ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၃၂
  • ရစ်ငှက်ရဲ့အသိုက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရစ်ငှက်ရဲ့အသိုက်
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ငါ၏တရား၌ တည်နေကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဥယျာဉ်စိုက်ပျိုးခြင်း—သဘာဝမြေသြဇာသုံး၍ ဥယျာဉ်စိုက်ပျိုးနည်း
    နိုးလော့!—၂၀၀၃
  • ထိရောက်တဲ့ချဉ်းကပ်နည်းကို သုံးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • နိုင်ငံတော်မျိုးစေ့ကြဲခြင်း
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၃၂
malleefowl ရစ်ငှက်။

Albert Wright/iStock via Getty Images

အလိုလို ဖြစ်လာနိုင်ပါ့မလား

ရစ်ငှက်ရဲ့အသိုက်

ဩစတြေးလျနိုင်ငံတောင်ပိုင်း၊ ကုန်းတွင်းပိုင်းဒေသမှာ နေထိုင်ကျက်စားတဲ့ ရစ်ငှက်တစ်မျိုး (malleefowl) က အသိုက်ကို အပူချိန် ၃၄°C နဲ့ အနီးစပ်ဆုံး ဖြစ်အောင် အမြဲထားတယ်။ တစ်နှစ်ပတ်လုံး နေ့နေ့ညည အပူချိန် တစ်သမတ်တည်း ဖြစ်နေအောင် ဘယ်လိုများ ထိန်းသိမ်းကြသလဲ။

ဒီငှက်ကလေးတွေက ဆောင်းဝင်ပြီဆိုတာနဲ့ အနက် ၃ ပေ၊ အကျယ် ၁၀ ပေ လောက်ရှိတဲ့ တွင်းတစ်ခု တူးကြတယ်။ ပြီးရင် ငှက်အဖိုက တွင်းထဲကို မြက်၊ သစ်ရွက် စတာတွေနဲ့ ဖို့တယ်။ ဆောင်းအကုန်မှာ မိုးရွာလို့ သစ်ရွက်တွေ၊ မြက်တွေ စိုစွတ်လာတဲ့အခါ အဲဒီပေါ်မှာ ဥကျင်းတစ်ခု ထပ်တူးတယ်။ ပြီးတာနဲ့ တစ်ခုလုံးကို သဲမြေနဲ့ ဖုံးလိုက်တယ်။ သိပ်မကြာခင် သစ်ရွက်တွေ ဆွေးလာပြီး အပူဓာတ် ရလာလို့ သဘာဝ ဥဖောက်စက်လေးတစ်ခု ဖြစ်လာတယ်။

ရစ်ငှက်နှစ်ကောင်ရဲ့ပုံ၊ အသိုက်ကို ကန့်လန့်ဖြတ်ပြထားပုံ။ က။ ဥကျင်းထဲက ဥသုံးလုံး။ ခ။ ဥကျင်း ပတ်ပတ်လည်က သစ်ရွက်ဆွေးတွေ။ ဂ။ ဥကျင်းအပေါ်က အပူလုံစေတဲ့ မြေစာ။ ဃ။ အသိုက်ပေါ်မှာ ငှက်ဖို မြေစာယှက်နေတာကို ငှက်မက ကြည့်နေ။

(က) ဥဖောက်ဖို့အတွက်၊ (ခ) သစ်ရွက်ဆွေးရာကနေ ထွက်လာတဲ့ အနွေးဓာတ်နဲ့ နေရဲ့ အပူဓာတ်ကို အသုံးပြုတယ်။ (ဂ) ဥဖောက်ပေးတဲ့ မြေစာပုံ အထူအပါးကို လိုအပ်သလို ချိန်ညှိတယ်။ ဥတွေကို အပူချိန် ၃၄°C ဝန်းကျင်မှာ လနဲ့ချီ ထားနိုင်အောင် အပူချိန်ကို ချိန်ညှိပေးဖို့ (ဃ) မြေစာပုံကို ယှက်လိုက် ပြန်ဖို့လိုက်လုပ်တယ်။

ငှက်မ ဥဥတော့မယ်ဆိုတာနဲ့ ငှက်ဖိုက မြေစာပုံကို ဖယ်တယ်။ ဥကျင်းထဲကို ငှက်မ ဥချပြီးတာနဲ့ ချက်ချင်း ပြန်ဖုံးတယ်။ ငှက်မဟာ စက်တင်ဘာလကနေ ဖေဖော်ဝါရီလအတွင်း ဥ ၃၅ လုံးအထိ ဥနိုင်တယ်။a

ငှက်တွေက သဲထဲကို နှုတ်သီးနဲ့ ထိုးထိုးပြီး အပူချိန် အမြဲ တိုင်းတာစစ်ဆေးကြတယ်။ မြေစာပုံကိုလည်း ရာသီအလိုက် ပုံစံပြောင်းကြတာ။ ဥပမာ–

  • နွေဦးမှာ အရွက်ဆွေးနှုန်း မြန်လို့ အပူချိန် များလာတယ်။ ဒါနဲ့ ငှက်ဖိုက ဥကျင်းအပေါ်က မြေစာကို ဖယ်ပြီး အပူထွက်သွားအောင် လုပ်တယ်။ ပြီးတဲ့နောက် အေးသွားတဲ့ မြေကြီးနဲ့ အသိုက်ကို ပြန်ဖုံးတယ်။

  • နွေရာသီရောက်တော့ နေရောင်ခြည်ရဲ့ အပူဓာတ်နဲ့ ဥဖောက်နိုင်ဖို့ ငှက်ဖိုက အသိုက်ပေါ်ကို မြေစာတွေ ခါတိုင်းထက် ပိုဖို့တယ်။ ဒါပေမဲ့ နေ့တိုင်း မနက်စောစောရောက်တဲ့အခါ မြေစာတွေကို ယှက်ထုတ်လိုက်တယ်။ အသိုက်ရော သဲမြေပါ အေးသွားတော့မှ ပြန်ပြီးဖုံးတယ်။

  • ဆောင်းဦးရာသီ ရောက်တဲ့အခါ အရွက်ဆွေးတွေက အပူဓာတ် မထုတ်တော့ဘူး။ ဒါနဲ့ ငှက်ဖိုက မြေစာတစ်ပုံလုံးနီးပါးကို ဖယ်ထုတ်လိုက်တယ်။ မွန်းတည့်နေကြောင့် ဥတွေလည်း အပူဓာတ်ရ၊ ဖွထားတဲ့ မြေစာပုံလည်း ပူသွားအောင်ပါ။ ပြီးတာနဲ့ အသိုက်ကို မြေစာနွေးနွေးလေးနဲ့ ပြန်ဖုံးပေးလိုက်တယ်။ ဒါကြောင့် ညဘက်မှာလည်း အသိုက်က အနွေးဓာတ် ရနေတာ။

ငှက်ဖိုက ၁,၈၇၄ ပေါင် အလေးချိန်လောက် ရှိတဲ့ မြေစာပုံကြီးကို ယှက်လိုက် ပြန်ဖို့လိုက်လုပ်ဖို့ တစ်နေ့တစ်နေ့ကို ငါးနာရီကျော် အလုပ်လုပ်ရတယ်။ တစ်ချိန်လုံး ထိုးဆွနေလို့ မြေစာပုံက ရွရွလေးဖြစ်နေတော့ ဥပေါက်တဲ့အခါ ငှက်ပေါက်လေးတွေက မြေစာပုံကို တိုးပြီး ကိုယ့်ဘာသာကိုယ် အပေါ်ကို ထွက်လာနိုင်တာ။

အသိုက်ပေါ်က မြေစာပုံကို ရစ်ငှက်တွေ ယှက်နေပုံကို ရှုစားကြည့်ပါ

သင် ဘယ်လို ထင်ပါသလဲ။ ရစ်ငှက်ရဲ့ အသိုက်အပူချိန် ထိန်းညှိနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ဖန်တီးထားတာလား။

a ခုနစ်ပတ်၊ ရှစ်ပတ် ကြာမှ ဥပေါက်လို့ မြေစာပုံ ပြုပြင်ထိန်းသိမ်းရေးအလုပ်ကို ဧပြီလအထိ လုပ်ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ