ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၁
  • သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပတ်သက်တဲ့ ယူဆချက်အမှားများ
  • သန့်ရှင်းသောဝိညာဉ်တော်—ဘုရားသခင့် တက်ကြွလှုပ်ရှားသော စွမ်းအား
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သန့်ရှင်းသောဝိညာဉ်တော် ဟူသည် အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၁
လေရဲ့စွမ်းအားကြောင့် အပင်ကနေ သစ်ရွက်တွေ ကြွေနေ

သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘုရားအသုံးပြုတဲ့ စွမ်းအားဖြစ်တယ်။ (မိက္ခာ ၃:၈; လုကာ ၁:၃၅) ဘုရားသခင်က ဝိညာဉ်တော်ကိုလွှတ်တယ်လို့ ပြောတဲ့အခါ အလိုတော်ပြီးမြောက်စေဖို့ ကိုယ်တော့်စွမ်းအားတော်ကို လွှတ်လိုက်တာဖြစ်တယ်။—ဆာလံ ၁၀၄:၃၀; ၁၃၉:၇။

ကျမ်းစာမှာပါတဲ့ “ဝိညာဉ်” ဆိုတဲ့စကားလုံးက ဟေဗြဲစကားလုံး ရူးအာခ် နဲ့ ဂရိစကားလုံး နျူမာ ကနေ ဘာသာပြန်ထားတာဖြစ်တယ်။ အဲဒီစကားလုံးတွေက ဘုရားသခင်ရဲ့စွမ်းအားတော်ဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို အများအားဖြင့် ဆိုလိုတယ်။ (ကမ္ဘာဦး ၁:၂) ဒါပေမဲ့ ရူးအာခ် နဲ့ နျူမာ ကို ကျမ်းစာမှာ အောက်ပါအဓိပ္ပာယ်မျိုးနဲ့လည်း သုံးထားပါတယ်–

  • အသက်။—ဟဗက္ကုတ် ၂:၁၉; ဗျာဒိတ် ၁၃:၁၅။

  • လေ။—ကမ္ဘာဦး ၈:၁; ယောဟန် ၃:၈။

  • သတ္တဝါတွေဆီမှာရှိတဲ့ အသက်စွမ်းအား။—ယောဘ ၃၄:၁၄၊ ၁၅၊ ကဘ။

  • လူတစ်ယောက်ရဲ့ စိတ်နေသဘောထား။—တောလည်ရာ ၁၄:၂၄။

  • ဘုရားသခင်နဲ့ ကောင်းကင်တမန်တွေလို လူ့မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ။—၃ ဓမ္မရာဇဝင် ၂၂:၂၁; ယောဟန် ၄:၂၄။

ဒီအဓိပ္ပာယ်အားလုံးက မြင်နိုင်တဲ့အကျိုးရလဒ်ကို ထွက်ပေါ်စေတဲ့ မမြင်နိုင်တဲ့အရာတစ်ခုခုကို ဖော်ပြနေတယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကလည်း “လေလိုပဲ မမြင်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့အရာဖြစ်ပေမဲ့ တန်ခိုးရှိတဲ့ စွမ်းအားဖြစ်တယ်။”—An Expository Dictionary of New Testament Words, by W. E. Vine.

ကျမ်းစာက ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင်ရဲ့ “လက်တော်၊” “လက်ညှိုးတော်” ဆိုပြီး တင်စားဖော်ပြထားတယ်။ (ဆာလံ ၈:၃; ၁၉:၁; လုကာ ၁၁:၂၀; မဿဲ ၁၂:၂၈ နဲ့နှိုင်းယှဉ်ပါ။) လက်မှုပညာကျွမ်းကျင်သူက သူ့လက်နဲ့လက်ချောင်းတွေကိုသုံးပြီး လက်မှုပညာတွေကို ဖန်တီးသလို ဘုရားသခင်ကလည်း ဝိညာဉ်တော်ကို သုံးပြီး အောက်ပါအရာတွေကို ဖန်တီးခဲ့တယ်–

  • စကြဝဠာ။—ဆာလံ ၃၃:၆; ဟေရှာယ ၆၆:၁၊ ၂။

  • ကျမ်းစာ။—၂ ပေတရု ၁:၂၀၊ ၂၁။

  • ဘုရားသခင့်ကျေးကျွန်တွေ လုပ်ခဲ့တဲ့အံ့ဖွယ်အမှုတွေနဲ့ သူတို့ရဲ့ ထက်သန်တဲ့ ဟောပြောခြင်း။—လုကာ ၄:၁၈; တမန်တော် ၁:၈; ၁ ကောရိန္သု ၁၂:၄–၁၁။

  • ဘုရားကိုနာခံတဲ့သူတွေ တင်ပြတဲ့ အရည်အသွေးကောင်းတွေ။—ဂလာတိ ၅:၂၂၊ ၂၃။

သန့်ရှင်းသောဝိညာဉ်တော်က ပုဂ္ဂိုလ်တစ်ပါးမဟုတ်

ဝိညာဉ်တော်ကို ဘုရားသခင်ရဲ့ “လက်တော်၊” “လက်ညှိုးတော်၊” ‘မှုတ်ထုတ်တဲ့ လေ’ လို့ဖော်ပြထားတာကိုကြည့်ရင် ဝိညာဉ်တော်ဟာ ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘူးဆိုတာ သိနိုင်တယ်။ (ထွက်မြောက်ရာ ၁၅:၈၊ ၁၀) လက်မှုပညာသည်ရဲ့ လက်တွေဟာ သူ့စိတ်နဲ့ခန္ဓာကိုယ်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သလို ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကိုယ်တော့်ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ပါတယ်။ (လုကာ ၁၁:၁၃) ကျမ်းစာမှာ ဘုရားရဲ့ဝိညာဉ်တော်ကို ရေနဲ့နှိုင်းယှဉ်ထားပြီး ယုံကြည်ခြင်း၊ အသိပညာတို့နဲ့လည်း တွဲဖက်ဖော်ပြထားတယ်။ ဒီနှိုင်းယှဉ်ချက်တွေကို ကြည့်တဲ့အခါ ဝိညာဉ်တော်က ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘူးဆိုတာ သိနိုင်တယ်။—ဟေရှာယ ၄၄:၃; တမန်တော် ၆:၅; ၂ ကောရိန္သု ၆:၆။

ကျမ်းစာမှာ ဘုရားရဲ့နာမည်ကို ယေဟောဝါ၊ သားတော်ရဲ့နာမည်ကို ယေရှုခရစ်တော်ဆိုပြီး ဖော်ပြထားပေမဲ့ ဝိညာဉ်တော်ရဲ့ နာမည်ကိုတော့ ဘယ်နေရာမှာမှ မဖော်ပြထားပါဘူး။ (ယေရမိ ၃၃:၂; လုကာ ၁:၃၁) ခရစ်ယာန်တစ်ယောက်ဖြစ်သူ သတေဖန် မြင်တွေ့ခဲ့တဲ့ ထူးခြားတဲ့ကောင်းကင်ရူပါရုံမှာ ပုဂ္ဂိုလ်သုံးပါးမဟုတ်ဘဲ နှစ်ပါးပဲ ရှိပါတယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “သတေဖန်သည်လည်း သန့်ရှင်းသော စွမ်းအားတော်နှင့်ပြည့်၍ ကောင်းကင်သို့ စေ့စေ့ကြည့်သောအခါ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင် [၏။]” (တမန်တော် ၇:၅၅) သတေဖန်ဟာ ဘုရားရဲ့စွမ်းအားဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဒီရူပါရုံကို မြင်တွေ့ခဲ့တာဖြစ်တယ်။

သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပတ်သက်တဲ့ ယူဆချက်အမှားများ

အမှား- ယုဒသန်ကျမ်းရဲ့ ၁ ယောဟန် ၅:၇၊ ၈ မှာ ဖော်ပြထားသလို သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး သုံးပါးပေါင်းတစ်ဆူအဝင်ဖြစ်တယ်။

အမှန်- ယုဒသန်ကျမ်းရဲ့ ၁ ယောဟန် ၅:၇၊ ၈ မှာ ဒီလိုဖော်ပြထားတယ်- “ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပါဌ်တော်တစ်ပါး၊ သန့်ရှင်းသောဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ မြေကြီးပေါ်၌လည်း ... သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏။” ဒါပေမဲ့ ဒီဖော်ပြချက်တွေကို တမန်တော်ယောဟန် မရေးခဲ့ဘူးဆိုတာ ကျမ်းပညာရှင်တွေ တွေ့ရှိလာကြတယ်။ ဒါကြောင့် ဒီစာသားတွေဟာ မူလကျမ်းစာသားတွေ မဟုတ်ဘူး။ ပါမောက္ခ ဘရုစ် အမ် မက်စ်ဂါက ဒီလိုရေးခဲ့တယ်- “ဒီကျမ်းက မူရင်းကျမ်းမှာမပါလို့ ဓမ္မသစ်ကျမ်းမှာ မထည့်သင့်ဘူး။”—A Textual Commentary on the Greek New Testament.

အမှား- သန့်ရှင်းသောဝိညာဉ်တော်ကို ကျမ်းစာမှာ ပုဂ္ဂိုလ်တစ်ပါးပုံစံနဲ့ ရေးထားလို့ ဒါဟာ ပုဂ္ဂိုလ်တစ်ပါးဖြစ်တာ သေချာတယ်။

အမှန်- သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ပါးပုံစံနဲ့ ကျမ်းစာထဲမှာ ရေးထားတာမျိုးရှိပါတယ်။ ဥပမာ၊ ယေရှုက သန့်ရှင်းသောဝိညာဉ်တော်ကို “ကူညီမစသူ” လို့ ဖော်ပြခဲ့တယ်။ ဒီကူညီမစသူဟာ ထင်ရှားစွာဖော်ပြမယ်၊ သွန်သင်ပြသမယ်၊ ဟောပြောမယ်၊ ကြားရတယ်၊ ဘုန်းကို ထင်ရှားစေမယ်၊ ခံယူမယ် ဆိုပြီး ပြောခဲ့တယ်။ (ယောဟန် ၁၆:၇–၁၅) ဒီဖော်ပြချက်တွေကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဟာ ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်လို့ မပြောနိုင်ဘူး။ ကျမ်းစာမှာ ဉာဏ်ပညာ၊ သေခြင်းနဲ့ အပြစ်တွေကိုလည်း ပုဂ္ဂိုလ်တစ်ပါးပုံစံနဲ့ ရေးသားထားတာတွေ ရှိပါတယ်။ (သုတ္တံ ၁:၂၀၊ ရောမ ၅:၁၇၊ ၂၁) ဥပမာ၊ ဉာဏ်ပညာရဲ့ “လုပ်ရပ်” နဲ့ “သားသမီး” တွေအကြောင်း ဖော်ပြထားသလို အပြစ်တရားက ဖြားယောင်းတယ်၊ သတ်တယ်၊ တပ်မက်မှုကို ဖြစ်စေတယ်လို့ ဖော်ပြထားတယ်။—မဿဲ ၁၁:၁၉; လုကာ ၇:၃၅၊ အောက်ခြေမှတ်ချက်; ရောမ ၇:၈၊ ၁၁။

အမှား- သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နာမမှာ နှစ်ခြင်းခံတယ်လို့ ပြောတဲ့အတွက် ဒါဟာ ပုဂ္ဂိုလ်ဖြစ်ရမယ်။

အမှန်- ကျမ်းစာမှာ နာမည်က တစ်ခါတလေ အခွင့်အာဏာကို ကိုယ်စားပြုတယ်။ (တရားဟောရာ ၁၈:၅၊ သမ္မာ; ၁၉–၂၂၊ သမ္မာ; ဧသတာ ၈:၁၀၊ သမ္မာ) အင်္ဂလိပ်စကားမှာ “ဥပဒေအရ” ဆိုပြီး ပြောတဲ့အခါ “ဥပဒေရဲ့နာမည်နဲ့” (in the name of the law) လို့ပြောတတ်တယ်။ ဒါပေမဲ့ ဥပဒေဆိုတာ လူတစ်ယောက်မဟုတ်ပါဘူး။ ဒီလိုပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ “နာမ၌” နှစ်ခြင်းခံတယ်လို့ ပြောတဲ့အခါ ဘုရားသခင့်ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်ရေးမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတာဖြစ်တယ်။—မဿဲ ၂၈:၁၉။

အမှား- ယေရှုရဲ့ တမန်တော်တွေနဲ့ အစောပိုင်းတပည့်တွေဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယုံကြည်ခဲ့ကြတယ်။

အမှန်- ဒီအချက်ကို ကျမ်းစာမှာ မဖော်ပြထားသလို သမိုင်းမှာလည်း မတွေ့ရပါဘူး။ Britannica စွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်- “သန့်ရှင်းသောဝိညာဉ်တော်က ဘုရားတစ်ပါးဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ... အေဒီ ၃၈၁ မှာကျင်းပတဲ့ ကောစတန်တီနိုပဲလ် အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တယ်။” ဒါက နောက်ဆုံးတမန်တော်သေဆုံးပြီး နှစ်ပေါင်း ၂၅၀ ကျော်ကြာမှ ထွက်ပေါ်လာတဲ့ အယူအဆဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ