ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၃၅
  • ခရစ္စမတ်ပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ်ပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ခရစ္စမတ် ဓလေ့ထုံးတမ်းတွေရဲ့ သမိုင်းကြောင်း
  • ခရစ္စမတ်—အရှေ့တိုင်း၌ပင် အဘယ်ကြောင့်ကျင်းပကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခရစ္စမတ်—လောကပွဲနေ့လော ဘာသာရေးဆိုင်ရာ သန့်ရှင်းသောနေ့လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၃၅

ခရစ္စမတ်ပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

သမ္မာကျမ်းစာမှာ ယေရှုမွေးဖွားတဲ့နေ့ အတိအကျကို မဖော်ပြထားတဲ့အပြင် ကိုယ်တော်ရဲ့မွေးနေ့ပွဲကို ကျင်းပသင့်တယ်လို့လည်း မပြောထားပါဘူး။ မက်ကလင်းတော့နဲ့ စထရောင်း တို့ရဲ့ စွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်- “ခရစ္စမတ်ပွဲ ကျင်းပဖို့ ဘုရားသခင် မမိန့်မှာထားတဲ့အပြင် ဓမ္မသစ်ကျမ်းမှာလည်း မဖော်ပြထားပါဘူး။”

ခရစ္စမတ်ပွဲရဲ့ သမိုင်းကြောင်းကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ အယူမှား ဘာသာရေးဓလေ့ ထုံးတမ်းတွေကနေ ဆင်းသက်လာတာကို တွေ့ရှိရတယ်။ ဘုရားသခင် မနှစ်သက်တဲ့နည်းနဲ့ ကိုယ်တော့်ကို ဝတ်ပြုဖို့ ကြိုးစားမယ်ဆိုရင် ကိုယ်တော်ကို ရှုတ်ချရာရောက်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။–ထွက်မြောက်ရာ ၃၂:၅–၇။

ခရစ္စမတ် ဓလေ့ထုံးတမ်းတွေရဲ့ သမိုင်းကြောင်း

  1. ၁။ ယေရှုမွေးနေ့ ကျင်းပခြင်း– “အစောပိုင်းခရစ်ယာန်တွေဟာ [ယေရှု] မွေးနေ့ပွဲကို မကျင်းပခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ကို ကျင်းပတာဟာ အယူမှား ဓလေ့ထုံးစံ ဖြစ်တယ်လို့ သူတို့ ယူဆကြလို့ပါပဲ။”–ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း။

  2. ၂။ ဒီဇင်ဘာ ၂၅– အဲဒီနေ့မှာ ယေရှုမွေးဖွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေဟာ ဆောင်းယဉ်စွန်းချိန်မှာ ကျင်းပတဲ့ အယူမှားပွဲတော်နဲ့ တစ်ထပ်တည်းကျအောင် အဲဒီနေ့ကို ရွေးချယ်လိုက်တာ ဖြစ်နိုင်တယ်။

  3. ၃။ လက်ဆောင်ပေးခြင်း၊ စားသောက်ပွဲ၊ ပါတီပွဲ– အမေရိကားနားစွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်- “ခရစ္စမတ်ပွဲရဲ့ ပျော်ပွဲရွှင်ပွဲ ဓလေ့ထုံးစံ တော်တော်များများဟာ ဒီဇင်ဘာလလယ်မှာ ကျင်းပတဲ့ ဆက်တန်နေလီယာလို့ခေါ်တဲ့ ရောမပွဲတော်ကနေ ဆင်းသက်လာတယ်။ ဥပမာ၊ စားသောက်ပွဲ တခမ်းတနားကျင်းပတာ၊ လက်ဆောင်ပေးတာ၊ ဖယောင်းတိုင်ထွန်းတာတွေက အဲဒီပွဲကနေ ဆင်းသက်လာတာဖြစ်တယ်။” အဲဒီရောမပွဲတော်အတွင်း “အလုပ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားကြတယ်” ဆိုပြီး ဗြိတိန်နီကာစွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။

  4. ၄။ ခရစ္စမတ်မီးထွန်းခြင်း– ဘာသာရေးဆိုင်ရာစွယ်စုံကျမ်းအရ ဥရောပသားတွေဟာ ဆောင်းယဉ်စွန်းချိန်ကို ဆင်နွှဲဖို့နဲ့ နတ်ဆိုးတွေကို မောင်းထုတ်ဖို့ သူတို့ရဲ့ နေအိမ်တွေမှာ “မီးတွေ၊ အမြဲစိမ်းပင် မျိုးစုံ” နဲ့ အလှဆင်ထားကြတယ်။

  5. ၅။ ကျီးပေါင်းပင်နဲ့ ဟော်လီပင်– “ကျီးပေါင်းပင်မှာ ထူးခြားဆန်းကြယ်တဲ့ ဂုဏ်သတ္တိတွေ ရှိတယ်လို့ ဆဲလ်တစ်ဘုန်းတော်ကြီးတွေ ယူမှတ်ခဲ့ကြတယ်။ နေမင်း ပြန်လာမယ့် အထိမ်းအမှတ်အနေနဲ့ ဟော်လီလို့ခေါ်တဲ့ အမြဲစိမ်းပင်ကို ကိုးကွယ်ကြတယ်။”–အမေရိကားနားစွယ်စုံကျမ်း။

  6. ၆။ ခရစ္စမတ်သစ်ပင်– “အယူမှား ဥရောပသားတွေ ခရစ်ယာန်ဘာသာထဲ ပြောင်းဝင်လာပြီးတဲ့ နောက်ပိုင်းမှာ သစ်ပင်ကိုးကွယ်မှုက ဆက်တည်ရှိနေတုန်းပဲ။” သစ်ပင်ကိုးကွယ်မှုထဲမှာ ကနေ့ထက်ထိ ဆက်တည်ရှိနေတဲ့ ဓလေ့တစ်ခုကတော့ “ဆောင်းလယ်မှာကျင်းပတဲ့ ပွဲနေ့တွေအတွင်း အိမ်ပေါက်ဝမှာ ဒါမှမဟုတ် အိမ်ထဲမှာ ခရစ္စမတ်သစ်ပင်ထား” တဲ့ဓလေ့ဖြစ်တယ်။–ဗြိတိန်နီကာစွယ်စုံကျမ်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ