ဂျော်ဂျီယာ
ကျွန်တော့်ဘဝကို ပြောင်းလဲချင်ခဲ့
ဒေးဗစ် ဆမ်ခါ ရဒ်ဇီ
မွေးဖွားတဲ့နှစ် ၁၉၆၇
နှစ်ခြင်းခံတဲ့နှစ် ၁၉၈၉
ကိုယ်ရေးမှတ်တမ်းအကျဉ်း နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ ၂၀၁၃ ခုနှစ်ကတည်းက ကျမ်းစာသင်တန်းတွေ ပို့ချခဲ့တယ်။
၁၉၈၅ ခုနှစ်၊ ကျွန်တော့်အသက် ၁၈ နှစ်မှာ စစ်မှုထမ်းဖို့ ဆိုဗီယက်အာဏာပိုင်တွေက ဆင့်ခေါ်ခဲ့တယ်။ စစ်တပ်မှာ မတရားမှု၊ ဖိနှိပ်မှုခံရတဲ့အတွက် ကျွန်တော် တော်တော် ဒုက္ခရောက်ခဲ့လို့ ‘ငါကတော့ သူတို့နဲ့ မတူချင်ဘူး၊ သူတို့နဲ့ ကွဲပြားချင်တယ်’ လို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော် ဆန္ဒရှိသလို အမြဲမဖြစ်ခဲ့ဘူးလို့ ခံစားရတယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲချင်ခဲ့တယ်။
စစ်မှုထမ်းတဲ့သက်တမ်း ပြည့်သွားတော့ အိမ်ပြန်လာတယ်။ တစ်ည ပါတီပွဲပြီးတော့ ကျွန်တော့်ဘဝတိုးတက်အောင် ကူညီပေးပါလို့ ဘုရားကို ဆုတောင်းတယ်။ နောက်တစ်နေ့ အလုပ်သွားတဲ့လမ်းမှာ ယေဟောဝါသက်သေဖြစ်တဲ့ အဒေါ်ဆီ သွားလည်တယ်။ အိမ်ထဲ ဝင်လိုက်တဲ့အခါ အစည်းအဝေး လုပ်နေတဲ့ ယေဟောဝါသက်သေ အုပ်စုငယ်လေးကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြလို့ ဆက်နေပြီး နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျမ်းစာလေ့လာဖို့ ကျွန်တော် သဘောတူလိုက်ပြီး နောက်ခြောက်လမှာ နှစ်ခြင်းခံလိုက်တယ်။ ယေဟောဝါက ကျွန်တော့်ကို ပြောင်းလဲနိုင်အောင် လုပ်ပေးပြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ကူညီပေးခဲ့တယ်။