ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၁၃၆-၁၃၇
  • ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီ
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဘုရားနဲ့ရော အမေနဲ့ပါ ပြန်သင့်မြတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မေးခွန်းသုံးခုကြောင့် ကျွန်မဘဝပြောင်းလဲခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မနားတမ်းကို ဖတ်နေတော့တာ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၁၃၆-၁၃၇

ဂျော်ဂျီယာ

ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီ

ပက်ပို ဒေဗစ်ဇီ

  • မွေးဖွားတဲ့နှစ် ၁၉၇၆

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၉၃

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း ဂျော်ဂျီယာ ဩသဒေါ့ချာ့ချ်မှာ ကြီးပြင်းလာသူမို့ ရှေးရိုးစွဲသူ ဖြစ်တယ်။ ကျမ်းစာအမှန်တရား သိလာပြီးနောက် ခင်ပွန်းနဲ့အတူ ဗေသလမှာ အမှုဆောင်ခဲ့တယ်။ အခု အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတယ်။

ပက်ပို ဒေဗစ်ဇီ

ကူတိုင်ဆီမြို့မှာ တက္ကသိုလ်ကျောင်းသူ ဘဝတုန်းက သက်သေခံတွေအကြောင်း ဦးဆုံးကြားဖူးတာပေါ့။ သက်သေခံတွေက ဝတ်ပြုရေးမှာ ရုပ်တုတွေ မသုံးဘူး၊ ယေရှုကို အနန္တတန်ခိုးရှင်ဘုရားအဖြစ် လက်မခံဘူးလို့ အိမ်နီးချင်းတစ်ယောက် ပြောပြတယ်။ ဩသဒေါ့ခရစ်ယာန်အဖြစ် ကျွန်မ အမြတ်တနိုး ခံယူထားတဲ့ ယုံကြည်ချက်တွေနဲ့တော့ ဆန့်ကျင်ဘက်ပဲ။

၁၉၉၂၊ နွေရာသီမှာ ဇာတိ တစာဂေရီမြို့ကို ပြန်တော့ သက်သေခံတွေ ရှိနေမှန်း တွေ့ရတယ်။ သက်သေခံတွေရဲ့ ကောင်းသတင်း အတော်များများကို အမေကြားထားတယ်။ ကျွန်မကတော့ သူတို့ကို မကောင်းမြင်နေဆဲမို့ “သူတို့ ဘာသွန်သင်တယ်ဆိုတာ ကိုယ့်ဘာသာ သွားလေ့လာကြည့်” လို့ အမေပြောတယ်။

အိမ်နားက မိသားစုတစ်စုဆီ ပါဗလေနဲ့ ပါအာတာဆိုတဲ့ ရှေ့ဆောင်ညီအစ်ကိုနှစ်ယောက် ပုံမှန် လာလည်ပတ်နေတယ်။ အိမ်နီးချင်းတွေက သူတို့လာလည်တိုင်း နားထောင်ပြီး မေးခွန်းတွေ မေးကြတယ်။ ဒါနဲ့ အဲဒီဆွေးနွေးပွဲတွေကို တက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ မေးခွန်း မေးလိုက်တိုင်း ညီအစ်ကိုတွေက ကျမ်းစာဖွင့်ပြီး ဖတ်ခိုင်းတယ်။ ကျွန်မ တော်တော်စွဲမှတ်သွားတယ်။ ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီလေ။

မကြာခင်မှာပဲ ညီအစ်ကိုတွေ ကျမ်းစာသင်ပေးတဲ့ အုပ်စုနဲ့ ကျွန်မ ပူးပေါင်းလိုက်တယ်။ နောက်နှစ်နွေမှာ ကျွန်မတို့ဆယ်ယောက် နှစ်ခြင်းခံကြတယ်။ နောက်ပိုင်း အမေလည်း ယေဟောဝါသက်သေ ဖြစ်လာတယ်။

မေးခွန်းအားလုံးရဲ့ အဖြေကို ကျမ်းစာထဲကနေ ညီအစ်ကိုတွေ ဖတ်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်လို့ မဆုံးပါဘူး။ အဲဒီလို ဖတ်ခွင့်ရခဲ့တဲ့အတွက် ကိုယ့်ယုံကြည်ချက်တွေ မှန်ရဲ့လားဆိုတဲ့ ရင်တွင်းတိုက်ပွဲကို ဖြေရှင်းနိုင်ခဲ့တယ်။ ကျမ်းစာဖွင့်ဖတ်တဲ့နည်း ဘယ်လောက် ထိရောက်မှန်း သိတဲ့အတွက် အခုဆို အမှန်တရား နားလည်လာအောင် တခြားသူတွေကို ကူညီပေးဖို့ ကျွန်မလည်း ဒီနည်းကို သုံးနေပြီ။

ပက်ပို ဒေဗစ်ဇီ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ