ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၂၉
  • သူတော်စင်တွေဆီ ဆုတောင်းသင့်သလား။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတော်စင်တွေဆီ ဆုတောင်းသင့်သလား။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာအဖြေ
  • သူတော်စင်များ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သူတော်စင်တွေဆီ ဆုတောင်းလို့ရသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စိန့်အစစ်အမှန်များ သင့်ကိုမည်သို့ကူညီပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေရှုဆီ ဆုတောင်းလို့ရသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၂၉

သူတော်စင်တွေဆီ ဆုတောင်းသင့်သလား

သမ္မာကျမ်းစာအဖြေ

သူတော်စင်တွေဆီ ဆုမတောင်းသင့်ပါဘူး။ ယေရှုနာမကတစ်ဆင့် ဘုရားသခင်ဆီပဲ ဆုတောင်းသင့်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ယေရှုက တပည့်တွေကို ခုလိုသင်ပေးခဲ့တယ်- “သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉၊ သမ္မာကျမ်း) ယေရှုက တပည့်တွေကို သူတော်စင်တွေ၊ ကောင်းကင်တမန်တွေဆီ ဆုတောင်းဖို့ မသင်ပေးခဲ့ဘူး၊ ဘုရားသခင်ကလွဲလို့ ဘယ်သူ့ဆီကိုမှ ဆုတောင်းဖို့ မသင်ပေးခဲ့ဘူး။

ယေရှုက နောက်လိုက်တွေကို ခုလိုလည်း ပြောခဲ့တယ်– “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆၊ သမ္မာကျမ်း) ယေရှုတစ်ပါးတည်းသာ ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင်ရှေ့ ကြားဝင်ဖျန်ဖြေပေးနိုင်တဲ့အခွင့်ရှိသူ ဖြစ်တယ်။—ဟေဗြဲ ၇:၂၅။

ဘုရားသခင်ဆီလည်း ဆုတောင်း၊ သူတော်စင်တွေဆီလည်း ဆုတောင်းလို့ မရဘူးလား။

စာတန့်ရဲ့ သွေးဆောင်မှုကို တုံ့ပြန်တဲ့အခါ ယေရှု ဒီလိုပြောခဲ့တယ်- “သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။” (မဿဲ ၄:၁၀၊ သမ္မာကျမ်း) ဆုတောင်းခြင်းကလည်း ဝတ်ပြုကိုးကွယ်မှုထဲမှာပါတယ်။ ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်တစ်ပါးတည်းကိုပဲ အကြွင်းမဲ့ပေးရမယ်လို့ ကိုယ်တော် တောင်းဆိုထားတယ်။—ဟေရှာယ ၄၈:၁၁။

သူတော်စင်တွေ၊ ကောင်းကင်တမန်တွေအပါအဝင် တခြားပုဂ္ဂိုလ် တစ်ပါးပါးဆီ ဆုတောင်းတာက ဘုရားသခင်ကို မလေးမခန့်လုပ်ရာ ရောက်တယ်။ တမန်တော်ယောဟန်က ကောင်းကင်တမန်တစ်ပါးကို ပျပ်ဝတ်ကိုးကွယ်ဖို့ လုပ်တဲ့အခါ ကောင်းကင်တမန်က “မပြုပါနှင့်၊ ငါကား သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကိုဆောင်သော သင်၏ညီအစ်ကိုတို့၏ လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့” လို့ပြောပြီး တားမြစ်ခဲ့တယ်။—ဗျာဒိတ် ၁၉:၁၀၊ သမ္မာကျမ်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ