ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၄-၇
  • အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ဆီကစာ
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ JW.ORG ပင်မစာမျက်နှာကို သုံးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • “JW ရုပ်သံထုတ်လွှင့်မှုကို သိပ်ကြိုက်တာပဲ”
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဘာတွေကို တွေ့ရမလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • JW ရုပ်သံအစီအစဉ်က ‘အားရှိစေပြီး လန်းဆန်းမှု ဖြစ်စေ’
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၄-၇

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတို့–

ယုဒနိုင်ငံရဲ့ တိုးတက်အောင်မြင်မှုတွေဟာ ယေဟောဝါရဲ့ကောင်းချီးကြောင့်ပဲဆိုတာ ပရောဖက်ဟေရှာယ နှိမ့်ချစွာအသိအမှတ်ပြုခဲ့တယ်။ ဟေရှာယ ၂၆:၁၂ (ကဘ) မှာ ‘ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော်တို့ လုပ်ဆောင်သမျှကို အောင်မြင်စေတယ်’ ဆိုပြီး သူပြောတယ်။ ပြီးခဲ့တဲ့လုပ်ငန်းတော်နှစ်အတွင်း အောင်မြင်ပြီးမြောက်ခဲ့တာအားလုံးကို ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်တော်တို့လည်း သူ့လိုပဲ ပြောနိုင်ကြတယ်။ အရင်ကမလုပ်ဖူးတဲ့ အံ့ဖွယ်အမှုတွေကို ယေဟောဝါလုပ်နေပါတယ်။ (ထွ. ၃၄:၁၀) ကိုယ်တော်ပေးတဲ့ကောင်းချီးတချို့ကို ကြည့်ရအောင်။

တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org ကို ကျွန်တော်တို့ ကောင်းကောင်းအသုံးပြုခဲ့ကြတယ်။ အခု ဒီဝက်ဘ်ဆိုက်ကို ဘာသာစကားပေါင်း ၆၀၀ ကျော်နဲ့ ရနိုင်ပြီ။ စာပေတွေကို ဘာသာစကားပေါင်း ၇၅၀ ကျော်နဲ့ ဖတ်ရှု၊ ကူးယူနိုင်ပြီ။ ဒီဝက်ဘ်ဆိုက်က အမှန်တရားသိချင်တဲ့သူတွေကို ဘယ်လိုထိထိရောက်ရောက် ကူညီပေးနေသလဲ။ မောင်နှံတစ်စုံဟာ ဘာသာရေးအရေခြုံမှုတွေကြောင့် စိတ်ပျက်နေတယ်။ အမှန်တရားကို ရှာဖွေရင်းနဲ့ jw ဝက်ဘ်ဆိုက်ကို တွေ့သွားတဲ့အခါ စာပေတွေ၊ ဗီဒီယိုတွေကို ပုံမှန်ဝင်ကြည့်တယ်။ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ စာအုပ်ကိုတောင် ကူးယူပြီး ဆယ်ကျော်သက်ကလေးနှစ်ယောက်နဲ့အတူ ဖတ်ကြတယ်။ အဲဒီလိုဖတ်နေတဲ့ တစ်မနက်မှာ ယေဟောဝါသက်သေတွေ သူတို့အိမ်ကို ရောက်လာတယ်။ ဒီဝက်ဘ်ဆိုက်ကြောင့် သူတို့မိသားစုအများကြီး ပြောင်းလဲသွားမှန်း သက်သေခံတွေ သိခဲ့ရတယ်။ သူတို့က ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖောက်ပြီးအလှဆင်ထားတာတွေနဲ့ တက်တူးတွေကို ဖျက်လိုက်တယ်။ ဘာသာရေးရုပ်ပုံတွေကို စွန့်ပစ်လိုက်တယ်။ ပွဲနေ့တွေ မကျင်းပတော့ဘူး။ မကောင်းတဲ့ရုပ်ရှင်တွေ မကြည့်တော့ဘူး။ သက်သေခံတွေနဲ့ မတွေ့ခင်ကတည်းက အဲဒီအပြောင်းအလဲတွေကို လုပ်ခဲ့ကြတာ။ ဒီစာကိုရေးတဲ့အချိန်မှာ သူတို့ဇနီးမောင်နှံနဲ့ ကလေးတစ်ယောက်က ကြေညာသူဖြစ်နေပြီ။ သူတို့ဇနီးမောင်နှံက မကြာခင် နှစ်ခြင်းခံတော့မယ်။

JW ရုပ်သံထုတ်လွှင့်မှုနဲ့ပတ်သက်ပြီးတော့လည်း ကျေးဇူးတင်စာတွေအများကြီး လက်ခံရရှိပါတယ်။ လစဉ်အစီအစဉ်ကို ဘာသာစကား ၇၀ ကျော်နဲ့ ထုတ်လွှင့်နေပြီး တခြားဘာသာစကားတွေနဲ့ တိုးချဲ့ထုတ်လွှင့်ဖို့ရှိပါတယ်။ အများစုက မိသားစုဝတ်ပြုမှုညချမ်းမှာ ဒီအစီအစဉ်ကို ကြည့်ရှုကြတယ်။ “ယေဟောဝါရဲ့အဖွဲ့အစည်းက တိုးတက်ကြီးပွားလာတာတောင် ဌာနချုပ်ကညီအစ်ကိုတွေနဲ့ ဝေးမသွားဘဲ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်” ဆိုပြီး ညီအစ်ကိုတစ်ယောက် ပြောတယ်။

ခရိုင်စည်းဝေးတွေကလည်း ယေဟောဝါရဲ့လူမျိုးတော်အတွက် ထူးခြားတဲ့အစီအစဉ်တွေပါ။ ၂၀၁၅ လုပ်ငန်းတော်နှစ်အတွင်း ကျင်းပခဲ့တဲ့ ခရိုင်စည်းဝေးတွေလည်း အဲဒီလိုပါပဲ။ အဲဒီစည်းဝေးမှာ ဗီဒီယိုနဲ့ ရုပ်ပုံတင်ဆက်မှု ၄၂ ခုအပြင် အစီအစဉ်ပိုင်းတစ်ခုစီရဲ့အစမှာ တေးသံသာခြောက်ခု တင်ဆက်ပြသတယ်။ ဒီစည်းဝေးနဲ့ပတ်သက်ပြီး ဝါရင့်ညီအစ်ကိုတစ်ယောက်က “အစီအစဉ်အတွင်း ဘယ်သူမှ နေရာကနေ မထချင်ကြဘူး။ အစီအစဉ်တစ်ခုကိုမှ အလွတ်မခံချင်ကြဘူး” လို့ပြောတယ်။ သာသနာပြုညီအစ်မတစ်ယောက်ကလည်း ပြီးခဲ့တဲ့နှစ် ခရိုင်စည်းဝေးနဲ့ပတ်သက်ပြီး “ဗီဒီယိုတွေကြောင့် အမှန်တရားနဲ့ နိုင်ငံတော်ကို ကျွန်မပိုပြီးယုံကြည်လာတယ်” လို့ပြောတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတော်သီချင်းသစ်တွေကိုလည်း ယေဟောဝါပြင်ဆင်ပေးခဲ့တယ်။ ဇနီးမောင်နှံတစ်စုံက “ဒီသီချင်းသစ်တွေကို နားထောင်တဲ့အခါ ယေဟောဝါ ပွေ့ဖက်ထားသလို ခံစားရတယ်။ အမှောင်ဖုံးလွှမ်းနေချိန်တွေမှာ အလင်းတန်းကို တွေ့လိုက်ရသလိုပဲ” လို့ပြောတယ်။ ကျွန်တော်တို့အကျိုးအတွက်၊ ယေဟောဝါကို ချီးမွမ်းဂုဏ်တင်နိုင်ဖို့အတွက် မေတ္တာပါပါလုပ်ဆောင်ခဲ့တဲ့ ကင်းမျှော်စင်သံစုံတီးဝိုင်းအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုကို ဒီခရိုင်စည်းဝေးတွေက အမှတ်ရစေတယ်။

သိုးထိန်းတစ်ယောက် သိုးလေးတစ်ကောင်ကို ချီပွေ့ထား

သင်တို့အားလုံးလည်း ပြန်လှည့်လာသူတွေကို ယေဟောဝါနည်းတူ နွေးထွေးစွာကြိုဆိုဖို့ တိုက်တွန်းပါတယ်

သင်တို့ရဲ့ အသင်းတော်မှာ လူထုရှေ့သက်သေခံခြင်းကို လုပ်ဆောင်နေသလား။ ဒါက အကျိုးကျေးဇူးအများကြီးရစေတဲ့ အစီအစဉ်ပါပဲ။ လုံခြုံရေးတင်းကြပ်တဲ့၊ ဝင်ခွင့်မရတဲ့ ရပ်ကွက်တွေ၊ အိမ်ရာတွေမှာနေထိုင်သူတွေဟာ သတင်းကောင်းကို ဦးဆုံးအကြိမ်ကြားခွင့်ရခဲ့တယ်။ မလှုပ်မရှားဖြစ်နေတဲ့ သက်သေခံတွေလည်း ဒီအစီအစဉ်ကနေ အကူအညီရခဲ့ကြတယ်။ ၂၀၁၅၊ ဇန်နဝါရီလမှာ တောင်ကိုရီးယားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ လူထုရှေ့သက်သေခံတဲ့နေရာကို ရောက်လာတယ်။ မကြာသေးခင်က ဘုရားနဲ့ပတ်သက်တဲ့အကြောင်းကို လေးလေးနက်နက် စဉ်းစားမိလာတယ်လို့ သူပြောပြတယ်။ ဒါနဲ့ ကျမ်းစာစလေ့လာတယ်။ ဖေဖော်ဝါရီလမှာ အသင်းတော်စည်းဝေး စတက်ပြီး မတ်လမှာ ဆေးလိပ်ဖြတ်လိုက်တယ်။ ဧပြီလကျတော့ တောင်ကိုရီးယားဌာနခွဲကို သွားလည်ပတ်ခဲ့တယ်။ အခုဆို ဘုရားရေးရာမှာ သူဆက်ပြီးတိုးတက်နေတယ်။ ဒါက ကမ္ဘာ့ဌာနချုပ်ကိုရောက်လာတဲ့ တွေ့ကြုံမှုအများကြီးထဲက တစ်ခုပဲရှိပါသေးတယ်။

စည်းဝေးကြီးမှာကြားခဲ့ရတဲ့ အကြောင်းအရာတွေက မလှုပ်မရှားဖြစ်နေသူတွေကို အချိန်မနှောင်းခင် ယေဟောဝါရဲ့မေတ္တာရင်ခွင်ဆီ ပြန်လှည့်လာဖို့ လှုံ့ဆော်ပေးပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ သင်တို့အားလုံးလည်း ပြန်လှည့်လာသူတွေကို ယေဟောဝါနည်းတူ နွေးထွေးစွာကြိုဆိုဖို့ တိုက်တွန်းပါတယ်။—ယေဇ. ၃၄:၁၆။

ပြီးခဲ့တဲ့လုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါက သူ့လူမျိုးကို ကောင်းချီးပေးခဲ့ပါပြီ။ နောက်ထပ်ကော ဘယ်လိုကောင်းချီးတွေ ပေးအုံးမလဲ။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ။ သင်တို့အားလုံးကို အုပ်ချုပ်ရေးအဖွဲ့က အရမ်းချစ်တယ်၊ သင်တို့အတွက် အမြဲဆုတောင်းပေးနေတယ်ဆိုတာ စိတ်ချပါ။

ဆန္ဒမွန်များစွာဖြင့်

သင်တို့ရဲ့ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses (ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ