ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၃၇
  • အီစတာပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အီစတာပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • အီစတာ သို့မဟုတ် သတိရအောက်မေ့ပွဲ—မည်သည့်ပွဲကို ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အီစတာပွဲက ခရစ်ယာန်တွေ ကျင်းပသင့်တဲ့ပွဲလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ပွဲနေ့များကို ကျင်းပသင့်သလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၃၇

အီစတာပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

အီစတာပွဲက သမ္မာကျမ်းစာအပေါ် အခြေမပြုပါဘူး။ အဲဒီပွဲရဲ့ သမိုင်းကြောင်းကို ခြေရာခံကြည့်မယ်ဆိုရင် အီစတာပွဲရဲ့ အဓိပ္ပာယ်အမှန်ကို သိရပါလိမ့်မယ်။ အဲဒီပွဲဟာ မျိုးပွားခြင်းနဲ့ဆိုင်တဲ့ ရှေးထုံးတမ်းဓလေ့တွေအပေါ် အခြေပြုထားပါတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ။

  1. ၁။ အမည်– ဗြိတိန်နီကာစွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “အီစတာဆိုတဲ့ အင်္ဂလိပ်နာမည်ရဲ့ ဇာစ်မြစ်ကို အသေအချာ မသိရပါဘူး။ အဲဒီအမည်ကို ၈ ရာစုက အင်္ဂလို–ဆက်ဇွန် ဘုန်းတော်ကြီး ဗာနရယ်ဘယ် ဘိဒ်က အီစထရာလို့ခေါ်တဲ့ အင်္ဂလို–ဆက်ဇွန် နွေဦးနတ်ဘုရားမရဲ့ အမည်ကနေ ရယူခဲ့တာဖြစ်တယ်။” အကိုးအကား စာပေတချို့မှာ ဗာဗုလုန် မျိုးအောင်နတ်ဘုရားမ အစ်ရှတာနဲ့တူတဲ့ ဖိုနီးရှား မျိုးအောင်နတ်ဘုရားမ အက်စတာ့နဲ့လည်း ဆက်စပ်ဖော်ပြထားပါတယ်။

  2. ၂။ ယုန်– ယုန်ဟာ “ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသက အယူမှား နွေဦးပွဲတော်တွေရဲ့ ရှေးခေတ် ထုံးတမ်းဓလေ့ကနေ ဆင်းသက်” လာတဲ့ မျိုးအောင်ခြင်းရဲ့ အမှတ်သင်္ကေတဖြစ်တယ်။–ဗြိတိန်နီကာစွယ်စုံကျမ်း။

  3. ၃။ ဥများ– အဘိဓာန်တစ်အုပ် (Funk & Wagnalls Standard Dictionary of Folklore, Mythology and Legend) အရ အီစတာယုန်ကနေ ရရှိတယ်လို့ ယူဆရတဲ့ အီစတာဥတွေကို ရှာဖွေတာဟာ “ကလေးတွေ ကစားတဲ့ ကစားနည်းလောက်ပဲ မဟုတ်ပါဘူး။ အဲဒါက မျိုးအောင်ခြင်း ထုံးတမ်းဓလေ့တစ်ခု ဖြစ်တယ်။” အလှဆင်ထားတဲ့ အီစတာဥဟာ “ပျော်ရွှင်မှု၊ ကြွယ်ဝမှု၊ ကျန်းမာခြင်းနဲ့ ကာကွယ် စောင့်ရှောက်မှုတွေကို အံ့သြရလောက်အောင် ဆောင်ကြဉ်းပေးနိုင်တယ်” ဆိုပြီး ယဉ်ကျေးမှုတချို့က လူတွေ ယုံကြည်ကြတယ်။–Traditional Festivals.

  4. ၄။ အရုဏ်တက် ဝတ်ပြုစည်းဝေးများ– အဲဒီဝတ်ပြုစည်းဝေးတွေက “သက်ရှိအားလုံးအတွက် ဘဝအသစ် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိတဲ့ နေမင်းကို ကြိုဆိုတဲ့အနေနဲ့ နေ့တာနဲ့ညတာ ညီမျှတဲ့ နွေဦးကာလမှာ ပြုလုပ်တဲ့” ရှေးခေတ် နေကိုးကွယ်တဲ့သူတွေရဲ့ ထုံးတမ်းဓလေ့တွေနဲ့ ဆက်စပ်နေတယ်။

အီစတာရဲ့ ဇာစ်မြစ်နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (The American Book of Days) မှာ ဒီလိုဖော်ပြထားတယ်- “လေးရာစုက ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေဟာ ရှေးခေတ် အယူမှားဓလေ့ထုံးစံတွေကို လက်ခံခဲ့ပြီး ခရစ်ယာန်မှုပြုလိုက်ကြတယ်။”

ဘုရားသခင် မနှစ်သက်တဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ကိုယ်တော်ကို မဝတ်ပြုဖို့ သမ္မာကျမ်းစာမှာ သတိပေးထားပါတယ်။ (မာကု ၇:၆–၈) ကောရိန္သုဒုတိယစာစောင် ၆:၁၇ မှာ ယေဟောဝါဘုရားသခင်က “တသီးတခြားနေကြလော့။ မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်” ဆိုပြီး မိန့်မှာထားတယ်။ အီစတာပွဲဟာ အယူမှားပွဲတစ်ပွဲ ဖြစ်တဲ့အတွက် ဘုရားသခင့်စိတ်တော်နဲ့ တွေ့ချင်တဲ့သူတွေဟာ အဲဒီပွဲကို ရှောင်ကြဉ်ရပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ