ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၁၇
  • နိုင်ငံရေး အကြမ်းဖက်မှု—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံရေး အကြမ်းဖက်မှု—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံရေးအမြင်တွေ ကွဲပြားမယ့်အကြောင်း ကျမ်းစာကြိုဟောထား
  • နိုင်ငံရေးအကြမ်းဖက်မှုတွေ အဆုံးတိုင်သွားမယ်
  • ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲ။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အကြမ်းဖက်မှု
    နိုးလော့!—၂၀၁၅
  • အကြမ်းဖက်မှု၏ထာဝရနိဂုံး —မည်သို့အားဖြင့်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ငြိမ်းချမ်းရေးရအောင် လူတွေ ဘာလို့ မလုပ်နိုင်တာလဲ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၁၇
သေနတ်နဲ့ ချိန်ထားစဉ်။

Rui Almeida Fotografia/Moment via Getty Images

သတိနဲ့ စောင့်နေကြပါ

နိုင်ငံရေး အကြမ်းဖက်မှု—ကျမ်းစာအဆိုက ဘာလဲ

အာဏာပိုင်တွေအပေါ် အကြမ်းဖက်ဆန့်ကျင်မှုတွေ တစ်နေ့တခြား ပိုမိုတိုးများလာ။

နိုင်ငံရေးအကြမ်းဖက်မှုတွေ ဘာကြောင့် ဒီလောက်များလာတာလဲ။ ဒါတွေ တစ်နေ့ အဆုံးတိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။

နိုင်ငံရေးအမြင်တွေ ကွဲပြားမယ့်အကြောင်း ကျမ်းစာကြိုဟောထား

“နောက်ဆုံးကာလ” လို့ခေါ်တဲ့ ကျွန်တော်တို့ခေတ်မှာ အကြမ်းဖက်မှု လှုံ့ဆော်သူတွေ၊ စိတ်ဝမ်းကွဲပြားမှုကို အားပေးအားမြှောက်ပြုသူတွေ များလာမယ်လို့ သမ္မာကျမ်းစာ ကြိုဟောထားတယ်။

  • “နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ . . . ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ . . . ညှိနှိုင်းလို့မရသူ၊ . . . ကြမ်းကြုတ်သူ၊ . . . သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ” တွေ ဖြစ်ကြလိမ့်မယ်။—၂ တိမောသေ ၃:၁-၄။

နိုင်ငံရေးပဋိပက္ခ၊ တော်လှန်ပုန်ကန်မှုစတဲ့ ဆူပူအုံကြွမှုတွေဟာ ဒီနေ့ခေတ်ရဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်မယ်လို့လည်း ကျမ်းစာကြိုဟောထားတယ်။ (လုကာ ၂၁:၉) ဒါပေမဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေ၊ ကွဲပြားမှုတွေ အမြဲတမ်းဆက်ရှိသွားမှာ မဟုတ်ဘူး။

နိုင်ငံရေးအကြမ်းဖက်မှုတွေ အဆုံးတိုင်သွားမယ်

ကောင်းကင်မှာတည်ထောင်ထားတဲ့ ဘုရားသခင့်အစိုးရက လူ့အစိုးရတွေနေရာမှာ အစားထိုးမယ်လို့ ကျမ်းစာဆိုတယ်။

  • “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ . . . [တခြား] နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄။

ဘုရားသခင့်နိုင်ငံတော်က လူတွေကို စည်းလုံးစေပြီး ကမ္ဘာတစ်ဝန်း စစ်မှန်တဲ့ငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးပါလိမ့်မယ်။

  • ဘုရားနိုင်ငံတော်ရဲ့ဘုရင်ဟာ “ငြိမ်းချမ်းရေးမင်းသား” ယေရှုခရစ်ဖြစ်ပြီး “သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ ငြိမ်သက်ခြင်းဟာ အဆုံးမရှိ တိုးများမယ်။”—ဟေရှာယ ၉:၆၊ ၇။

  • အခုအချိန်မှာတောင် ယေရှုခရစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိသူတွေဟာ သင့်သင့်မြတ်မြတ် နေထိုင်နည်းတွေအကြောင်း သင်ယူနေကြပြီ။ ဒါကြောင့် ကျမ်းစာမှာ အခုလိုဆိုထားတာပါ– “ဓားကို ထယ်သွားဖြစ်အောင်၊ လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။”—ဟေရှာယ ၂:၃၊ ၄။

ထပ်သိချင်ရင် “ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ” ဆောင်းပါးနဲ့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ