ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၄ အမှတ် ၁ စာ. ၄-၅
  • အမှားနဲ့ အမှန်– ဘာကို အခြေခံပြီး ဆုံးဖြတ်ကြသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှားနဲ့ အမှန်– ဘာကို အခြေခံပြီး ဆုံးဖြတ်ကြသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်အထင်
  • တခြားသူတွေရဲ့ အမြင်
  • ဒီထက်ကောင်းတဲ့ လမ်းညွှန် ရှိသလား
  • အမှားနဲ့ အမှန်– လူတိုင်း ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ကိုယ်ကျင့်တရားစံနှုန်း လိုအပ်ချက်
    နိုးလော့!—၂၀၁၉
  • ကြည်လင်တဲ့ အမှားအမှန်သိစိတ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
ကလ၂၄ အမှတ် ၁ စာ. ၄-၅
ရှေ့ဆောင်းပါးက လူငယ်လေး သံလိုက်အိမ်မြှောင် သုံးပြီး တောင်တက်နေ။ ချောက်ကမ်းပါးနား ရောက်လာ။

ကိုယ့်အထင်အတိုင်း ဆုံးဖြတ်တာ အမြဲ စိတ်ချလို့ရသလား

အမှားနဲ့ အမှန်– ဘာကို အခြေခံပြီး ဆုံးဖြတ်ကြသလဲ

ဘယ်လုပ်ရပ်ဆိုရင်တော့ လုံးဝ မှားတယ်၊ မှန်တယ်ဆိုပြီး လူတိုင်းလိုလို အမြင်တူတဲ့ လုပ်ရပ်တချို့ ရှိတယ်။ ဥပမာ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာ၊ ကလေးလိင်မတော်မတရားပြုတာကို လူများစွာ ရှုတ်ချကြတယ်။ သာတူညီမျှတဲ့၊ ကြင်နာတဲ့၊ ကိုယ်ချင်းစာတဲ့ လုပ်ရပ်တွေကို လူများစွာ တန်ဖိုးထားကြတယ်။ ဒါပေမဲ့ လိင်၊ ရိုးသားမှု၊ ကလေးပြုစုပျိုးထောင်ခြင်း စတဲ့ ကဏ္ဍတွေမှာ အမှန်ရယ် အမှားရယ်လို့ မရှိဘူး၊ ဘယ်လို ဆုံးဖြတ်ပါစေ လက်ခံနိုင်တာချည်းပဲလို့ ထင်ကြတယ်။ ကိုယ့်အထင်၊ တခြားသူတွေရဲ့ အမြင်ကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြတယ်။ ဒီလိုဆုံးဖြတ်တာ တကယ်ကော စိတ်ချရသလား။

ကိုယ့်အထင်

အမှားအမှန်နဲ့ပတ်သက်ပြီး ကိုယ်ထင်တဲ့အတိုင်း ကျွန်တော်တို့ ဆုံးဖြတ်တတ်ကြတယ်။ အဲဒါကို ပင်ကိုသိစိတ်လို့ ခေါ်တယ်။ (ရောမ ၂:၁၄၊ ၁၅) ကလေးတွေတောင် ဘယ်ဟာ တရားတယ်၊ မတရားဘူးဆိုတာ သိကြတယ်။ အမှား လုပ်မိရင် အပြစ်ရှိတယ်လို့ ခံစားကြရတယ်။ ကြီးလာတော့ အမှားအမှန်နဲ့ပတ်သက်ပြီး မိသားစုဝင်၊ ရွယ်တူချင်း၊ ဆရာ/မ၊ အသိုင်းအဝိုင်း၊ ဘာသာရေး၊ ယဉ်ကျေးမှုရဲ့ ပုံသွင်းတာ ခံကြရတယ်။ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်ယုံကြည်လက်ခံထားရာတွေ ကိုက်မကိုက် အသိစိတ်က အသိပေးတယ်။

ကျွန်တော်တို့မှာ ပင်ကိုသိစိတ် ရှိတဲ့အတွက် တခြားသူတွေကို ကြင်နာကြတယ်၊ ကျေးဇူးသိတတ်ကြတယ်၊ မျှမျှတတ ဆက်ဆံကြတယ်၊ ကရုဏာပြကြတယ်။ ကိုယ်တန်ဖိုးထားရသူတွေ ထိခိုက်မယ့် လုပ်ရပ် ဒါမှမဟုတ် ကိုယ်အရှက်ကွဲမယ့်၊ အပြစ်ရှိတယ်လို့ ခံစားရမယ့် လုပ်ရပ် မလုပ်ကြဘူး။

ကိုယ့်အထင်အတိုင်း ဆုံးဖြတ်တာ အမြဲ စိတ်ချလို့ရသလား။ “ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရတယ်အထင်နဲ့ ကျွန်တော် လိင်အကျင့်ယိုယွင်းတယ်။ မူးယစ်ဆေး သုံးတယ်။ အရက် အလွန်အကျွံ သောက်တယ်။ အကြမ်းဖက်တယ်” လို့ လူငယ်လေး ဂဲရစ် ပြောတယ်။ ဒါပေမဲ့ ကိုယ်မှန်တယ် ထင်တဲ့အတိုင်း လုပ်တာ ကောင်းကျိုး မရှိမှန်း သိလာတယ်။ “ဘဝကြီးက သိပ်စိတ်ပျက်ဖို့ ကောင်းတယ်” လို့ ပြောတယ်။

တခြားသူတွေရဲ့ အမြင်

ကိုယ့်အထင်အပြင် တခြားသူတွေရဲ့ အမြင်ကို အခြေခံပြီးတော့လည်း ကျွန်တော်တို့ ဆုံးဖြတ်တတ်ကြတယ်။ တခြားသူတွေရဲ့ အမြင်ကို ထည့်စဉ်းစားတာ ကောင်းပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကနေ အကျိုးရနိုင်လို့ပါ။ မှန်တယ်လို့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းက မြင်တာတွေကို လုပ်တဲ့အခါ ကျွန်တော်တို့ လေးစားခံရကြတယ်။

တခြားသူတွေရဲ့ အမြင်အတိုင်း ဆုံးဖြတ်တာ အမြဲ စိတ်ချလို့ရသလား။ ပရီစီးလာ ဆိုတဲ့ မိန်းကလေးတစ်ယောက် ရွယ်တူချင်းတွေ လုပ်သလို လိုက်လုပ်တယ်။ လက်မထပ်ရသေးဘဲ လိင်ဆက်ဆံတယ်။ ဒါပေမဲ့ မှန်တယ်လို့ တခြားသူတွေ မြင်တဲ့အတိုင်း လိုက်လုပ်တာ မပျော်ရမှန်း သဘောပေါက်လာတယ်။ “တခြားသူတွေ လုပ်သလို လိုက်လုပ်ကြည့်ပေမဲ့ မပျော်ဘူး။ ရူးမိုက်တဲ့၊ အန္တရာယ်များတဲ့ လုပ်ရပ်တွေပဲ လုပ်မိသွားတယ်” လို့ ပြောတယ်။

ဒီထက်ကောင်းတဲ့ လမ်းညွှန် ရှိသလား

အမှားအမှန် ဆုံးဖြတ်တဲ့အခါ ကိုယ့်အထင်ကော တခြားသူတွေရဲ့ အမြင်ပါ ထည့်တွက်ဖို့ အရေးကြီးတယ်။ ဒါပေမဲ့ အဲဒါတွေကိုပဲ အခြေခံပြီး ဆုံးဖြတ်ရင် ရလဒ်ကောင်း အမြဲ ရမှာတော့ မဟုတ်ဘူး။ အတွေးတိမ်ရာ ရောက်လို့ ကိုယ်တိုင်ကော တခြားသူတွေပါ ထိခိုက်ရနိုင်တယ်။ (ပညာအလိမ္မာ ၁၄:၁၂) ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က လူတွေ ယုံကြည်လက်ခံထားတိုင်း ရလဒ်ကောင်း အမြဲ ရမယ်၊ ယုံကြည်လက်ခံရာတွေ မပြောင်းတော့ဘူးလို့ မဆိုလိုဘူး။ မှားတယ်လို့ ယူဆခဲ့တဲ့ လုပ်ရပ်တချို့ကို လူတွေ လက်ခံလာကြတာ၊ လက်ခံနိုင်တယ်လို့ ယူဆခဲ့တဲ့ လုပ်ရပ်တချို့ကို မှားတယ်လို့ မြင်လာကြတာပဲ ကြည့်လေ။

ကျောက်လမ်းပေါ် လူငယ်လေး ရပ်နေ။ သတိပေးဆိုင်းဘုတ်တွေ ထောင်ထား။ တခြားတောင်တက်သမားတွေ ဆိုင်းဘုတ်ကို မကြည့်။

တခြားသူတွေရဲ့ အမြင်အတိုင်း ဆုံးဖြတ်တာ အမြဲ စိတ်ချလို့ရသလား

အမှားအမှန် ဆုံးဖြတ်တဲ့အခါ ပိုကောင်းတဲ့ လမ်းညွှန် ရှိသလား။ နှစ်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ နောင်တမရမယ့် ဆုံးဖြတ်ချက်တွေ ချစေနိုင်တဲ့ အမှားအမှန်စံနှုန်းမျိုးပေါ့။

အချိန်မရွေး၊ နေရာမရွေး၊ နောက်ခံမရွေးက လူတွေကို အကျိုးပြုတဲ့ စိတ်ချရတဲ့ လမ်းညွှန် ရှိပါတယ်။ အမှားအမှန်အတွက် စိတ်အချရဆုံး လမ်းညွှန်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ