ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၃၆
  • ယေရှုမွေးနေ့က ဘယ်နေ့လဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုမွေးနေ့က ဘယ်နေ့လဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ခရစ္စမတ်ပွဲကို ဘာကြောင့် ဒီဇင်ဘာ ၂၅ မှာ ကျင်းပတာလဲ
  • ယေရှုကို မည်သည့် အချိန်တွင် မွေးဖွားခဲ့သနည်း
    နိုးလော့!—၂၀၀၈
  • ဆီးနှင်းများကြား ယေရှု ဖွားမြင်ခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခရစ္စမတ်ပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • လူတချို့ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၃၆

ယေရှုမွေးနေ့က ဘယ်နေ့လဲ

သမ္မာကျမ်းစာဖြေဆိုရာ

ယေရှုခရစ်မွေးဖွားတဲ့ ရက်စွဲအတိအကျကို သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။ အကိုးအကားစာပေ တချို့မှာ အခုလို ဖော်ပြထားပါတယ်-

  • “ခရစ်တော်ရဲ့ မွေးနေ့အတိအကျကို မသိရပါဘူး။”–ကက်သလစ်စွယ်စုံကျမ်းသစ်။

  • “ခရစ်တော်ရဲ့ မွေးနေ့ကို အတိအကျ မသိကြပါဘူး။”–အစောပိုင်း ခရစ်ယာန်များဆိုင်ရာ စွယ်စုံကျမ်း။

‘ယေရှုမွေးနေ့က ဘယ်နေ့လဲ’ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို သမ္မာကျမ်းစာမှာ တိုက်ရိုက်မဖော်ပြထားပေမဲ့ ယေရှုမွေးဖွားခါနီး ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကိုတော့ ဖော်ပြထားပါတယ်။ အဲဒီဖြစ်ရပ်တွေကို ကြည့်ပြီး လူအတော်တော်များများက ယေရှုဟာ ဒီဇင်ဘာ ၂၅ ရက်မှာ မွေးတာမဟုတ်ဘူးဆိုပြီး ကောက်ချက်ချခဲ့ကြတယ်။

ဆောင်းရာသီမှာမဟုတ်

  1. ၁။ မှတ်ပုံတင်ခြင်း။ ယေရှုကို မမွေးဖွားခင်မှာ ရောမဘုရင် ကဲသာသြဂုတ္တုက “လူအားလုံး အမည်စာရင်းသွင်း” ကြဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ လူတိုင်းဟာ “မိမိတို့နေရင်းမြို့” ကိုသွားပြီး အမည်စာရင်း သွင်းရမှာ ဖြစ်တယ်။ ကိုယ့်မြို့ကိုယ် ပြန်တဲ့အခါ လမ်းခရီးမှာ တစ်ပတ်နှစ်ပတ် ကြာတတ်တယ်။ (လုကာ ၂:၁–၃) အခွန်ကောက်ခြင်း၊ စစ်မှုထမ်းခြင်းဆိုတဲ့ ကိစ္စရပ်တွေအတွက် အထောက်အကူဖြစ်စေဖို့ အဲဒီလို အမိန့်ထုတ်ပြန်တာ ဖြစ်နိုင်တယ်။ လူတွေက အဲဒီကိစ္စတွေအတွက် ခရီးမထွက်ချင်ကြဘူး။ ဒါကြောင့် ကဲသာသြဂုတ္တုဟာ လက်အောက်ခံပြည်သားတွေကို ချမ်းအေးတဲ့ ဆောင်းကာလမှာ အတင်းအကျပ် ရက်ရှည်ခရီးထွက်ခိုင်းပြီး သူတို့ကို ဒေါသထွက်အောင် ဆွပေးမှာတော့ ဖြစ်ဟန်မတူဘူး။

  2. ၂။ သိုးများ။ သိုးထိန်းတွေဟာ “သိုးအုပ်များကို ညအခါ ကွင်းပြင်၌ ထိန်းကျောင်း” နေပါတယ်။ (လုကာ ၂:၈) သိုးအုပ်တွေဟာ “ပသခါပွဲ [မတ်လနှောင်းပိုင်း] မတိုင်ခင်တစ်ပတ်” ကနေ နိုဝင်ဘာလလယ်အထိ ကွင်းပြင်မှာ ရှိနေကြတယ်လို့ စာအုပ်တစ်အုပ် (Daily Life in the Time) မှာဖော်ပြထားတယ်။ အဲဒီစာအုပ်မှာ ဒီလိုဆက်ဖော်ပြထားတယ်- “သိုးစုတွေဟာ အမိုးအကာအောက်မှာနေပြီး ဆောင်းကူးကြတယ်။ သိုးထိန်းတွေဟာ ကွင်းပြင်မှာ ရှိနေကြတယ်လို့ ခရစ်ဝင်ကျမ်းမှာ ဆိုထားတဲ့အတွက် ဆောင်းရာသီမှာ ခရစ္စမတ်ပွဲလုပ်တဲ့ မိရိုးဖလာနေ့စွဲက မှန်ပုံမရဘူး။”

ဆောင်းဦးရာသီမှာ

ယေရှု သေဆုံးသွားချိန်ဖြစ်တဲ့ ခရစ်နှစ် ၃၃၊ နွေဦး၊ နိသန်လ ၁၄ ရက်၊ ပသခါပွဲနေ့ကနေ နောက်ပြန်ရေတွက်ကြည့်မယ်ဆိုရင် ယေရှု ဘယ်အချိန်မှာ မွေးတယ်ဆိုတာကို တွက်ချက်နိုင်ပါတယ်။ (ယောဟန် ၁၉:၁၄–၁၆) သုံးနှစ်ခွဲကြာတဲ့ အမှုဆောင်ခြင်းလုပ်ငန်းကို ယေရှု စတင်ခဲ့တုန်းက ကိုယ်တော်ရဲ့အသက်က ၃၀ လောက်ရှိပါပြီ။ ဒါကြောင့် ယေရှုဟာ ဘီစီ  ၂ ၊ ဆောင်းဦးရာသီမှာ မွေးဖွားခဲ့တာဖြစ်တယ်။—လုကာ ၃:၂၃။

ခရစ္စမတ်ပွဲကို ဘာကြောင့် ဒီဇင်ဘာ ၂၅ မှာ ကျင်းပတာလဲ

ယေရှုခရစ်ဟာ ဒီဇင်ဘာ ၂၅ မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒါဆိုရင် ဘာကြောင့် အဲဒီနေ့မှာ ခရစ္စမတ်ပွဲကို ကျင်းပရတာလဲ။ ဗြိတိန်နီကာစွယ်စုံကျမ်းအရ ဘာသာရေးခေါင်းဆောင်တွေဟာ ဆောင်းယဉ်စွန်းချိန်မှာ ကျရောက်တဲ့ အယူမှား ရောမပွဲတော် တစ်ခုဖြစ်တဲ့ ‘မရှုံးနိမ့်နိုင်တဲ့ နေမင်းရဲ့ မွေးနေ့’ နဲ့ကိုက်ညီအောင် အဲဒီနေ့ကို ရွေးလိုက်တာဖြစ်တယ်။ အမေရိကားနား စွယ်စုံကျမ်းအရ “အယူမှားဘာသာ ပြောင်းဝင်လာသူတွေအတွက် ခရစ်ယာန်ဘာသာကို ပိုပြီးလက်ခံနိုင်စရာဖြစ်အောင်” အဲဒီလိုလုပ်လိုက်တာ ဖြစ်တယ်လို့ ကျမ်းပညာရှင် တော်တော်များများက ယူဆကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ