ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၂၄
  • ဆက်စ်တင်နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆက်စ်တင်နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆက်စ်တင်ဆိုတာဘာလဲ
  • ဆက်စ်တင်ကြောင့် ဘာဆိုးကျိုးတွေ ကြုံရနိုင်သလဲ
  • သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ
  • သင်သာဆို ဘာလုပ်မလဲ
  • ဖုန်းနဲ့ မဖွယ်မရာပုံတွေ၊ စာတွေပို့ခြင်းအကြောင်း သင့်ကလေးနဲ့ ပြောဆိုနိုင်ပုံ
    နိုးလော့!—၂၀၁၃
  • ညစ်ညမ်း ရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဖိုမကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းဆယ်ခုရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင့်မှာ ယေဟောဝါရဲ့ အတွေးအခေါ်မျိုး ရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၂၄

လူငယ်များအမေး

ဆက်စ်တင်နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

  • ဆက်စ်တင်ဆိုတာဘာလဲ

  • ဆက်စ်တင်ကြောင့် ဘာဆိုးကျိုးတွေ ကြုံရနိုင်သလဲ

  • သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ

  • သင်သာဆို ဘာလုပ်မလဲ

ဆက်စ်တင်ဆိုတာဘာလဲ

“ဆက်စ်တင်” (sexting) ဆိုတာက လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ရေးသားထားတဲ့စာ၊ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို ဆဲလ်ဖုန်းကနေတစ်ဆင့် ပို့ပေးတာကို ပြောတာဖြစ်တယ်။ အမျိုးသားတစ်ဦး ဒီလိုပြောတယ်– “အခုအချိန်မှာ အဲဒီလိုလုပ်တာတွေက သာမန်အရာလိုဖြစ်နေပြီ။ အပြန်အလှန် စာပို့ရာကနေ သိပ်မကြာခင်မှာ ခပ်ဟော့ဟော့၊ မဟုတ်မဟတ်ပုံတွေကို အပြန်အလှန် ဖလှယ်လာကြတယ်။”

လူတွေ ဘာကြောင့် ဒီလိုလုပ်ကြတာလဲ။ တချို့ဆယ်ကျော်သက်တွေက ဒီလိုမြင်ကြတယ်– “သင့်ရဲ့ဆဲလ်ဖုန်းထဲမှာ သင်နှစ်သက်တဲ့သူရဲ့ မတော်မလျော် ရိုက်ထားတဲ့ပုံရှိနေတာက သင်ဟာ လိင်ဘက်မှာ စိတ်သန်တယ်ဆိုတာကို ကြေညာခြင်းဖြစ်တယ်” ဆိုပြီး သက်တမ်းရင့်ရှေ့နေတစ်ဦးရဲ့စကားကို နယူးယောက်တိုင်းမ်မှာ ဖော်ပြထားတယ်။ ဆယ်ကျော်သက်တစ်ဦးက အဲဒါဟာ “အန္တရာယ်မရှိတဲ့ လိင်မှုကိစ္စဖြစ်တယ်” လို့ပြောပြီး “ဒီလိုလုပ်လို့ ကိုယ်ဝန်လည်းမရဘူး။ လိင်ဆိုင်ရာ ကူးစက်ရောဂါလည်း မရဘူး” လို့ပြောခဲ့တယ်။

ဆယ်ကျော်သက်လူငယ်တွေ ဆက်စ်တင်ပို့တဲ့ကိစ္စမှာ ပါဝင်လာရတဲ့ တခြားအကြောင်းရင်းတွေက ဒါတွေကြောင့်လည်း ဖြစ်နိုင်တယ်–

  • ကိုယ်နှစ်သက်တဲ့သူ ကိုယ့်ကိုစိတ်ဝင်စားလာအောင် အီစီကလီလုပ်ရင်း ပို့ဖြစ်သွားနိုင်တယ်။

  • တစ်ယောက်ယောက်က ကိုယ့်ကို မဖွယ်မရာပုံ ပို့ပေးထားတဲ့အတွက် အဲဒီလိုမျိုးပုံ ပြန်ပို့ပေးရမယ်လို့ ယူမှတ်ပြီး ပို့ဖြစ်သွားတယ်။

ဆက်စ်တင်ကြောင့် ဘာဆိုးကျိုးတွေ ကြုံရနိုင်သလဲ

သင်က ဆဲလ်ဖုန်းနဲ့ ပုံတစ်ပုံပို့ပေးလိုက်တယ်ဆိုရင် အဲဒီပုံကို သင်မပိုင်တော့ဘူး၊ သူတို့ကြိုက်သလို သုံးနိုင်တဲ့အတွက် သင့်နာမည် ပျက်သွားနိုင်တယ်။ “အမှားတွေ၊ အပြစ်တွေလုပ်မိရင်တောင် ဆက်စ်တင်လို မြန်မြန်ဆန်ဆန်မပျံ့ဘူး” ဆိုပြီး ဖြူးသုတေသနဌာနက သုတေသီလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ အမန်ဒါ လန်းနက် ကပြောတယ်။

တချို့အကြောင်းရင်းတွေက

  • မဖွယ်မရာပုံတွေ ကိုယ့်ဆီရောက်လာတဲ့အခါ အပျော်သဘောအနေနဲ့ သူငယ်ချင်းတွေဆီ တစ်ဆင့်ပြန်ပို့ကြတယ်။

  • အဆက်ဖြတ်ခံရတဲ့ ကောင်လေးတွေဟာ သူတို့ကောင်မလေးကို ကလဲ့စားချေတဲ့အနေနဲ့ ကောင်မလေးရဲ့ မဖွယ်မရာပုံတွေကို ဖြန့်ကြတယ်။

ဒီအချက်ကို သင်သိပါသလား။ အခြေအနေအတော်များများမှာ မဖွယ်မရာပုံတွေ ဖုန်းနဲ့ဖြန့်သူတွေကို ကလေးမတော်မတရားပြုသူ၊ ကလေးညစ်ညမ်းရုပ်ပုံဖြန့်သူအဖြစ် သတ်မှတ်ထားတယ်။ ဆက်စ်တင်လုပ်တဲ့ အရွယ်မရောက်သေးသူတချို့ကို လိင်ဆိုင်ရာပြစ်မှုကျူးလွန်သူအဖြစ် တရားစွဲဆိုတာတွေ ရှိပါတယ်။

သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ

ကိုယ့်အိမ်ထောင်ဖက်နဲ့ပဲ လိင်သာယာမှုရှာဖို့ သမ္မာကျမ်းစာမှာ ပြောထားပါတယ်။ (သုတ္တံ ၅:၁၈) ဒါပေမဲ့ အိမ်ထောင်ဖက်မဟုတ်သူတွေနဲ့ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ဖော်ပြချက်တွေရှိပါတယ်။ အောက်ပါကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ။

  • “မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။ မသင့်လျော်သောအမှုများဖြစ်သည့် ရှက်ဖွယ်သော အမူအကျင့်၊ မိုက်မဲသောစကား၊ ညစ်ညမ်းသော ပြက်လုံးများကိုလည်း မပြောဆိုကြနှင့်။”—ဧဖက် ၅:၃၊ ၄။

  • “မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း၊ . . . တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။”—ကောလောသဲ ၃:၅။

ဖော်ပြထားတဲ့ကျမ်းချက်တွေက “မတရားမေထုန်” (အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံခြင်း) မလုပ်ဖို့လောက်ပဲ ဖော်ပြထားတာမဟုတ်ဘူး။ ကိုယ်ကျင့်တရားမကောင်းတဲ့ ဘယ်လုပ်ရပ်ကိုမဆို ရည်ညွှန်းတဲ့ “မသန့်ရှင်းခြင်း” နဲ့ အိမ်ထောင်အတွင်းမှာမဟုတ်ဘဲ မတော်လျော်တဲ့ အပြုအမူတွေ လုပ်မိစေတဲ့ “သွေးသားဆန္ဒပြင်းပြခြင်း” စတာတွေကို မလုပ်ဖို့လည်း ပြောထားပါတယ်။

ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ–

  • မဖွယ်မရာပုံတွေ ပို့တာက ဘယ်လိုကြောင့် “မသန့်ရှင်းခြင်း” ထဲမှာ ပါသလဲ။

  • အဲဒါတွေက ဘယ်လိုနည်းနဲ့ “သွေးသားဆန္ဒပြင်းပြ” တဲ့အခြေအနေ ရောက်သွားစေနိုင်သလဲ။

  • မဖွယ်မရာပုံတွေကို ကြည့်ချင်တဲ့စိတ်၊ ဖြန့်ချင်တဲ့စိတ်က ဘာကြောင့် “မကောင်းသောတောင့်တခြင်း” ဖြစ်သလဲ။

အောက်ဖော်ပြပါကျမ်းချက်တွေက ဆက်စ်တင်လုပ်တာကို ရှောင်ကြဉ်စေတဲ့ ပိုလေးနက်တဲ့ အကြောင်းရင်းတွေ ဖော်ပြထားပါတယ်။

  • “သင်သည် ... ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်သနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်လော့။”—၂ တိမောသေ ၂:၁၅။

  • “မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရားဆည်းကပ်သူများ ဖြစ်သင့်၏။”—၂ ပေတရု ၃:၁၁။

အဲဒီကျမ်းချက်တွေက ကိုယ်ကျင့်တရားစင်ကြယ်သူတွေ ခံစားရတဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပါတယ်။ သင့်မှာ ချီးမွမ်းစရာအကျင့်ကောင်းတွေ ရှိတယ်ဆိုရင် သင့်လုပ်ရပ်တွေအတွက် နောက်ပိုင်းမှာ နောင်တရစရာ ကိစ္စတွေ ရှိမှာမဟုတ်ဘူး။—ဂလာတိ ၆:၇။

ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ–

  • ငါဟာ ဘယ်လိုလူစားမျိုးလဲ။

  • တခြားသူတွေရဲ့ နာမည်ကောင်းကို ငါဂရုစိုက်သလား။

  • တခြားသူတွေကို ထိခိုက်နစ်နာစေတဲ့အရာနဲ့ ငါအပျော်ရှာချင်သလား။

  • ဆက်စ်တင်လုပ်ရင် ငါ့နာမည် ဘယ်လိုထိခိုက်နိုင်သလဲ။

  • ဆက်စ်တင်ကိစ္စကြောင့် ငါ့မိဘတွေ ငါ့အပေါ်ယုံကြည်စိတ်ချမှု ပျောက်သွားနိုင်သလား။

ဖြစ်ရပ်မှန်– “ကျွန်မရဲ့ သူငယ်ချင်းက ကောင်လေးတစ်ယောက်နဲ့ တိတ်တိတ်လေးတွဲနေတယ်။ သူက သူ့ကောင်လေးကို အဝတ်အစားမပါဘဲရိုက်ထားတဲ့ သူ့ရဲ့ပုံကို ပို့ပေးတယ်။ ကောင်လေးကလည်း သူ့ပုံတစ်ပုံ ပြန်ပို့ပေးတယ်။ နှစ်ရက်လောက်ပဲရှိသေးတယ်၊ သူ့အဖေက သူ့ရဲ့ဖုန်းကို စစ်တယ်။ အဲဒီပုံတွေတွေ့သွားပြီး ယူကျုံးမရဖြစ်သွားတယ်။ သမီးကိုမေးတဲ့အခါ သူလည်း အမှန်အတိုင်း ဝန်ခံခဲ့တယ်။ သူ့လုပ်ရပ်ကို သူဝမ်းနည်းတယ်ဆိုတာထက် သူ့မိဘက အဲဒီလုပ်ရပ်အတွက် အရမ်းထိတ်လန့်သွားပြီး စိတ်ပျက်သွားကြတယ်။ သူတို့သမီးကို ယုံကြည်စိတ်ချဖို့ အခက်တွေ့သွားတယ်။”

သိထားသင့်ရာ– မဖွယ်မရာပုံတွေ၊ စာတွေ ပို့မယ်၊ ကြည့်မယ်ဆိုရင် ဂုဏ်သိက္ခာကျဆင်းစေပါတယ်။ ရည်းစားဖြစ်သူက မဖွယ်မရာပုံပေးပို့ဖို့ ဖိအားပေးမှုခံခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က “ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်တယ်၊ စိတ်လည်းပျက်မိတယ်” လို့ပြောခဲ့တယ်။

ဆက်စ်တင်က သင့်ကိုရော တခြားသူတွေကိုပါ ထိခိုက်နစ်နာစေတဲ့အပြင် တရားဥပဒေနဲ့ပါ ရင်ဆိုင်ရနိုင်တဲ့အတွက် ဒီကျမ်းစာအကြံပြုချက်တွေကို လိုက်နာရင် အကျိုးရှိပါတယ်။

  • “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများကို ရှောင်ကြဉ်လော့။”—၂ တိမောသေ ၂:၂၂။

  • “အနတ္တကိုပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။”—ဆာလံ ၁၁၉:၃၇။

သင်သာဆို ဘာလုပ်မလဲ

တကယ်ကြုံလာရပြီဆိုရင် သမ္မာကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။ ဂျဲနက်ပြောတဲ့စကားကိုဖတ်ပြီး ဘယ်တစ်ခုက အကောင်းဆုံးလဲဆိုတာ ရွေးကြည့်ပါ။

“တစ်ခါက ကျွန်မ ကောင်လေးတစ်ယောက်နဲ့ဆုံတယ်။ ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးကြတယ်။ တစ်ပတ်တောင်မပြည့်သေးဘူး၊ ရေကူးဝတ်စုံနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေပို့ပေးဖို့ တောင်းလာတယ်။”—ဂျဲနက်။

ဂျဲနက်ဘာလုပ်သင့်တယ်လို့ သင်ထင်သလဲ။ သင်သာဆို ဘာလုပ်မလဲ။

  • ရွေးချယ်မှု ၁– ဒီလိုစဉ်းစားမိနိုင်တယ်– ‘ပို့ပေးလိုက်တာက ဘာမှမမှားပါဘူး။ ကမ်းခြေသွားမယ်ဆိုရင်လည်း သူငါ့ကို ရေကူးဝတ်စုံနဲ့ မြင်ရမှာပဲ။’

  • ရွေးချယ်မှု ၂– ဒီလိုစဉ်းစားမိနိုင်တယ်– ‘သူ ဘာလုပ်မယ်ဆိုတာ ငါမသိဘူး။ သူဘာလုပ်တယ်ဆိုတာသိရအောင် တစ်ပုံလောက်တော့ စမ်းပို့ကြည့်လိုက်မယ်။’

  • ရွေးချယ်မှု ၃– ဒီလိုစဉ်းစားမိနိုင်တယ်– ‘ဒီ လူကတော့ နှာဘူးပဲ။ သူ့စာကို ဖျက်ပစ်လိုက်မယ်။’

ရွေးချယ်မှု ၃ က အကောင်းဆုံး မဟုတ်လား။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားပါတယ်– “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့်ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။ စဉ်းစားဉာဏ်မဲ့သူတို့မူကား ဒုက္ခနှင့် ထိပ်တိုက်ဝင်၍ တိုးပြီးကာမှ နောင်တရတတ်ကြလေသည်။”—သုတ္တံ ၂၂:၃၊ ခေတ်သုံးမြန်မာ။

အထက်မှာဖော်ပြခဲ့တဲ့အရာတွေအရ ဆက်စ်တင်အပါအဝင် မကောင်းတဲ့အမူအကျင့်တွေနဲ့ ပါဝင်ပတ်သက်မိသွားစေတတ်တဲ့ အချက်ကတော့ အပေါင်းအသင်းရွေးချယ်မှုပါပဲ။ (သုတ္တံ ၁၃:၂၀) “မသင့်လျော်တဲ့အမူအကျင့်တွေကို လက်သင့်မခံတဲ့သူတွေနဲ့ပဲ အပေါင်းအသင်းလုပ်ပါ” ဆိုပြီး စယ်ရာဆိုတဲ့ မိန်းကလေး ကပြောတယ်။ ဒေလီယာကလည်း အဲဒါကို ထောက်ခံတယ်။ သူဒီလိုပြောတယ်– “သူငယ်ချင်းလို့ပြောတဲ့သူတချို့က ကောင်းတဲ့ကိုယ်ကျင့်တရားကို ဆက်ထိန်းနိုင်အောင် ကူညီပေးမယ့်အစား ဖောက်ဖျက်အောင် အားပေးအားမြှောက်လုပ်ကြတယ်။ သူတို့ရဲ့အကျင့်က ဘုရားပညတ်နဲ့မကိုက်ညီဘူးဆိုရင် သင့်ကို ဘုရားမကြိုက်တာလုပ်ဖို့ အားပေးကြမှာပဲ။ အဲဒီလိုဖြစ်ချင်လို့လား။”

ပညာရှိရှိပြုမူပါ

  • သင့်မိဘကို မမြင်စေချင်တဲ့ ပုံတွေကို တခြားသူတွေဆီ ဘယ်တော့မှ မပို့ပါနဲ့၊ လက်မခံပါနဲ့။

  • သင်ပို့လိုက်တဲ့ ဘယ်ပုံမဆိုဟာ သင်ခွင့်မပြုရင်တောင် တခြားသူတွေမြင်သွားနိုင်တယ်ဆိုတာ သိထားပါ။

  • သင့်ဆီပို့လာတဲ့ မဖွယ်မရာပုံတွေကို မဖျက်လိုက်ခင် လူကြီးတစ်ယောက်ယောက်ကို အသိပေးပါ။ မိဘ ဒါမှမဟုတ် ဆရာ၊ ဆရာမ ဖြစ်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ