၃
  • ၄ | ကျမ်းစာက ပေးတဲ့ လက်တွေ့ကျ အကြံဉာဏ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၄ | ကျမ်းစာက ပေးတဲ့ လက်တွေ့ကျ အကြံဉာဏ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကို ဆိုလိုသလဲ
  • ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ
  • စိတ်ဝေဒနာရှင်တွေကို ကျမ်းစာအကြံဉာဏ် ကူညီပေးပုံ
  • ရုတ်တရက် ကျန်းမာရေး ထိခိုက်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • စိတ်ကျန်းမာရေး—ကမ္ဘာချီ ပြဿနာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
  • စိတ်ဝေဒနာအကြောင်း သိကောင်းစရာ
    နိုးလော့!—၂၀၁၄
  • ၃ | ကျမ်းစာ စံနမူနာရှင်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
ကလ၂၃ အမှတ် ၁ စာ. ၁၂-၁၃
အမျိုးသမီး တစ်ယောက် ပျော်ပျော်ရွှင်ရွှင် စက်ဘီး စီးနေ။

၄ | ကျမ်းစာက ပေးတဲ့ လက်တွေ့ကျ အကြံဉာဏ်

ကျမ်းစာအဆို– “ကျမ်းစောင်အားလုံးဟာ . . . အကျိုးဖြစ်ထွန်းစေတယ်။”​—၂ တိမောသေ ၃:၁၆။

ဘာကို ဆိုလိုသလဲ

ကျမ်းစာဟာ ဆေးကျမ်း မဟုတ်ပေမဲ့ အကျိုးဖြစ်ထွန်းစေတဲ့ လက်တွေ့ကျ အကြံဉာဏ်တွေ ပေးတယ်။ အဲဒီအကြံဉာဏ်တွေက စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရသူတွေကို ကူညီပေးနိုင်တယ်။ ဥပမာတချို့ စဉ်းစားကြည့်ပါ။

ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ

“ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။” —မဿဲ ၉:၁၂။

ဆေးဝါးအကူအညီ လိုနိုင်တယ်ဆိုတာ ကျမ်းစာက အသိအမှတ်ပြုတယ်။ ကိုယ့်အခြေအနေကို ဂဃနဏ သိလိုက်ရလို့၊ ဆရာဝန် သွားပြလိုက်လို့ လူများစွာ စိတ်သက်သာရာ ရခဲ့ကြတယ်။

“ကာယလေ့ကျင့်ခန်း လုပ်တာက . . . အကျိုးရှိတယ်။”—၁ တိမောသေ ၄:၈။

ကိုယ်ကျန်းမာရင် စိတ်လည်း ကျန်းမာတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ အာဟာရ ရှိတဲ့ အစားအစာတွေ စားပါ။ အိပ်ရေး ဝဝ အိပ်ပါ။

“ရွှင်လန်းတဲ့ စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။ ကြေကွဲတဲ့ စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်။”—ပညာအလိမ္မာ ၁၇:၂၂။

အားရှိစရာ ကျမ်းပိုဒ်တွေ ဖတ်တာ၊ သင့်တော်တဲ့၊ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ချမှတ်တာက စိတ်ရွှင်လန်းစေတယ်။ ဘဝမှာ ကောင်းတဲ့အရာတွေကို အာရုံစိုက်မယ်၊ အနာဂတ်မှာ ပိုကောင်းလာမယ်ဆိုတာ ယုံကြည်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ အကူအညီ ဖြစ်မယ်။

‘ဉာဏ်ပညာက ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။’ —ပညာအလိမ္မာ ၁၁:၂။

ကိုယ်လုပ်ချင်တာ မှန်သမျှ တစ်ယောက်တည်းအားနဲ့ မဖြစ်တဲ့အခါ တခြားသူတွေရဲ့ အကူအညီကို လိုလိုလားလား လက်ခံပါ။ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ ကူညီပေးချင်ကြပေမဲ့ ဘယ်လို ကူညီပေးရမှန်းမသိ ဖြစ်နိုင်တယ်။ ဘာက ကိုယ့်အတွက် အထောက်အကူပြုမယ်ဆိုတာ သူတို့ကို ပြောပြပါ။ သူတို့ဆီက အများကြီး မမျှော်လင့်ပါနဲ့။ ပေးတဲ့ အကူအညီအတွက် အမြဲ ကျေးဇူးတင်ပါ။

စိတ်ဝေဒနာရှင်တွေကို ကျမ်းစာအကြံဉာဏ် ကူညီပေးပုံ

“ကိုယ့်ကိုယ်ကိုယ် မူမမှန်ဘူးလို့ ခံစားရလို့ ဆရာဝန်ဆီ သွားပြလိုက်တယ်။ ကိုယ့်အခြေအနေကိုယ် သိလိုက်ရတယ်။ ဘယ်လို ကုရမလဲ သိသွားတယ်။”—နီကိုးလ်၊a စိတ်အတက်အကျမြန် ဝေဒနာရှင်။

အမျိုးသမီး တစ်ယောက် ဆရာဝန်နဲ့ ဆွေးနွေးနေ။

“ဇနီးနဲ့ ကျမ်းစာ မှန်မှန် ဖတ်တာက နေ့ရက်တိုင်းကို အကောင်းမြင်စိတ်နဲ့ စတင်ဖို့ ကူညီပေးတယ်။ ရင်ဆိုင်ကျော်ဖြတ်ဖို့ ခက်တဲ့ နေ့တွေမှာ ကျမ်းပိုဒ် တစ်ပိုဒ်ပိုဒ်ကြောင့် အမြဲ အားရှိရတယ်။”—ပီတာ၊ စိတ်ကျဝေဒနာရှင်။

“ကျွန်မက အရှက်အကြောက် ကြီးသူမို့ တခြားသူတွေကို ကိုယ့်ပြဿနာအကြောင်း မပြောပြရဲဘူး။ ဒါပေမဲ့ သိပ်ခင်ရတဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်မ ရင်ဖွင့်တာကို သေသေချာချာ နားထောင်ပေးတယ်။ ကျွန်မခံစားချက်ကို ကြိုးစားပြီး နားလည်ပေးရှာတယ်။ သူ့ကြောင့် စိတ်သက်သာရာ ရတယ်။ တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစားရတယ်။”—ဂျီယူး၊ အစားအသောက် မူမမှန် စိတ်ဝေဒနာရှင်။

“အလုပ်လုပ်တာ၊ အနားယူတာနဲ့ပတ်သက်ပြီး မျှမျှတတ ရှိဖို့ ကျမ်းစာက ကူညီပေးတယ်။ တစ်ချိန်လုံး ဒုက္ခပေးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကျမ်းစာ အကြံဉာဏ်ကြောင့် ရင်ဆိုင်နိုင်လာတယ်။”—တီမသီ၊ အစွဲလမ်းလွန် စိတ်ဝေဒနာရှင်။

a အမည်လွှဲများ။

“ဝမ်းနည်းခြင်းမှ ဝမ်းသာခြင်းသို့” ကာတွန်းသရုပ်ဖော် ဗီဒီယို။
ထပ်ဆင့် အကူအညီအတွက်–

ဝမ်းနည်းခြင်းမှ ဝမ်းသာခြင်းသို့ ကာတွန်းသရုပ်ဖော် ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ