ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ ဖေဖော်ဝါရီ စာ. ၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အနာဂတ်ကို မည်သူသိနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မဟာကုရုမင်းကြီး
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ ဖေဖော်ဝါရီ စာ. ၃၀

စာရှုသူများထံမှ မေးခွန်းလွှာ

အနာဂတ်ကို ယေဟောဝါ ကြိုသိနိုင်စွမ်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြသလဲ

အနာဂတ်ကို ယေဟောဝါ ကြိုသိနိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (ဟေရှာ. ၄၅:၂၁) ဘယ်အချိန်မှာ၊ ဘယ်လို၊ ဘယ်လောက်ထိ သိအောင် လုပ်တယ်ဆိုတာတော့ အသေးစိတ် မဖော်ပြဘူး။ ဒါကြောင့် ယေဟောဝါရဲ့ ကြိုသိနိုင်စွမ်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တရားသေ မပြောနိုင်ဘူး။ ဒါပေမဲ့ အချက်တချို့ သုံးသပ်ကြည့်ပါ။

ဘာမဆို လုပ်နိုင်ပေမဲ့ ယေဟောဝါ မလုပ်တာ ရှိတယ်။ အကန့်အသတ်မဲ့ ဉာဏ်ပညာ ရှိတဲ့အတွက် ဆန္ဒရှိရင် ဘာမဆို သိအောင် လုပ်လို့ ရတယ်။ (ရော. ၁၁:၃၃) ဒါပေမဲ့ ချုပ်တည်းမှု အပြည့်အဝ ရှိတဲ့အတွက် ဘာဖြစ်လာမလဲဆိုတာ သိအောင် မလုပ်တဲ့ အချိန်တွေလည်း ရှိတယ်။—ဟေရှာယ ၄၂:၁၄ နဲ့ နှိုင်းယှဉ်ပါ။

အလိုရှိတဲ့အတိုင်း ယေဟောဝါ ဖြစ်မြောက်စေတယ်။ ယေဟောဝါရဲ့ ကြိုသိနိုင်စွမ်းနဲ့ပတ်သက်ပြီး ဒီအချက်က ဘာသဘောပေါက်စေသလဲ။ “နောက်ဆုံးရလဒ်ကို အစကတည်းက ငါ ကြိုဟောခဲ့တယ်။ မလုပ်ဆောင်ရသေးတဲ့ အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်။ ‘ငါ့ဆုံးဖြတ်ချက် တည်လိမ့်မယ်၊ အလိုရှိရာ မှန်သမျှ ငါ လုပ်ဆောင်မယ်။’ ဒါဟာ ငါကိုယ်တိုင် ပြောခဲ့တဲ့ စကားပဲ” လို့ ဟေရှာယ ၄၆:၁၀ မှာ ဖော်ပြတယ်။

အနာဂတ်အကြောင်း ယေဟောဝါ ကြိုဟောနိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ ဘာမဆို ဖြစ်လာစေနိုင်စွမ်း ရှိလို့ပဲ။ ရုပ်ရှင် ဘယ်လို ဇာတ်သိမ်းမလဲ သိချင်လို့ ကျွန်တော်တို့ ရစ်ကြည့်သလိုမျိုး အနာဂတ်မှာ ဘာဖြစ်မလဲ ယေဟောဝါ ရစ်မကြည့်ဘူး။ ရစ်ကြည့်ရအောင် အနာဂတ်ဆိုတာ ဖြစ်ပြီးသားမှ မဟုတ်တာ။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘာဖြစ်စေမယ်ဆိုပြီး ယေဟောဝါ အချိန် သတ်မှတ်နိုင်တယ်။ အချိန် ရောက်လာတဲ့အခါ တကယ် ဖြစ်မြောက်စေတယ်။—ထွ. ၉:၅၊ ၆။ မ. ၂၄:၃၆။ တ. ၁၇:၃၁။

ဒါကြောင့်လည်း အနာဂတ် ဖြစ်ရပ်တချို့နဲ့ပတ်သက်ပြီး ယေဟောဝါ ‘ပြင်ဆင်ထားပြီးပြီ၊’ “ရည်ရွယ်ပြီးပြီ” စသဖြင့် ကျမ်းစာမှာ ဖော်ပြတာ။ (၂ ဘု. ၁၉:၂၅။ ဟေရှာ. ၄၆:၁၁) ဒီစကားလုံးတွေကို မူရင်းဘာသာစကားမှာ “အိုးထိန်းသမား” လို့ အဓိပ္ပာယ် ရတဲ့ စကားလုံးကနေ ပြန်ဆိုထားတယ်။ (ယေ. ၁၈:၃၊ ၄) ကျွမ်းကျင်တဲ့ အိုးထိန်းသမားဟာ ရွှံ့မြေကို လက်ရာမြောက် ပန်းအိုးအဖြစ် ပုံသွင်းနိုင်သလို အလိုတော်အတိုင်း အရာရာ ပြီးမြောက်စေဖို့ ယေဟောဝါ လမ်းကြောင်းနိုင်တယ်။—ဧ. ၁:၁၁။

လူတွေကို လွတ်လပ်စွာ ရွေးခွင့် ယေဟောဝါ ပေးတယ်။ လူတစ်ယောက် ဘဝမှာ ဘာတွေ ကြုံရမယ်ဆိုပြီး ကြိုတင်သတ်မှတ်မထားဘူး။ ကောင်းအောင် နေနေတဲ့ လူတစ်ယောက်ကို မကောင်းတာ လုပ်မိအောင် လမ်းမကြောင်းဘူး။ လူတိုင်းကို လမ်းမှန် ပြပေးတယ်။ အဲဒီနောက် ကိုယ့်လမ်းကိုယ် ရွေးခွင့် ပေးတယ်။

ဥပမာနှစ်ခု သုံးသပ်ကြည့်ပါ။ ပထမ၊ နိနဝေမြို့သားတွေ ဆိုးလွန်းလို့ မြို့ကို ဖျက်ဆီးမယ်လို့ ယေဟောဝါ ကြိုပြောတယ်။ ဒါပေမဲ့ မြို့သားတွေ နောင်တရတော့ “သူတို့အပေါ် ဘေးဆိုး ကျရောက်စေမယ်လို့ ပြောခဲ့တာကို ပြန်စဉ်းစားသုံးသပ်ပြီး ဘေးဆိုး မကျရောက်စေတော့ဘူး။” (ယောန ၃:၁-၁၀) သတိပေးချက် ကြားပြီးနောက် နိနဝေမြို့သားတွေ ကိုယ့်စိတ်နဲ့ကိုယ် နောင်တရ၊ ပြောင်းလဲသွားကြလို့ ယေဟောဝါလည်း ဆုံးဖြတ်ချက် ပြင်လိုက်တယ်။

ဒုတိယ၊ ဆိုင်းရပ်လို့ ခေါ်တဲ့ ဘုရင်တစ်ပါး ဂျူးတွေကို သုံ့ပန်းဘဝကနေ လွတ်မြောက်စေမယ်၊ ဗိမာန်တော် ပြန်ဆောက်ဖို့ အမိန့်ထုတ်မယ်လို့ ယေဟောဝါ ကြိုဟောတယ်။ (ဟေရှာ. ၄၄:၂၆–၄၅:၄) ပါးရှားဘုရင် ဆိုင်းရပ်ဆီမှာ အဲဒီကြိုဟောချက် ပြည့်စုံလာတယ်။ (ဧဇ. ၁:၁-၄) ဒါပေမဲ့ ဆိုင်းရပ်ဟာ စစ်မှန်တဲ့ ဘုရားကို ကိုးကွယ်သူ မဟုတ်ဘူး။ ကြိုဟောချက် ပြည့်စုံဖို့ ဆိုင်းရပ်ကို ယေဟောဝါ သုံးပေမဲ့ မိမိကို ကိုးကွယ်လာအောင် အတင်း လုပ်မယူဘူး။—ပညာ. ၂၁:၁။

ဒီအချက်တွေဟာ အနာဂတ် ကြိုဟောတဲ့အခါ ယေဟောဝါ ထည့်စဉ်းစားတဲ့ အချက် အကုန် မဟုတ်သေးဘူး။ တကယ်တော့ ယေဟောဝါရဲ့ အကြံအစည်တွေကို ဘယ်သူမှ အပြည့်အဝ နားမလည်နိုင်ဘူး။ (ဟေရှာ. ၅၅:၈၊ ၉) ဒါပေမဲ့ နားလည်ရသလောက်နဲ့တင် ယေဟောဝါ လုပ်သမျှ၊ အနာဂတ်အကြောင်း ကြိုဟောသမျှ အမြဲ မှန်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ