ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၂
  • အာဟာရ မျှတအောင် ဘယ်လို စားမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဟာရ မျှတအောင် ဘယ်လို စားမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဟာရမျှတအောင် စားတယ်ဆိုတာ ဘာလဲ
  • အာဟာရမျှတအောင် ဘယ်လို စားသောက်နိုင်သလဲ
  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ
    လူငယ်များအမေး
  • သင်တို့သည် ဝိညာဉ်အစာကိုကောင်းစွာစားသုံးသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကျန်းမာစေသော အစားအစာကို ရွေးခြင်း
    နိုးလော့!—၁၉၉၈
  • အာဟာရဖြစ်စေသောအစားအစာက သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပုံ
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၂
ရေခဲသေတ္တာထဲက ဘယ်အစားအစာကို စားရမလဲလို့ လူငယ်တစ်ယောက် ဆုံးဖြတ်နေစဉ်

လူငယ်များအမေး

အာဟာရ မျှတအောင် ဘယ်လို စားမလဲ

အာဟာရ မမျှတရင် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ သင် သိပါလိမ့်မယ်။ လူငယ်ဘဝမှာ ချူချာရင် လူကြီးဖြစ်လာတဲ့အခါမှာလည်း ချူချာတတ်တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်တာ ကောင်းတယ်။

  • အာဟာရမျှတအောင် စားတယ်ဆိုတာ ဘာလဲ

  • အာဟာရမျှတအောင် ဘယ်လို စားသောက်နိုင်သလဲ

  • ရွယ်တူချင်းတွေအဆို

အာဟာရမျှတအောင် စားတယ်ဆိုတာ ဘာလဲ

“ထိန်းချုပ်နိုင်သူ” ဖြစ်ရမယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ အဲဒီထဲမှာ စားသောက်တဲ့အကျင့်လည်း ပါတယ်။ (၁ တိ. ၃:၁၁) ဒီမူကို စိတ်စွဲမှတ်ထားပါ။ ဒီအချက်တွေကို မှတ်သားပါ–

  • မျှတတဲ့ အစားအသောက်ထဲမှာ အစာအုပ်စု အားလုံး ပါတယ်။ အစားအသောက်အုပ်စု ငါးခုထဲမှာ နို့ထွက်ပစ္စည်း၊ အသားဓာတ်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတွေ ပါဝင်တယ်။ တချို့က ကိုယ်ခန္ဓာအလေးချိန် ချဖို့အတွက် အဲဒီအုပ်စုထဲက နှစ်မျိုးသုံးမျိုးကို မစားဘဲ နေကြတယ်။ အဲဒီလိုလုပ်ရင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရအားလုံး မရနိုင်တော့ဘူး။

    စမ်းကြည့်ပါ– အစားအစာတွေကနေ ရရှိတဲ့အကျိုးတွေကို ရှာဖွေလေ့လာပါ၊ ဆရာဝန်ကို မေးမြန်းပါ။ ဥပမာ–

    ကာဘိုဟိုက်ဒရိုက် (ကစီဓာတ်) က အင်အားကို ဖြစ်စေတယ်။ ပရိုတိန်း (အသားဓာတ်) က ရောဂါပိုးတွေကို တိုက်ထုတ်တယ်၊ တစ်သျှူးတွေကို အသစ်ဖြစ်ဖို့၊ ပြုပြင်ဖို့ ကူညီပေးတယ်။ တချို့ အဆီတွေရဲ့ သင့်တော်တဲ့ ပမာဏက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပြီး လုံလောက်တဲ့အင်အား ရရှိစေတယ်။

    “အစာအုပ်စုအားလုံးကို မျှမျှတတ စားဖို့ ကြိုးစားတယ်။ ချိုချဉ်နဲ့ အမြန်ရအစာတွေကို တစ်ခါတလေ စားတာက အန္တရာယ်ရှိတယ်လို့ ကျွန်မ မထင်ဘူး။ ဒါပေမဲ့ အဲဒါတွေချည်းပဲတော့ မစားသင့်ဘူး။ ဘယ်နေရာမှာမဆို မျှတမှုရှိတာ ကောင်းတယ်။”—ဘရန်ဒါ။

    ခြေထောက်သုံးချောင်းသာပါတဲ့ ထိုင်ခုံပေါ်ထိုင်ပြီး လူငယ်တစ်ယောက် ပြုတ်ကျလု ဖြစ်နေစဉ်

    အာဟာရဓာတ်မပြည့်တဲ့ အစားအစာက ခြေတစ်ချောင်းမပါတဲ့ ထိုင်ခုံနဲ့တူ

  • မျှမျှတတ စားတာက အစွန်းမရောက်စေဘူး။ ဒီထဲမှာ အလုံအလောက် မစားတာ၊ အလွန်အကျွံ စားတာ၊ ကိုယ်ကြိုက်တဲ့ အစားအသောက်ကို အမြဲရှောင်တာတွေ ပါတယ်။

    စမ်းကြည့်ပါ– တစ်လအတွင်း ကိုယ်စားသောက်တာတွေကို မှတ်ထားပါ။ အထက်မှာ ရေးထားတဲ့ အစွန်းရောက်လုပ်ရပ်ထဲက ဘယ်တစ်ခုကို ဘယ်နှကြိမ် လုပ်မိသလဲ။ မျှမျှတတ စားသောက်ဖို့ ဘာကို ပြုပြင်ပြောင်းလဲရမလဲ။

    “ကယ်လိုရီ အများကြီး စာမိတဲ့နေ့တွေ ရှိသလို နည်းနည်းပဲ စားမိတဲ့နေ့တွေလည်း ရှိတယ်။ နောက်ဆုံးတော့ ကယ်လိုရီမတွက်တော့ဖို့၊ အလွန်အကျွံ မစားဖို့၊ ဗိုက်ဝပြီဆိုရင် ဆက်မစားဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်ယူရပေမဲ့ အခုတော့ မျှမျှတတ စားသောက်နေပါပြီ။”—ဟာလေ။

အာဟာရမျှတအောင် ဘယ်လို စားသောက်နိုင်သလဲ

  • ကြိုတင်စဉ်းစားထားပါ။ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာက ပြောတယ်။ (ပညာအလိမ္မာ ၂၁:၅) ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တဲ့အကျင့် ရှိဖို့ဆိုရင် ကြိုတင်စဉ်းစားထားဖို့ လိုတယ်။

    “ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ဖို့ အစီအစဉ်ဆွဲရတယ်၊ အများအားဖြင့် အိမ်မှာ ချက်စားတယ်။ ရေရှည်မှာ အဲဒီလိုလုပ်ရကျိုးနပ်ပါတယ်။ အကုန်အကျလည်း သက်သာတယ်။”—သောမတ်စ်။

  • ကျန်းမာရေးနဲ့ မညီတာတွေကို အစားထိုးလိုက်ပါ။ ‘လက်တွေ့ကျဉာဏ်ပညာကို ကာကွယ်စောင့်ရှောက်ပါ’ လို့ကျမ်းစာက ပြောတယ်။ (ပညာအလိမ္မာ ၃:၂၁) လက်တွေ့ကျဉာဏ်ပညာက သင်နဲ့ အသင့်တော်ဆုံး အစားအသောက်ကို စားသောက်တတ်တဲ့ နည်းလမ်းတွေ ရှာတွေ့နိုင်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တဲ့အကျင့်ရှိဖို့ ကူညီပေးပါလိမ့်မယ်။

    “တစ်ရက်ကို ကျန်းမာရေးနဲ့မညီတဲ့အရာ တစ်ခု ဖယ်ထုတ်ဖို့ ကျွန်မ ကြိုးစားတယ်။ ဥပမာ၊ ချိုချဉ်စားမယ့်အစား ပန်းသီးတစ်လုံး စားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ကျန်းမာရေးနဲ့ မညီတာ အတော်များများကို နေ့တိုင်း ဖယ်နိုင်ခဲ့တယ်။”—ကီယာ။

  • တော်သင့်ရုံပဲ မျှော်လင့်ပါ။ “ပျော်ပျော်ပါးပါး အစာစားပါ” လို့ ကျမ်းစာက ပြောတယ်။ (ဒေသနာ ၉:၇) မျှမျှတတ စားသောက်လို့ အစားစားရတာ မပျော်တော့တာ၊ စားလိုက်သမျှအတွက် စိုးရိမ်နေတာမျိုး မဖြစ်သင့်ဘူး။ ကိုယ်အလေးချိန်ချဖို့ လိုရင်တောင် ရည်ရွယ်ချက်က ကျန်းမာရေးကောင်းဖို့ဆိုတာ သတိရပါ။ မျှော်လင့်ချက်ကို တော်သင့်ရုံပဲ ထားပါ။

    “ကျွန်မ ပေါင် ၃၀ လောက် ကျသွားတယ်။ ဒီအတောအတွင်း ကျွန်မ အဆာမခံဘူး၊ အစာအုပ်စုထဲက တစ်မျိုးမျိုးကို မစားဘဲ မနေဘူး၊ အချိုပွဲစားမိလို့ အပြစ်ရှိတယ်လို့ မမြင်ဘူး။ ဒါက မြန်မြန်ဆန်ဆန် လုပ်လို့ရတာမျိုးမဟုတ်ဘူး၊ လူနေမှုဘဝပုံစံကို ပြောင်းလဲရတာလို့ ကျွန်မ လက်ခံထားတယ်။—မလင်းနာ။

ရွယ်တူချင်းတွေအဆို

ဒါလေးနာ

အပြင်သွားနေတုန်း ဗိုက်ဆာရင် ကျန်းမာရေးနဲ့ မညီတာတွေ စားမိနိုင်တယ်။ အဲဒါကြောင့် နေ့လယ်စာ ဒါမှမဟုတ် အဆာပြေ တစ်ခုခု ထည့်သွားတယ်။ ဒီနည်းနဲ့ အစားအသောက်ကို ပိုထိန်းချုပ်လာနိုင်တယ်။”—ဒါလေးနာ။

အင်ဒရူး

“စားချင်တာစားပြီး ကိုယ်အလေးချိန် မတက်သူတွေကို မြင်ရင် စိတ်ပျက်မိနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် သူတို့နဲ့ မနှိုင်းယှဉ်ပါနဲ့။ သင့်အတွက် အကောင်းဆုံး အစားအသောက်ကို ရွေးပြီး စားပါ။”—အင်ဒရူး။

ပြန်လည်သုံးသပ်ချက်– အာဟာရမျှတအောင် ဘယ်လို စားသောက်နိုင်သလဲ

  • ကြိုတင်စဉ်းစားထားပါ။ အပြင်ရောက်နေတယ်ဆိုရင် တွေ့တာကိုပဲ စားမယ့်အစား ကိုယ့်ဘာသာ ပြင်ဆင်သွားပါ။

  • ကျန်းမာရေးနဲ့ မညီတာတွေကို အစားထိုးလိုက်ပါ။ အာလူးကျော်နဲ့ အချိုရည်ကို ကိုင်ထားမယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့မုန့် ဆောင်ထားပါ။

  • တော်သင့်ရုံပဲ မျှော်လင့်ပါ။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ