ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၄
  • အပြုသဘော ဝေဖန်မှုကို ဘယ်လို သဘောထားသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြုသဘော ဝေဖန်မှုကို ဘယ်လို သဘောထားသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ
  • ငါ ဘာကြောင့် အပြုသဘော ဝေဖန်မှု လိုအပ်သလဲ
  • စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၉
  • ငါဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဆန်တဲ့သူ ဖြစ်နေသလား
    လူငယ်များအမေး
  • ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ
    နိုးလော့!—၂၀၁၄
  • “ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်အားဖြင့် သက်သေထူ၏”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၄
မိန်းကလေးတစ်ယောက်ရဲ့ ပန်းချီကို လူတွေ ဝိုင်းပြီးဝေဖန်နေကြစဉ်။

လူငယ်များအမေး

အပြုသဘော ဝေဖန်မှုကို ဘယ်လို သဘောထားသင့်သလဲ

  • ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ

  • ငါ ဘာကြောင့် အပြုသဘော ဝေဖန်မှု လိုအပ်သလဲ

  • အပြုသဘော ဝေဖန်မှုကို ဘယ်လို လက်ခံနိုင်သလဲ

  • ရွယ်တူချင်းတွေအဆို

ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ

ကျွန်တော်တို့အားလုံး အပြုသဘော ဝေဖန်မှု လိုအပ်တဲ့အချိန်တွေ ရှိတယ်။ အဓိပ္ပာယ်ရှိတဲ့ အကြံပြုချက်က ကျွန်တော်တို့ရဲ့အလုပ် ဒါမှမဟုတ် စိတ်သဘောထားကို တိုးတက်အောင် ကူညီပေးနိုင်တယ်။ ဒါကိုမှတ်သားပြီး အောက်ပါအခြေအနေတွေကို စဉ်းစားကြည့်ပါ။

  1. ● ပြီးသွားတဲ့ ကျောင်းသင်ခန်းစာကို သင် အသေအချာ မလုပ်ထားဘူးလို့ ဆရာက ပြောတယ်။ “အချိန်ယူပြီး သေသေချာချာ ရှာဖွေလေ့လာဖို့ လိုတယ်” လို့ သူပြောတယ်။

    ဒီ အပြုသဘော ဝေဖန်မှုကို သင် ဘယ်လို တုံ့ပြန်မလဲ။

    1. လက်မခံဘူး။ (‘ဆရာက ငါ့ကို သဘောမကျလို့ပါ။’)

    2. လက်ခံတယ်။ (‘နောက်တစ်ခါကျရင် သူပေးတဲ့အကြံအတိုင်း လုပ်မယ်။’)

  2. ● သင် အခန်းသန့်ရှင်းရေးလုပ်လျက်နဲ့ အမေက အခန်းရှုပ်ပွနေတယ်လို့ ပြောတယ်။

    ဒီ အပြုသဘော ဝေဖန်မှုကို သင် ဘယ်လို တုံ့ပြန်မလဲ။

    1. လက်မခံဘူး။ (‘အမေက ဘယ်တော့မှ မကျေနပ်နိုင်ဘူး။’)

    2. လက်ခံတယ်။ (‘ငါ ဒီထက်ပိုကောင်းအောင် လုပ်သင့်တယ်လို့ ဝန်ခံပါတယ်။’)

  3. ● ညီမလေးက ဆရာလုပ်တတ်တဲ့ သင့်အကျင့်ကို မကြိုက်ဘူးလို့ ပြောတယ်။

    ဒီ အပြုသဘော ဝေဖန်မှုကို သင် ဘယ်လို တုံ့ပြန်မလဲ။

    1. လက်မခံဘူး။ (‘သူကမှ ငါ့ထက် ဆရာလုပ်သေးတယ်။’)

    2. လက်ခံတယ်။ (‘သူ့ကို ငါ ဒီထက် ပိုကောင်းကောင်း ပြုမူဆက်ဆံသင့်တယ်။’)

လူငယ်တချို့ ဟာ အထိမခံ ရွှေပန်းကန်တွေ ဖြစ်ကြတယ်။ နည်းနည်းလေး ဝေဖန်ခံလိုက်ရတာနဲ့ စိတ်ဆိုးကြတယ်။ သင်ကော အဲဒီလိုပဲလား။ အဲဒီလိုဖြစ်နေရင် အဖိုးတန်အခွင့်အရေးတစ်ခုကို သင် လက်လွတ်ဆုံးရှုံးနေပြီ။ ဘာကြောင့်လဲ။ အပြုသဘော ဝေဖန်မှုကနေ သင်ယူတာက အခုရော၊ လူကြီးဘဝအတွက်ပါ အရေးပါတဲ့ ပညာရပ်တစ်ခုဖြစ်လို့ပဲ။

ယောက်ျားလေးတစ်ယောက် ဖိနပ်ကြိုးနင်းမိပြီး ချော်လဲ၊ ထိခိုက်ဒဏ်ရာမရအောင် သူငယ်ချင်းက ဖိနပ်ကြိုးပြေနေတာကို သတိပေးနေစဉ်။

သင် နားမထောင်ချင်တာနဲ့ပဲ နားထောင်ဖို့ လိုတာကို မပစ်ပယ်ပါနဲ့

ငါ ဘာကြောင့် အပြုသဘော ဝေဖန်မှု လိုအပ်သလဲ

  • သင်က ပြီးပြည့်စုံသူ မဟုတ်လို့ပါ။ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယာကုပ် ၃:၂) အဲဒါကြောင့် လူတိုင်း အပြုသဘော ဝေဖန်မှု လိုတယ်။

    “အားလုံးက ပြီးပြည့်စုံသူ မဟုတ်ဘူး၊ တစ်ချိန်မဟုတ်တစ်ချိန် အမှားလုပ်တတ်ကြတယ်ဆိုတာကို အမြဲသတိရဖို့ ကြိုးစားတယ်။ ဒါကြောင့် ကျွန်တော် ဆုံးမခံရတဲ့အခါ သင်ခန်းစာ ယူတယ်၊ အဲဒီအမှားမျိုး ထပ်မမှားအောင် ရှောင်တယ်။”—ဒေးဗစ်။

  • တိုးတက်အောင် အမြဲလုပ်နိုင်တယ်။ “ဉာဏ်ပညာရှိသူကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပိုရှိလာလိမ့်မယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာအလိမ္မာ ၉:၉) လက်ခံမယ်ဆိုရင် အပြုသဘော ဝေဖန်မှုကနေ ကောင်းကျိုးရနိုင်ပါတယ်။

    “ဝေဖန်မှုကို ကျွန်မ တလွဲ မြင်ခဲ့ဖူးတယ်။ ဝေဖန်မှုက ကျွန်မကို ပိုဆိုးစေတယ်လို ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဝေဖန်တာကို ကျွန်မ လက်ခံတယ်။ ဝေဖန်ပေးဖို့ တောင်းဆိုတယ်။ ကျွန်မ ဘယ်လို တိုးတက်နိုင်သေးသလဲဆိုတာ သိချင်တယ်။”—စလီနာ။

ဝေဖန်ပေးဖို့ တောင်းဆိုတယ်ဆိုရင် တစ်မျိုးပေါ့။ မတောင်းဆိုဘဲ ဝေဖန်ခံရတာကတော့ နောက်တစ်မျိုး။ နာတလီဟာ သူ မတောင်းဆိုတဲ့ အကြံပြုချက်တချို့ ရေးထားတဲ့ ကတ်တစ်ခု ရတဲ့အခါ “ကျွန်မ တုန်လှုပ်ပြီး စိတ်ဓာတ်ကျသွားတယ်။ တော်တော်ခံရခက်တယ်။ အားလုံးက အကြံပြုချက်တွေချည်းပဲ” လို့ ပြောတယ်။

သင်ကော အဲဒီလို ဖြစ်ဖူးသလား။ ဖြစ်တယ်ဆိုရင် ဘယ်လို လုပ်နိုင်သလဲ။

အပြုသဘော ဝေဖန်မှုကို ဘယ်လို လက်ခံနိုင်သလဲ

  • နားထောင်ပါ။

    “ဉာဏ်ပညာရှိသူဟာ စကားများများ မပြောဘူး။ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာအလိမ္မာ ၁၇:၂၇) သင့်ကို စကားပြောနေရင် ကြားမဖြတ်ပါနဲ့။ နောက်မှ နောင်တရမယ့်စကားကို လွှတ်ခနဲ ပြောပြီး မတုံ့ပြန်ပါနဲ့။

    “ဝေဖန်ခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုတတ်တဲ့ သဘော ကျွန်မမှာ ရှိတယ်။ အဲဒီအစား အမှားပြင်ပေးတာကို လက်ခံပြီး နောက်တစ်ခါ ပိုကောင်းအောင် လုပ်ဖို့ သင်ယူသင့်တယ်။”—ဆာရာ။

  • ပြောတဲ့သူကို အာရုံမစိုက်ပါနဲ့။ အကြောင်းအရာကို အာရုံစိုက်ပါ။

    သင့်ကို ဝေဖန်သူရဲ့ အားနည်းချက်ကို ပြန်ထောက်ဖို့ စိတ်ကူးပေါက်နိုင်ပါတယ်။ ဒါပေမဲ့ “လူတိုင်းဟာ နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး” ဆိုတဲ့ ကျမ်းစာ ဆုံးမစကားကို လိုက်နာတာက ပိုကောင်းပါတယ်။ (ယာကုပ် ၁:၁၉) ဝေဖန်ခံရဖို့ အကြောင်း ရှိတတ်ပါတယ်။ သင် နားမထောင်ချင်တာနဲ့ပဲ နားထောင်ဖို့ လိုတာကို လက်လွှတ်မခံပါနဲ့။

    “မိဘတွေ ဆုံးမပြီဆိုရင် ‘သိတယ်၊ သိတယ်’ လို့ ကျွန်တော် ဒေါသတကြီး ပြန်ပြောတတ်တယ်။ ဒါပေမဲ့ သူတို့ပြောတာကို သေချာနားထောင်ပြီး လိုက်လုပ်ရင် ပိုကောင်းတဲ့ ရလဒ်တွေ ရလာတယ်။”—အက်ဝါ့ဒ်။

  • ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ပါ။

    အပြုသဘောပါပါ ဝေဖန်ခံရတာက သင့်ကို ကျရှုံးသူ မဖြစ်စေပါဘူး။ တခြားသူတွေလိုပဲ သင့်မှာလည်း အားနည်းချက်ရှိတယ်ဆိုတဲ့ သဘောပါပဲ။ သင့်ကို ဆုံးမနေသူကိုယ်တိုင် မကြာမကြာ အပြုသဘော ဝေဖန်မှု လိုအပ်တယ်။ “ကောင်းတာတွေ အမြဲလုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။—ဒေသနာ ၇:၂၀။

    “ကျွန်မ မလိုအပ်ဘူးလို့ထင်တဲ့ အချက်တွေကို သူငယ်ချင်းက အပြုသဘောနဲ့ ဝေဖန်တယ်။ သူ့ရဲ့ရိုးသားမှုအတွက် ကျွန်မ ကျေးဇူးတင်စကား ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မ စိတ်ဆိုးတယ်။ နောက်တော့ သူဝေဖန်တာ မှန်တယ်ဆိုတာ ကျွန်မ သိလာတယ်။ သူ့ရဲ့အကြံပေးချက်ကြောင့် ကျွန်မ လုပ်ရမယ့်အရာတွေကို သိလာတယ်။ သူသာ မပြောရင် ကျွန်မ သိမှာမဟုတ်ဘူး။”—ဆိုဖီယာ။

  • တိုးတက်ရမယ့်အချက်တွေကို ပန်းတိုင်ထား ကြိုးစားပါ။

    “အမြော်အမြင်ရှိသူကတော့ တည့်မတ်ပေးတာကို လက်ခံတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာအလိမ္မာ ၁၅:၅) တည့်မတ်ပေးတာကို လက်ခံလိုက်ရင် စိတ်ထိခိုက်တာတွေကို မေ့သွားပြီး ထောက်ပြတဲ့အချက်တွေကို တိုးတက်ဖို့ ကြိုးစားနေတာနဲ့ အလုပ်များနေမှာဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်ဖို့ အစီအစဉ်တစ်ခု ဆွဲပါ။ နောက်လအနည်းငယ်အတွင်း တိုးတက်မှုအခြေအနေကို ကြည့်ပါ။

    “ဝေဖန်မှုကို လက်ခံတာနဲ့ ရိုးသားမှုက ဆက်နွှယ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်ရဲ့ အမှားတွေကို ဝန်ခံဖို့၊ တောင်းပန်ဖို့၊ တိုးတက်အောင်လုပ်ဖို့ ရိုးသားမှုရှိရမှာ ဖြစ်တယ်။”—အမ်မာ။

အဓိကအချက်– “သံကို သံချင်း ထက်စေသလို လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာအလိမ္မာ ၂၇:၁၇) အပြုသဘော ဝေဖန်မှုက အခုရော၊ လူကြီးဘဝမှာပါ သင့်ကို ထက်မြက်စေနိုင်တဲ့ ကိရိယာတစ်မျိုး ဖြစ်တယ်။

ရွယ်တူချင်းတွေအဆို

ရီနေတို။

“အပြုသဘော ဝေဖန်မှုဆိုတာ အမြဲတမ်း အသက်ကြီးသူတွေဆီကပဲ လာတာမဟုတ်ဘူး။ ရွယ်တူတွေ၊ ကိုယ့်ထက်ငယ်တဲ့သူတွေဆီကတောင် လာနိုင်တယ်။ ဒါပေမဲ့ သူတို့ဆီက မသင်ယူနိုင်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။ သူက သင့်အကြောင်း သိပြီး သင့်အတွက်အကောင်းဆုံး ဖြစ်စေချင်တာ ဖြစ်နိုင်တယ်။ အပြုသဘော ဝေဖန်မှုတိုင်းကို လက်ခံပြီး ကျင့်သုံးပါ။”—ရီနေတို။

ရှာ။

“အခုခေတ် လူအများစုက ဝေဖန်တာကို မခံနိုင်ကြဘူး။ သူတို့ကို စိတ်ဆိုးအောင် မလုပ်မိဖို့ သတိထားစေချင်ကြတယ်။ အဲဒီလို သဘောထားက အတ္တကြီးစေတယ်။ ဝေဖန်မှုတွေကို ပစ်ပယ်စေတယ်။ အပြုသဘော ဝေဖန်မှုတွေကို မြန်မြန်လက်ခံလေ၊ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် ပိုကောင်းလေဆိုတာ ကျွန်မ သိခဲ့ရတယ်။”—ရှာ။

ပြန်လည်သုံးသပ်ချက်– အပြုသဘော ဝေဖန်မှုကို ဘယ်လို သဘောထားသင့်သလဲ

နားထောင်ပါ။ သင့်ကိုစကားပြောနေရင် ကြားမဖြတ်ပါနဲ့။ နောက်မှ နောင်တရမယ့်စကားကို လွှတ်ခနဲ ပြောပြီး မတုံ့ပြန်ပါနဲ့။

ပြောတဲ့သူကို အာရုံမစိုက်ပါနဲ့။ အကြောင်းအရာကို အာရုံစိုက်ပါ။ နားထောင်ဖို့ အမြဲအသင့်ဖြစ်နေပါ။ ဆင်ခြေပေးဖို့ မစဉ်းစားပါနဲ့။ ဝေဖန်မှုက သင့်ကို တိုးတက်စေနိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ပါ။ အပြုသဘောပါပါ ဝေဖန်ခံရတာက သင့်ကို ကျရှုံးသူ မဖြစ်စေပါဘူး။ တခြားသူတွေလိုပဲ သင့်မှာလည်း အားနည်းချက်ရှိတယ်ဆိုတဲ့ သဘောပါပဲ။

တိုးတက်ရမယ့်အချက်တွေကို ပန်းတိုင်ထား ကြိုးစားပါ။ ထောက်ပြလာတဲ့ အားနည်းချက်တွေကို တိုးတက်ဖို့ ကြိုးစားပါ။ အဲဒီလိုလုပ်ဆောင်ဖို့ အစီအစဉ်တစ်ခု ဆွဲပါ။ တိုးတက်မှုအခြေအနေကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ