ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ မေ စာ. ၂၀-၂၅
  • ယေဟောဝါရဲ့နာမည်ကို ယေရှု အလေးထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့နာမည်ကို ယေရှု အလေးထား
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ”
  • “ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်”
  • “အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ”
  • ‘ကျွန်တော် အသက်စွန့်ပါတယ်’
  • “အဖ ခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ”
  • ယေဟောဝါရဲ့နာမည်ကို ကျွန်တော်တို့ အလေးထား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • “ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ရွေးဖိုးကနေ သိနိုင်ရာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • “ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ မေ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၂၂

သီချင်း ၁၅ ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု

ယေဟောဝါရဲ့နာမည်ကို ယေရှု အလေးထား

“အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ။”—ယော. ၁၇:၆။

အာရုံစိုက်ရာ

ယေဟောဝါရဲ့နာမည်ကို ယေရှု ဘယ်လို သိစေသလဲ၊ သန့်ရှင်းမြင့်မြတ်စေသလဲ၊ သံသယ ကင်းရှင်းစေသလဲ။

၁-၂။ (က) မသေဆုံးခင်ညမှာ ယေရှု ဘာလုပ်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးမလဲ။

အေဒီ ၃၃၊ နိသန်လ ၁၄ ရက်၊ ကြာသပတေးနေ့ ညနေ၊ အထက်ခန်းတစ်ခန်းမှာ သစ္စာရှိ တမန်တော်တွေနဲ့အတူ ယေရှု နောက်ဆုံးညစာ စားတယ်။ မကြာခင် မိမိ သစ္စာဖောက်ခံရမယ်၊ စီရင်ချက် ချခံရမယ်၊ နှိပ်စက်ညှဉ်းပန်းခံရမယ်၊ အသတ်ခံရမယ်ဆိုတာ သိတယ်။ ဒါကြောင့် ညစာစားပြီးနောက် တမန်တော်တွေကို နောက်ဆုံးအမှာစကား ပြောရင်း အားပေးတယ်။ အထက်ခန်းကနေ တမန်တော်တွေနဲ့အတူ ထွက်မသွားခင် ဆုတောင်းတယ်။ အဓိပ္ပာယ် သိပ်ပြည့်ဝတဲ့ ယေရှုရဲ့ ဆုတောင်းချက်ကို ယောဟန် အခန်းကြီး ၁၇ မှာ တမန်တော် ယောဟန် မှတ်တမ်းတင်ထားတယ်။

၂ ယေရှု မသေဆုံးခင်မှာ ဘာကို စိတ်ပူနေသလဲ။ မြေကြီးပေါ် အမှုဆောင်စဉ်တစ်လျှောက် ဘာကို အလေးထားသလဲ။ ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး ယေရှုရဲ့ ဆုတောင်းချက်ကနေ ဘာတွေ သိနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

“အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ”

၃။ “အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ” လို့ ယေရှု ပြောတာ ဘာကို ဆိုလိုသလဲ။ (ယောဟန် ၁၇:၆၊ ၂၆)

၃ ယေရှု ဆုတောင်းတုန်းက “အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ” လို့ ပြောတယ်။ နှစ်ကြိမ်တောင် အဲဒီလိုပြောထားတာ ကြည့်ရင် တပည့်တွေကို အဖရဲ့နာမည် ဘယ်လောက် သိစေချင်သလဲ နားလည်နိုင်တယ်။ (ယောဟန် ၁၇:၆၊ ၂၆ ကို ဖတ်ပါ။) အဖရဲ့နာမည် သိစေတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘုရားနာမည်ကို တပည့်တွေ မသိလို့လား။ တပည့်တွေဟာ ဂျူးတွေ ဖြစ်လို့ ဘုရားနာမည် သိပြီးသားပါ။ ဟီဘရူးကျမ်းစောင်တွေထဲမှာ ဘုရားနာမည် အကြိမ် ၇,၀၀၀ နီးပါး ပါတယ်။ ဒါကြောင့် တပည့်တွေကို ဘုရားနာမည်သာမက ဘယ်လိုဘုရားမျိုး ဖြစ်ကြောင်း၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ ဂုဏ်ရည်တော်တွေအကြောင်း သိအောင် ကူညီပေးတာကို ဆိုလိုတယ်။ ယေရှုလောက် ကူညီပေးနိုင်သူ ရှိမှာ မဟုတ်ဘူး။

၄-၅။ (က) နာမည်တစ်ခုဟာ ကိုယ့်အတွက် အဓိပ္ပာယ် ပိုရှိလာနိုင်ကြောင်း ဥပမာပေးပါ။ (ခ) ယေဟောဝါရဲ့နာမည်ကို ယေရှုတပည့်တွေ ဘယ်လိုသဘောနဲ့ ပိုသိလာသလဲ။

၄ နာမည်တစ်ခုဟာ ကိုယ့်အတွက် အဓိပ္ပာယ် ပိုရှိလာနိုင်ကြောင်း သဘောပေါက်ဖို့ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ သင့်အသင်းတော် အကြီးအကဲတစ်ယောက်ဟာ ခွဲစိတ်ဆရာဝန် ဆိုပါစို့။ သူ့နာမည် ဒေးဗစ်လို့ ခေါ်တယ်။ သူ့ကို သိတာ နှစ်အတော်ကြာပြီ။ တစ်နေ့တော့ သင် အရေးပေါ် ကျန်းမာရေး ပြဿနာ ပေါ်လာတယ်။ ဒါနဲ့ သူ အလုပ်လုပ်တဲ့ ဆေးရုံကို သွားတယ်။ သင့်အသက်ကို သူ ကယ်ပေးလိုက်တယ်။ အခုဆိုရင် သူ့နာမည်ဟာ သင့်အတွက် အဓိပ္ပာယ် ပိုရှိလာပြီ မဟုတ်လား။ ညီအစ်ကို ဒေးဗစ်လို့ ကြားလိုက်တာနဲ့ သူ လုပ်ပေးခဲ့တာကိုပါ စဉ်းစားမိသွားပြီ။ သိတာကြာပြီ ဖြစ်တဲ့ အကြီးအကဲလို့ပဲ မမြင်တော့ဘူး။ အသက်ကယ်ပေးထားတဲ့ ဆရာဝန်လို့ မြင်နေပြီ။

၅ အဲဒီလိုပဲ ယေဟောဝါရဲ့နာမည်ကို ယေရှုတပည့်တွေ သိကြတယ်။ ဒါပေမဲ့ ယေရှုရဲ့ သွန်သင်ချက်တွေကို နားထောင်တဲ့အခါ၊ တခြားသူတွေအပေါ် ဆက်ဆံပုံကို ကြည့်တဲ့အခါ ယေဟောဝါကို သူတို့ ပို “သိ” လာတယ်။ နာမတော်ဟာ သူတို့အတွက် အဓိပ္ပာယ် ပိုရှိလာတယ်။ ဘာကြောင့်လဲ။ ပြောဆိုလုပ်ကိုင်သမျှမှာ ယေဟောဝါကို ယေရှု အတုယူလို့ပါပဲ။—ယော. ၁၄:၉။ ၁၇:၃။

“ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်”

၆။ ယေရှု ဘယ်လိုသဘောနဲ့ နာမတော် ခံယူခွင့်ရထားသလဲ။ (ယောဟန် ၁၇:၁၁၊ ၁၂)

၆ “ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်ကို ထောက်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးပါ” ဆိုပြီး တပည့်တွေအတွက် ယေရှု ဆုတောင်းတယ်။ (ယောဟန် ၁၇:၁၁၊ ၁၂ ကို ဖတ်ပါ။) နာမတော် ခံယူခွင့်ရတယ်ဆိုတာ ယေရှုနာမည် ယေဟောဝါ ဖြစ်သွားတာကို မဆိုလိုပါဘူး။ ယေဟောဝါဆိုတာ “အဖရဲ့နာမည်” ဖြစ်တယ်လို့ ယေရှု ပြောထားလို့ပါပဲ။ ဒါဆိုရင် ဘယ်လိုသဘောနဲ့ နာမတော် ခံယူခွင့်ရထားသလဲ။ ပထမ၊ ယေရှုဟာ ယေဟောဝါရဲ့ ကိုယ်စားလှယ်၊ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တယ်။ အဖရဲ့နာမည်နဲ့ ရောက်လာတယ်။ အဖရဲ့နာမည် သုံးပြီး အံ့ဖွယ်အမှုတွေ လုပ်တယ်။ (ယော. ၅:၄၃။ ၁၀:၂၅) ဒုတိယ၊ ယေရှုနာမည်အဓိပ္ပာယ်က “ယေဟောဝါဟာ ကယ်တင်ခြင်း” ဖြစ်လို့ ယေရှုနာမည်မှာ ယေဟောဝါရဲ့နာမည် ပါနေတယ်။

၇။ ယေဟောဝါရဲ့နာမည် သုံးပြီး ယေရှု ပြောဆိုတယ်ဆိုတာ သဘောပေါက်ဖို့ ဥပမာပေးပါ။

၇ ယေဟောဝါရဲ့နာမည် သုံးပြီး ယေရှု ပြောဆိုတယ်ဆိုတာ သဘောပေါက်ဖို့ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ သံအမတ်တစ်ယောက်ကို မိမိကိုယ်စား တစ်နေရာကို သမ္မတ စေလွှတ်လိုက်တယ်ဆိုပါစို့။ သံအမတ် ပြောသမျှဟာ သမ္မတ ပြောသလောက်ကို ဩဇာရှိတယ်။ သမ္မတကိုယ်စား သူ ပြောဆိုခွင့်ရှိတယ်။ အဲဒီလိုပဲ ယေရှုဟာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခံရလို့ ယေဟောဝါရဲ့နာမည် သုံးပြီး ပြောဆိုနိုင်တယ်။ ယေဟောဝါကိုယ်စား ပြောဆိုခွင့်ရှိတယ်။—မ. ၂၁:၉။ လု. ၁၃:၃၅။

၈။ ယေရှု မြေကြီးပေါ် မလာခင်ကတည်းက ယေဟောဝါရဲ့နာမည် “ခံယူထား” တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ထွက်မြောက်ရာ ၂၃:၂၀၊ ၂၁)

၈ ယေဟောဝါ သိစေချင်တာတွေ၊ လုပ်စေချင်တာတွေအကြောင်း ကောင်းကင်တမန်တွေ၊ လူတွေကို ပြောပြရတဲ့အတွက် ကျမ်းစာမှာ ယေရှုကို “နှုတ်ကပတ်တော်” လို့ ခေါ်ထားတယ်။ (ယော. ၁:၁-၃) အစ္စရေးတွေကို တောကန္တာရမှာ စောင့်ရှောက်ဖို့ ယေဟောဝါ စေလွှတ်တဲ့ ကောင်းကင်တမန်ဟာ ယေရှု ဖြစ်ပုံပဲ။ “ငါ့နာမည် ခံယူထားတဲ့သူ” ဖြစ်လို့ သူ့ကို နာခံပါဆိုပြီး အစ္စရေးတွေကို ယေဟောဝါ ပြောတယ်။a (ထွက်မြောက်ရာ ၂၃:၂၀၊ ၂၁ ကို ဖတ်ပါ။) ယေရှုဟာ မိမိရဲ့ကိုယ်စားလှယ် ဖြစ်လို့၊ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ အဓိက တာဝန်ယူထားသူ ဖြစ်လို့ “ငါ့နာမည် ခံယူထားတဲ့သူ” ဆိုပြီး ယေဟောဝါ ပြောတာ။

“အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ”

၉။ နာမတော်ကို ယေရှု ဘယ်လောက် အလေးထားသလဲ။ ဘယ်လို သိရသလဲ။

၉ သိခဲ့ရတဲ့အတိုင်း ယေရှု မြေကြီးပေါ် မလာခင်ကတည်းက နာမတော်ကို သိပ်အလေးထားတယ်။ မြေကြီးပေါ် ရှိစဉ်မှာလည်း နာမတော်ကို အလေးထားကြောင်း လုပ်ဆောင်သမျှမှာ ပေါ်လွင်တယ်။ အမှုဆောင်ချိန် အဆုံးပိုင်းမှာ “အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ ဆုတောင်းတယ်။ “ငါ ဘုန်းထင်ရှားစေခဲ့ပြီ။ နောက်တစ်ကြိမ် ဘုန်းထင်ရှားစေဦးမယ်” ဆိုတဲ့ ယေဟောဝါရဲ့အသံ ကောင်းကင်ကနေ ချက်ချင်း ဟိန်းထွက်လာတယ်။—ယော. ၁၂:၂၈။

၁၀-၁၁။ (က) ယေဟောဝါရဲ့နာမည်ကို ယေရှု ဘယ်လို ဘုန်းထင်ရှားစေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) နာမတော် သန့်ရှင်းမြင့်မြတ်ဖို့၊ သံသယ ကင်းရှင်းဖို့ ဘာကြောင့် လိုအပ်သလဲ။

၁၀ နာမတော်ကို ယေဟောဝါ ဘုန်းထင်ရှားစေသလို ယေရှုလည်း ဘုန်းထင်ရှားစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ တစ်နည်းကတော့ အဖရဲ့ဂုဏ်ရည်တော်တွေ၊ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့်ပါ။ ဒါပေမဲ့ ဘုန်းထင်ရှားစေဖို့ဆိုရင် ဒီ့ထက်မက လိုအပ်တယ်။ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့၊ သံသယ ကင်းရှင်းစေဖို့ လိုအပ်တာပါ။b ဒီအရေးကိစ္စကို ယေရှု သိပ်အလေးထားတယ်ဆိုတာ နောက်လိုက်တွေကို စံပြဆုတောင်းချက် သင်ပေးချိန်မှာ ပေါ်လွင်တယ်။ “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” ဆိုပြီး ဆုတောင်းဖို့ ယေရှု သင်ပေးတယ်။—မ. ၆:၉။

၁၁ နာမတော် သန့်ရှင်းမြင့်မြတ်ဖို့၊ သံသယ ကင်းရှင်းဖို့ ဘာကြောင့် လိုအပ်သလဲ။ ယေဟောဝါကို ဧဒင်ဥယျာဉ်မှာ စာတန်မာရ်နတ် ဂုဏ်ဖျက်ခဲ့လို့ပါပဲ။ ယေဟောဝါ လိမ်လည်တယ်၊ အာဒံနဲ့ ဧဝကို ကောင်းတာတွေ အကုန်မပေးဘဲ ထိမ်ချန်ထားတယ်လို့ ပြောတယ်။ (က. ၃:၁-၅) ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်း မမှန်ကန်ဘူးလို့ စွပ်စွဲလိုက်တာပါပဲ။ စာတန့်စွပ်စွဲချက်တွေက ယေဟောဝါရဲ့နာမည်၊ ဂုဏ်သတင်းကို ထိခိုက်စေတယ်။ အကျိုးရလို့သာ ယေဟောဝါကို လူတွေ ဝတ်ပြုတာဆိုပြီး ယောဘခေတ်မှာ စာတန် စွပ်စွဲပြန်တယ်။ ဘယ်သူမှ ယေဟောဝါကို တကယ် မချစ်ဘူး၊ အခက်အခဲ ကြုံလာရင် စွန့်ခွာသွားမယ်လို့ ပြောတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄) လိမ်လည်ပြောတာ ယေဟောဝါလား၊ စာတန်လားဆိုတာ သက်သေပြဖို့ အချိန်လိုအပ်တယ်။

လူအုပ်ကြီးကို ယေရှု တောင်ပေါ်တရားတော် ဟောပြောနေ။

နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းဟာ ဘယ်လောက် အရေးကြီးကြောင်း နောက်လိုက်တွေကို ယေရှု သင်ပေး (စာပိုဒ် ၁၀ ကို ကြည့်ပါ)


‘ကျွန်တော် အသက်စွန့်ပါတယ်’

၁၂။ ယေဟောဝါကို ယေရှု သိပ်ချစ်တဲ့အတွက် ဘာတွေ လိုလိုလားလား လုပ်သလဲ။

၁၂ စုံလင်တဲ့ ပထမလူသား အာဒံနဲ့ ဧဝဟာ ယေဟောဝါကို ကျောခိုင်းပြီး စာတန်နောက် ပါသွားကြတယ်။ ယေရှုကတော့ ယေဟောဝါကို သိပ်ချစ်တဲ့အတွက် နာမတော် သန့်ရှင်းမြင့်မြတ်ဖို့၊ သံသယ ကင်းရှင်းဖို့ ဘာမဆို လုပ်ချင်တယ်။ ယေရှု ဘာတွေ လုပ်ခဲ့သလဲ။ မြေကြီးပေါ် လိုလိုလားလား လာတယ်။ အသက်တာတစ်လျှောက်လုံး အကြွင်းမဲ့ သမာဓိစောင့်သိတယ်။ (ဟီ. ၄:၁၅။ ၅:၇-၁၀) နာမတော်အတွက် “အသက်စွန့်” ဖို့တောင် အသင့်ပဲ။ (ယော. ၁၀:၁၇၊ ၁၈)c တကယ်လည်း ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံတဲ့အထိ သမာဓိစောင့်သိခဲ့တယ်။ (ဟီ. ၁၂:၂) ဒီနည်းအားဖြင့် ယေဟောဝါနဲ့ နာမတော်ကို ချစ်ကြောင်း သက်သေပြတယ်။

၁၃။ လိမ်လည်သူဟာ စာတန် ဖြစ်ကြောင်း သက်သေထူဖို့ ယေရှုဟာ ဘာကြောင့် အကောင်းဆုံး အနေအထားမှာ ရှိသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ လိမ်လည်သူဟာ ယေဟောဝါ မဟုတ်ဘဲ စာတန် ဖြစ်ကြောင်း ယေရှုရဲ့ လုပ်ရပ်တိုင်းက သက်သေပါပဲ။ (ယော. ၈:၄၄) ယေဟောဝါအကြောင်း ဘယ်သူ့ထက်မဆို ယေရှု သိတယ်။ စာတန့်စွပ်စွဲချက် တစ်ချက်ချက်သာ မှန်နေရင် ယေရှု မသိဘဲ မနေဘူး။ ဒါပေမဲ့ စွပ်စွဲချက်တစ်ချက်မှ မမှန်လို့ ယေဟောဝါရဲ့နာမည်၊ ဂုဏ်သတင်းကို ယေရှု မားမားမတ်မတ် ကာကွယ်ခဲ့တာ။ စွန့်ပစ်ခံရပုံပေါက်တဲ့အချိန်မှာတောင် ယေဟောဝါကို ကျောခိုင်းမသွားဘဲ လိုလိုလားလား အသေခံခဲ့တာ။—မ. ၂၇:၄၆။d

ယေရှု သစ်တိုင်တင်ခံရ။

လိမ်လည်သူဟာ ယေဟောဝါ မဟုတ်ဘဲ စာတန် ဖြစ်ကြောင်း ယေရှုရဲ့ လုပ်ရပ်တိုင်းက သက်သေပါပဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


“အဖ ခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ”

၁၄။ ယေရှုရဲ့ သစ္စာရှိမှုကို ယေဟောဝါ ဘယ်လို ဆုချသလဲ။

၁၄ “အဖ ခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ” ဆိုပြီး မသေဆုံးခင်ည ဆုတောင်းတုန်းက ယေရှု ပြောတယ်။ မိမိရဲ့ သစ္စာရှိမှုကို ယေဟောဝါ ဆုချမယ်ဆိုတာ ယုံကြည်တယ်။ (ယော. ၁၇:၄၊ ၅) တကယ်လည်း ယေဟောဝါ ဆုချတယ်။ ယေရှုကို သင်္ချိုင်းမှာ အဆုံးသတ်မသွားစေဘူး။ (တ. ၂:၂၃၊ ၂၄) ရှင်ပြန်ထမြောက်ပေးပြီး ကောင်းကင်မှာ သာလွန်မြင့်မြတ်တဲ့ အနေအထားရောက်အောင် ချီးမြှောက်တယ်။ (ဖိ. ၂:၈၊ ၉) နောက်တော့ ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်အဖြစ် စတင်အုပ်ချုပ်စေတယ်။ နိုင်ငံတော်က ဘာတွေ ပြီးမြောက်စေမလဲ။ “နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဆိုတဲ့ စံပြဆုတောင်းချက်ရဲ့ ဒုတိယအပိုင်းဟာ အဖြေပါပဲ။—မ. ၆:၁၀။

၁၅။ ယေရှု ဘာတွေ လုပ်မလဲ။

၁၅ သိပ်မကြာခင် အာမဂေဒုန်မှာ ယေဟောဝါရဲ့ ရန်သူတွေကို ယေရှု တိုက်ခိုက်ဖျက်ဆီးမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၉:၁၁-၁၆) အဲဒီနောက် စာတန်ကို “တွင်းနက်ကြီး” ထဲ ပစ်ချမယ်။e (ဗျာ. ၂၀:၁-၃) အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း ကမ္ဘာမြေကို ငြိမ်းချမ်းစေမယ်။ လူတွေကို စုံလင်လာစေမယ်။ လူသေတွေကို အသက်ပြန်ရှင်စေမယ်။ ကမ္ဘာတစ်ခုလုံးကို ပရဒိသု ဖြစ်စေမယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ အလိုတော် ပြည့်စုံလာမယ်။—ဗျာ. ၂၁:၁-၄။

၁၆။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ ဘာတွေ ဖြစ်နေမလဲ။

၁၆ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ ဘာတွေ ဖြစ်နေမလဲ။ အပြစ်နဲ့ မစုံလင်မှု မရှိတော့ဘူး။ ရွေးဖိုး မလိုတော့ဘူး။ ယေဟောဝါနဲ့ လူတွေ ဆက်ဆံရေးကောင်း ရှိဖို့ ဖျန်ဖြေသူအဖြစ် ယေရှု အမှုဆောင်စရာ မလိုတော့ဘူး။ ပုရောဟိတ်တွေအဖြစ် ၁၄၄,၀၀၀ အမှုဆောင်စရာ မလိုတော့ဘူး။ “နောက်ဆုံးရန်သူ ဖြစ်တဲ့ သေခြင်း [အာဒံကြောင့် ပေါ်ပေါက်လာတဲ့ သေခြင်း] ဟာ ဖျက်ဆီးခံရလိမ့်မယ်။” လူသေတွေ အသက်ပြန်ရှင်နေပြီ ဖြစ်လို့ သင်္ချိုင်းတွေ ဗလာကျင်း ဖြစ်နေမယ်။ ကမ္ဘာပေါ် ရှိသူတိုင်း စုံလင်နေမယ်။—၁ ကော. ၁၅:၂၅၊ ၂၆။

၁၇-၁၈။ (က) အနှစ်တစ်ထောင် အုပ်ချုပ်မှုပြီးနောက် ဘာဖြစ်ဦးမလဲ။ (ခ) အနှစ်တစ်ထောင် အုပ်ချုပ်မှုပြီးနောက် ယေရှု ဘာလုပ်မလဲ။ (၁ ကောရိန္သု ၁၅:၂၄၊ ၂၈) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ အနှစ်တစ်ထောင် အုပ်ချုပ်မှုပြီးနောက် ဘာဖြစ်ဦးမလဲ။ နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်း အရေးကိစ္စ မရှိတော့ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါ လိမ်လည်တယ်၊ လူတွေကို မေတ္တာနဲ့ မအုပ်ချုပ်ဘူးဆိုပြီး ဧဒင်ဥယျာဉ်မှာ စာတန် စွပ်စွဲခဲ့တယ်။ ဒါပေမဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ကြောင်း၊ အုပ်ချုပ်ပုံနည်းလမ်း မှန်ကန်ကြောင်း သစ္စာရှိ ကျေးကျွန်တွေ ထပ်ခါထပ်ခါ သက်သေထူခဲ့ကြပြီ။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာတော့ အပြည့်အဝ သက်သေထူပြီး ဖြစ်နေပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၈ စာတန့်စွပ်စွဲချက်အားလုံး မှားကြောင်း အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ လူတိုင်း သိနေပြီး ဖြစ်မယ်။ အဲဒီအချိန် ယေရှု ဘာလုပ်မလဲ။ စာတန့်လမ်းစဉ် လိုက်ပြီး ယေဟောဝါကို ပုန်ကန်မလား။ မပုန်ကန်ပါဘူး။ (၁ ကောရိန္သု ၁၅:၂၄၊ ၂၈ ကို ဖတ်ပါ။) နိုင်ငံတော်ကို ယေဟောဝါဆီ အပ်မယ်။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံမယ်။ စာတန်နဲ့ မတူဘဲ ယေဟောဝါကို သိပ်ချစ်တဲ့အတွက် အခွင့်အာဏာ စွန့်လွှတ်ဖို့ အသင့်ပဲ။

ကောင်းကင်မှာ ယေဟောဝါဆီ ယေရှု သရဖူ အပ်နေ။

အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ နိုင်ငံတော်ကို ယေဟောဝါဆီ ယေရှု လိုလိုလားလား အပ်မယ် (စာပိုဒ် ၁၈ ကို ကြည့်ပါ)


၁၉။ ယေရှုနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ ဘာတွေ သိခဲ့ရသလဲ။

၁၉ အကောင်းဆုံး ကိုယ်စားလှယ် ယေရှုကို ယေဟောဝါ နာမတော် ခံယူခွင့်ပေးတာ မဆန်းပါဘူး။ ဒီတော့ နာမတော်ကို ယေရှု ဘယ်လောက် အလေးထားသလဲ။ အရာရာထက် အလေးထားတယ်။ နာမတော်အတွက် အသေခံတယ်။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ ယေဟောဝါဆီ အရာရာ ပြန်ပေးမယ်။ ယေရှုကို ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ ဒီမေးခွန်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • နာမတော်ကို တပည့်တွေ သိအောင် ယေရှု ဘယ်လို ဖော်ပြသလဲ။

  • နာမတော်ကို ယေရှု ဘယ်လိုသဘောနဲ့ ခံယူခွင့်ရထားသလဲ။

  • နာမတော်အတွက် ယေရှု ဘာတွေ လိုလိုလားလား လုပ်သလဲ။ ဘာကြောင့်လဲ။

သီချင်း ၁၆ ဘိသိက်ခံ သားတော်အတွက် ယေဟောဝါကို ချီးမွမ်းကြ

a ကောင်းကင်တမန်တွေလည်း ယေဟောဝါဆီက သတင်းစကား ကြေညာရတဲ့အချိန်တွေ ရှိတယ်။ ဒါကြောင့် ကောင်းကင်တမန် ပြောတာကို ယေဟောဝါ ပြောတဲ့အလား ကျမ်းစာမှာ တစ်ခါတလေ ဖော်ပြထားတာ ဖြစ်တယ်။ (က. ၁၈:၁-၃၃) ပညတ်တရားကို ယေဟောဝါဆီက မောရှေ ရတယ်လို့ ကျမ်းစာမှာ ဖော်ပြပေမဲ့ ကောင်းကင်တမန်တွေကတစ်ဆင့် ရတယ်ဆိုတာ တခြားကျမ်းပိုဒ်တွေကနေ သိရတယ်။—ဝတ်. ၂၇:၃၄။ တ. ၇:၃၈၊ ၅၃။ ဂလ. ၃:၁၉။ ဟီ. ၂:၂-၄။

b စကားလုံး ရှင်းလင်းချက်။ “သန့်ရှင်းမြင့်မြတ်စေခြင်း” ဆိုတာ ဂုဏ်တင်ခြင်း၊ မြင့်မြတ်တယ်လို့ သဘောထားခြင်း၊ ကြည်ညိုလေးမြတ်ခြင်းကို ဆိုလိုတယ်။ “သံသယ ကင်းရှင်းစေခြင်း” ဆိုတာ တစ်ယောက်ယောက် မဟုတ်မမှန် အသရေဖျက် စွပ်စွဲခံရတဲ့အခါ စွပ်စွဲချက်တွေ မှားကြောင်း၊ စွပ်စွဲခံရသူ အမှားကင်းကြောင်း သက်သေပြခြင်းကို ဆိုလိုတယ်။

c ယေရှု အသက်စွန့်တာက လူတွေ ထာဝရအသက် ရဖို့လည်း လမ်းပွင့်စေတယ်။

d ၂၀၂၁၊ ဧပြီ ကင်းမျှော်စင် စာမျက်နှာ ၃၀-၃၁ မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

e တွင်းနက်ကြီးဆိုတာ သေတာနဲ့မခြားဘဲ ဘာမှ မလုပ်နိုင်တဲ့ အခြေအနေကို ဆိုလိုတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ