panitan/stock.adobe.com
ဆင်းရဲမွဲတေမှုကို ယေရှု ပပျောက်စေမယ်
ယေရှု မြေကြီးပေါ်မှာရှိတုန်းက လူတွေကို၊ အထူးသဖြင့် ဆင်းရဲသားတွေနဲ့ ဒုက္ခရောက်နေသူတွေကို မေတ္တာများစွာပြခဲ့တယ်။ (မဿဲ ၉:၃၆) လူတွေရဲ့အကျိုးအတွက် အသက်ကိုတောင် စွန့်ခဲ့တာ။ (မဿဲ ၂၀:၂၈။ ယောဟန် ၁၅:၁၃) မကြာခင်မှာလည်း ဘုရားနိုင်ငံတော်ဘုရင်အနေနဲ့ မိမိရဲ့အခွင့်အာဏာကို သုံးပြီး ကမ္ဘာတစ်ဝန်းမှာ ဆင်းရဲမွဲတေမှုကို အဆုံးတိုင်စေပါတော့မယ်။ ဒီနည်းနဲ့ လူတွေကို ချစ်ကြောင်း ထပ်ပြပါမယ်။
ယေရှုလုပ်ဆောင်ပေးမယ့်အရာအကြောင်း ကျမ်းစာမှာ အခုလို ကဗျာဆန်ဆန် စပ်ဆိုထားတယ်–
“မင်းကြီးက ပြည်သူပြည်သားထဲက နိမ့်ကျသူတွေဘက်ကနေ ခုခံကာကွယ်ပေးပါစေ။ နွမ်းပါးသူတွေရဲ့ သားသမီးတွေကို ကယ်တင်ပေးပါစေ။”—ဆာလံ ၇၂:၄။
ကျွန်တော်တို့အတွက် ယေရှု လုပ်ဆောင်ပေးခဲ့ရာတွေ၊ လုပ်ဆောင်ပေးမယ့်အရာတွေအားလုံးအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြနိုင်သလဲ။ တစ်နည်းကတော့ ယေရှု ဟောပြောခဲ့တဲ့ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” အကြောင်း ပိုသိအောင် လေ့လာခြင်းအားဖြင့်ပါ။ (လုကာ ၄:၄၃) “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ပါ။