ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၇
  • ကမ္ဘာချီ ကျယ်ပြန့်တဲ့ ဂိလဒ်ကျောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာချီ ကျယ်ပြန့်တဲ့ ဂိလဒ်ကျောင်း
  • အလှူငွေတွေကို အသုံးပြုပုံ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂိလျဒ်သာသနာပြုကျောင်းအတွက် တည်နေရာသစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရှေ့ဆောင်တွေအတွက် ဘာသင်တန်းတွေ ရှိသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ယေဟောဝါ၏ညွှန်ကြားချက်ကို ဝမ်းမြောက်စွာခံယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၇
အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင်လက်က အတန်းထဲမှာ ဂိလဒ်သင်တန်းသူ/သားများကို ဟောပြောနေစဉ်။

၂၀၁၇၊ ဂိလဒ်သင်တန်းတစ်ခုတွင်

အလှူငွေတွေကို အသုံးပြုပုံ

ကမ္ဘာချီ ကျယ်ပြန့်တဲ့ ဂိလဒ်ကျောင်း

ဒီဇင်ဘာ ၁၊ ၂၀၂၀

နှစ်စဉ် ကမ္ဘာတစ်ဝန်းက အထူးအချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတချို့ဟာ နယူးယောက်၊ ပက်တာစင် ကင်းမျှော်စင် ပညာပေးဌာနမှာ ဖွင့်လှစ်တဲ့ ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်း တက်ဖို့ ဖိတ်ခေါ်ခံရကြတယ်။a ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ တာဝန်အသီးသီးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပုံကို သင်ယူကြတယ်။ အဲဒီလေ့ကျင့်ပေးမှုက ကမ္ဘာတစ်ဝန်း အသင်းတော်နဲ့ ဌာနခွဲ စီစဉ်ဖွဲ့စည်းမှုကို အခိုင်အမာ အားဖြည့်ပေးဖို့ ကျောင်းသားတွေကို ကူညီပေးတယ်။

ဂိလဒ်က နိုင်ငံတကာကျောင်း ဖြစ်တယ်။ ဥပမာ၊ ၂၀၁၉ မှာ ကျင်းပတဲ့ ၁၄၇ ကြိမ်မြောက်သင်တန်းမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံက သင်တန်းသား ၅၆ ဦး တက်ရောက်ခဲ့တယ်။ ဗေသလအိမ်သား၊ တိုက်နယ်ကြီးကြပ်မှူး၊ သာသနာပြု၊ အထူးရှေ့ဆောင်စတဲ့ အထူးအချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်နေသူတွေ တက်ခွင့်ရတယ်။

ပထမအတန်းချိန် မတိုင်ခင် အချိန်အတော်ကြာကတည်းက ပြင်ဆင်မှုတွေ အစပြုတယ်။ ဥပမာ၊ ဌာနချုပ် ခရီးသွား ဝန်ဆောင်ဌာန (WHQ Travel) က ဖိတ်ခေါ်ခံရတဲ့ သင်တန်းသားတွေအတွက် လေယာဉ်လက်မှတ် ဝယ်ပေးတယ်။ ၁၄၇ ကြိမ်မြောက်သင်တန်းက ပြည်ပသင်တန်းသား တစ်ယောက်စီအတွက် အသွားအပြန် စရိတ် ပျမ်းမျှအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀၇၅ ရှိတယ်။ စော်လမုန်ကျွန်းက သင်တန်းသားတွေဆိုရင် ပက်တာစင် ရောက်ဖို့ လေယာဉ် လေးခါ ပြောင်းစီးရတယ်။ အပြန်ခရီးအတွက်တော့ သုံးခါ ပြောင်းစီးရပြီး စုစုပေါင်း ခရီးမိုင် ၂၂၀၀၀ (၃၅၄၀၀ ကီလိုမီတာ) ကျော်တယ်။ အဲဒီလို ခရီးစဉ်တွေအတွက် တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၂၃၀၀ အကုန်အကျ ရှိတယ်။ စျေးသက်သက်သာသာ ရနိုင်အောင် ဌာနချုပ် ခရီးသွား ဝန်ဆောင်ဌာနက ကွန်ပျူတာ သုံးပြီး လက်မှတ်ဘွတ်ကင်စနစ်နဲ့ စျေးသက်သာတဲ့ လေယာဉ်လက်မှတ်တွေ ရှာဖွေတယ်။ လက်မှတ်တစ်စောင် ဘွတ်ကင်လုပ်ထားပြီးတာတောင် ကွန်ပျူတာ ပရိုဂရမ်က စျေးထပ်ကျမကျ သိနိုင်အောင် အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ဆက်ရှာနေတုန်းပဲ။ သွားခဲ့တဲ့ ခရီးမိုင်တွေပေါ် လေကြောင်းလိုင်းက ခရီးသည်ကို ပေးတဲ့ ပွိုင့်တွေ လှူဒါန်းတာကိုလည်း WHQ Travel က လက်ခံတယ်။ အဲဒါတွေကို ပေးချေတဲ့ ငွေလို သုံးပြီး လက်မှတ်ဝယ်တယ်။

ကျောင်းသားအများစုကတော့ အမေရိကန် ပြည်ထောင်စုကို လာဖို့ ဗီဇာ လိုတယ်။ ကမ္ဘာ့ဌာနချုပ် တရားဥပဒေရေးရာဌာနက ဗီဇာ ရဖို့ ကူညီပေးတယ်။ သင်တန်းသားတစ်ယောက်ကို ဗီဇာနဲ့ မှတ်ပုံတင်ကြေး ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၁၀ လောက် ကုန်ကျတယ်။

အဲဒီသင်တန်းသားတွေ ရရှိတဲ့ လေ့ကျင့်မှုကနေ ကျွန်တော်တို့အားလုံး ဘယ်လို အကျိုးရသလဲ။ အရှေ့တောင်အာရှမှာ အကြီးအကဲ ဟင်ဒရာ ဂူနာဝမ်က သူ့အသင်းတော်မှာ ဂိလဒ်ကျောင်းဆင်း မောင်နှံအကြောင်း အခုလို ပြောတယ်။ “အရင်က ကျွန်တော်တို့အသင်းတော်မှာ မှန်မှန်ရှေ့ဆောင် တစ်ယောက်မှ မရှိဘူး။ ဂိလဒ်ကျောင်းဆင်း ရောက်လာပြီးနောက်မှာတော့ သူတို့ရဲ့ ထက်သန်မှု၊ လိုလိုလားလား ရှိမှုကို ကြည့်ပြီး တခြားသူတွေလည်း ရှေ့ဆောင်လုပ်လာကြတယ်။ နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်ဆိုရင် သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းကိုတောင် တက်နိုင်ခဲ့တယ်။”

အရှေ့တောင်အာရှက ဗေသလတစ်ခုမှာ ဂိလဒ်ကျောင်းဆင်းတွေနဲ့အတူ အမှုဆောင်တဲ့ ဆာဂျီရို ပန်ဂျိုင်တန် အခုလို ပြောတယ်။ “သူတို့ ရခဲ့တဲ့ လေ့ကျင့်မှုက သူတို့အတွက်ပဲ ကောင်းချီး ဖြစ်စေတာ မဟုတ်ဘူး။ ကျွန်တော်တို့အတွက်လည်း ကောင်းချီးပါပဲ။ သူတို့ အများကြီး သင်ယူခဲ့ကြတယ်။ ဒါကြောင့် တခြားသူတွေထက် သာတယ်လို့ ယူဆမယ့်အစား သင်ယူခဲ့တာတွေကို ပြန်ဝေမျှကြတယ်။ ဒါက အပြန်အလှန် အားပေးမှု ဖြစ်စေတယ်။”

ဒီကျောင်းအတွက် အကုန်အကျငွေတွေကို ဘယ်က ရသလဲ။ ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းငွေကနေ ရပါတယ်။ donate.jw.org မှာ ဖော်ပြထားတဲ့ လှူဒါန်းနိုင်တဲ့ နည်းလမ်းများစွာထဲက တစ်နည်းပါ။ ဒီနိုင်ငံတကာကျောင်းကို ထောက်မပေးဖို့ သင်တို့ရဲ့ ရက်ရောတဲ့ အလှူငွေအတွက် ကျေးဇူးတင်ပါတယ်။

a ဒီကျောင်းရဲ့ သင်ရိုးကို ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ သင်ကြားရေး ကော်မတီ လမ်းညွှန်မှုအောက် သီအိုကရက်တစ်ကျောင်းဌာနက ရေးဆွဲတည်းဖြတ်တယ်။ အဲဒီဌာနက ပို့ချသူတွေ သင်ကြားပေးကြသလို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ဧည့်ပို့ချသူတွေလည်း သင်ကြားပေးကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ