ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jl အခန်း ၁၀
  • မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ
  • ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုများအတွက် အကူအညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေဟောဝါဘုရားကို မိသားစုလိုက် ဝတ်ပြုပါ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
နောက်ထပ် ကြည့်ပါ
ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
jl အခန်း ၁၀

အခန်း ၁၀

မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ

မိသားစုတစ်စု မိသားစုဝတ်ပြုမှု လုပ်နေကြစဉ်

တောင်ကိုရီးယား

မောင်နှံတစ်စုံ ကျမ်းစာ အတူလေ့လာနေစဉ်

ဘရာဇီး

ယေဟောဝါသက်သေတစ်ယောက် ကျမ်းစာ လေ့လာနေစဉ်

ဩစတြေးလျ

မိသားစုတစ်စု ကျမ်းစာအကြောင်း ဆွေးနွေးနေစဉ်

ဂီနီ

ယေဟောဝါဘုရားသခင်က မိသားစုတိုင်းကို အတူတူ အချိန်အသုံးပြုစေချင်တာ ရှေးအချိန် ကတည်းကပါပဲ။ အဲဒါက ဘုရားသခင်နဲ့ ရင်းနှီးလာစေတဲ့အပြင် အချင်းချင်းကိုလည်း ပိုရင်းနှီးစေလို့ပါပဲ။ (တရားဟောရာ ၆:၆၊ ၇) ဒါကြောင့် ယေဟောဝါသက်သေတွေက တစ်ပတ်တာရဲ့ အချိန်တစ်ချိန်ချိန်ကို မိသားစုလိုက် အတူတကွ ဝတ်ပြုချိန်အဖြစ် သတ်မှတ်ထားကြတယ်။ အဲဒီအချိန်မှာ သူတို့အတွက်လိုအပ်တဲ့ ကျမ်းစာအကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဆွေးနွေးကြတယ်။ သင်ဟာ တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်မယ်ဆိုရင် ဒီလိုအချိန်မျိုးမှာ ကျမ်းစာအကြောင်းအရာတစ်ခုခုကို လေ့လာခြင်းအားဖြင့် ဘုရားသခင်နဲ့ ပိုရင်းနှီးလာအောင် လုပ်နိုင်ပါတယ်။

ဘုရားသခင်နဲ့ ပိုရင်းနှီးလာစေတဲ့ အချိန်ဖြစ်တယ်။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။” (ယာကုပ် ၄:၈) သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါဘုရားရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်မှု အသေးစိတ်ကို လေ့လာတဲ့အခါ ဘုရားသခင်အကြောင်း ပိုသိလာမယ်။ မိသားစုဝတ်ပြုမှုကို စတင်နိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ အတူတူ ကျမ်းစာဖတ်ခြင်းပါပဲ။ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအတွက် ပေးထားတဲ့ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်းဇယားအတိုင်း ဖတ်နိုင်တယ်။ မိသားစုဝင်တွေကို ဖတ်ရမယ့်ကျမ်းပိုဒ်တွေ ခွဲပေးနိုင်ပြီး ဖတ်သွားတဲ့ ကျမ်းချက်ကနေ ဘာသင်ခန်းစာရသလဲဆိုတာ အားလုံး ပါဝင်ဆွေးနွေးနိုင်တယ်။

မိသားစုဝင်အချင်းချင်း ပိုရင်းနှီးလာစေတဲ့ အချိန်ဖြစ်တယ်။ မိသားစုလိုက် ကျမ်းစာ လေ့လာတဲ့အခါ ခင်ပွန်းနဲ့ ဇနီး၊ မိဘနဲ့ သားသမီးနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ဒီအချိန်ကို ပျော်ရွှင်စရာ၊ စိတ်အေးချမ်းစရာအချိန်၊ တစ်ပတ်တာအတွင်း မိသားစုဝင်တိုင်း စောင့်မျှော်နေတဲ့အချိန် ဖြစ်စေသင့်တယ်။ မိဘတွေအနေနဲ့ လေ့လာမယ့်အကြောင်းအရာတွေကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် ရွေးချယ်နိုင်တယ်။ ကင်းမျှော်စင်၊ နိုးလော့! ဒါမှမဟုတ် jw.org ဝက်ဘ်ဆိုက်မှာပါတဲ့ အကြောင်းအရာတွေကို အသုံးပြုနိုင်တယ်။ ကျောင်းမှာ ကလေးတွေကြုံရတဲ့ ​ပြဿနာတွေ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာတွေကို ပြောဆိုဆွေးနွေးနိုင်တယ်။ JW ရုပ်သံ အစီအစဉ် (tv.jw.org) ကို ကြည့်ပြီး ဆွေးနွေးနိုင်တယ်။ အစည်းအဝေးမှာ သီဆိုမယ့် သီချင်းတွေကို လေ့ကျင့်နိုင်တယ်။ ဝတ်ပြုမှုပြီးတဲ့အခါ တစ်ခုခုစားသောက်နိုင်ပါတယ်။

ယေဟောဝါကို အတူတကွဝတ်ပြုတဲ့ ဒီပတ်စဉ်အထူးအချိန်အခါက မိသားစုဝင်အားလုံးကို သမ္မာကျမ်းစာလေ့လာမှုမှာ ပျော်မွေ့လာစေမယ်။ သင့်ရဲ့ကြိုးစားအားထုတ်မှုကို ဘုရားသခင် ကြွယ်ဝစွာ ကောင်းချီးပေးပါလိမ့်မယ်။—ဆာလံ ၁:၁-၃။

  • မိသားစုဝတ်ပြုမှုအတွက် ကျွန်တော်တို့ ဘာကြောင့် အချိန်သတ်မှတ်ထားကြသလဲ။

  • မိသားစုဝင်တိုင်းအတွက် ဒီအချိန်အခါဟာ ပျော်စရာကောင်းတဲ့အချိန်ဖြစ်ဖို့ မိဘတွေအနေနဲ့ ဘာလုပ်နိုင်သလဲ။

ထပ်ဆင့်လေ့လာကြည့်ပါ

မိသားစုဝတ်ပြုမှုမှာ ဘာတွေလုပ်သလဲဆိုပြီး အသင်းတော်မှာရှိတဲ့ တခြားသူတွေကို မေးကြည့်ပါ။ သင်သုံးနိုင်မယ့် အကြံဉာဏ်တချို့ ရနိုင်ပါတယ်။ ကလေးတွေကို ယေဟောဝါဘုရားအကြောင်း သင်ပေးရာမှာ အသုံးပြုဖို့ ဝတ်ပြုရာခန်းမမှာ ဘာစာပေတွေ ရနိုင်မလဲဆိုတာ မေးကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ