ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၂၁
  • တစ်မူထူးခြားတဲ့ ကျမ်းစာလေ့လာမှု စာအုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်မူထူးခြားတဲ့ ကျမ်းစာလေ့လာမှု စာအုပ်
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုင်ကြည့်လိုက်ရုံနဲ့ ထူးခြားတဲ့ စာအုပ်သစ်
  • ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ပုံနှိပ်လုပ်ငန်း
  • “လက်ရာမြောက်တဲ့ စာအုပ်ပါ”
  • ပိတ်ပင်မှုအတွင်း သမ္မာကျမ်းစာ စာပေများကို ပုံနှိပ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဝေခွဲရခက်သော စက္ကူမဲ့ရုံး
    နိုးလော့!—၂၀၀၁
  • “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်ကို အသုံးပြုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ယေဟောဝါနဲ့ ယေရှုကို ယုံကြည်လာအောင် “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်ကို သုံးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၂၁
“ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်တွေကို ရွေ့လျားခါးပတ်စက်နဲ့ သယ်နေပုံ။

အလှူငွေတွေကို အသုံးပြုပုံ

တစ်မူထူးခြားတဲ့ ကျမ်းစာလေ့လာမှု စာအုပ်

၂၀၂၂၊ ဧပြီ ၁

၂၀၂၁၊ ဇန်နဝါရီလမှာ ပျော်စရာဘဝ ထာဝရ စံစားကြ ဆိုတဲ့ ကျမ်းစာလေ့လာမှု စာအုပ်သစ် ထုတ်ဝေလိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ ကြေညာခဲ့တယ်။a အဲဒီကြေညာချက် ကြားတော့ သင် ဘယ်လို ခံစားရသလဲ။ ကနေဒါနိုင်ငံက မက်သရူး ဒီလိုပြောတယ်– “ကျွန်တော် စိတ်လှုပ်ရှားသွားတယ်။ အဲဒီစာအုပ်ကို ဘာကြောင့် ထုတ်ဝေတယ်၊ ဘယ်လို စမ်းသပ် အသုံးပြုခဲ့တယ်ဆိုတာ ဟောပြောချက်တွေ၊ ဗီဒီယိုတွေနဲ့ ရှင်းပြလေ စိတ်လှုပ်ရှားလာလေပဲ။ လက်ထဲ မြန်မြန်ရောက်၊ မြန်မြန် သုံးချင်နေတာ။”

ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်က ကျမ်းစာသင်အံမှု နည်းသစ်ကို မိတ်ဆက်ပေးတယ်။ ဒါပေမဲ့ အရင် လေ့လာမှု စာအုပ်တွေနဲ့ ကွာတာ ဒီတစ်ချက်တည်း မဟုတ်ဘူး။ ပျော်စရာဘဝ ထာဝရ စံစားကြ ပုံနှိပ်စာအုပ်ကို သုံးနေတယ်ဆိုရင် ကိုင်ကြည့်လိုက်ရုံနဲ့တင် ထူးခြားနေမှန်း သတိထားမိမှာပါ။ ဘာကြောင့်လဲဆိုတာ သိဖို့ စာအုပ် ချုပ်လုပ်ထားပုံကို လေ့လာကြည့်ရအောင်။

ကိုင်ကြည့်လိုက်ရုံနဲ့ ထူးခြားတဲ့ စာအုပ်သစ်

စာရွက်သား ပိုထူတယ်။ ဘာကြောင့်လဲ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်မှာ ရောင်စုံရုပ်ပုံ ၆၀၀ ကျော် ပါတယ်။ သွန်သင်ရာ စာအုပ်ထက် ဆယ်ဆနီးပါး ပိုများတယ်။ ဒါ့အပြင် စာအုပ်သစ်မှာ စာသား၊ ရုပ်ပုံ မရှိတဲ့ နေရာလွတ်တွေလည်း အများကြီး ပါတယ်။ ဒီအချက် နှစ်ချက်ကြောင့် ပြဿနာ ရှိနိုင်တယ်။ စာရွက်သား ပါးနေရင် တစ်ဖက်စာမျက်နှာက ရုပ်ပုံတွေကို ရေးရေးလေး တွေ့နေရမယ်။ ဒါကြောင့် အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဝေါကီး၊ အပြည်ပြည်ဆိုင်ရာ ပုံနှိပ်ဌာန (IPD) မှာ ရှိတဲ့ ညီအစ်ကိုတွေက ကျွန်တော်တို့ရဲ့ ပုံနှိပ်တိုက်တွေမှာ လက်ရှိ သုံးနေတဲ့ စက္ကူ လေးမျိုးကို စမ်းသပ်ကြည့်တယ်။ အုပ်ချုပ်ရေးအဖွဲ့၊ စာပေပြုစုရေး ကော်မတီက နမူနာတစ်မျိုးစီကို စစ်ဆေးကြည့်ပြီး အထူဆုံး စက္ကူကို အသုံးပြုခိုင်းတယ်။ ခါတိုင်း စာအုပ် အများစုအတွက် သုံးတဲ့ စက္ကူထက် ၁၆ ရာခိုင်နှုန်းလောက် စျေးပိုကြီးတယ်။ ဒါပေမဲ့ ကျမ်းစာသင်သားတွေ ပျော်စရာဘဝ ထာဝရ စံစားကြ ပုံနှိပ်စာအုပ်ကို သုံးတဲ့အခါ တစ်ဖက်စာမျက်နှာက ရုပ်ပုံတွေကို ရေးရေးလေး မြင်ရလို့ အာရုံပျံ့တာမျိုး မဖြစ်တော့ဘူး။

ပုံနှိပ်စာအုပ်ရဲ့ စာရွက်သားကို ဘေးချင်းယှဉ်ပြထားပုံ။ ပုံ– ၁။ ဘယ်ဘက်ပုံမှာ စက္ကူအပါး သုံးထားလို့ တစ်ဖက်စာမျက်နှာက ရုပ်ပုံတွေ၊ စာတွေ ရေးရေးလေး မြင်နေရ။ ၂။ ညာဘက်ပုံမှာ စက္ကူအထူ သုံးထားလို့ တစ်ဖက်စာမျက်နှာက ရုပ်ပုံတွေ၊ စာတွေ မမြင်ရ။

ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်အတွက် သုံးတဲ့ စက္ကူကို ညာဘက် စာမျက်နှာမှာ ဖော်ပြထား

စာအုပ်အဖုံး လောင်းတဲ့ ကော်ပြား ပြောင်းသုံးထားတယ်။ စာအုပ်သစ်ရဲ့ အဖုံးဟာ တခြားစာအုပ်တွေနဲ့ မတူမှန်း ကိုင်ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ ကော်ပြား ပြောင်းသုံးထားလို့ပါ။ ခါတိုင်း သုံးနေကျ ကော်ပြားအတောက် မဟုတ်ဘဲ အမှိုင်း သုံးထားလို့ မျက်နှာဖုံးပုံ ပိုပေါ်တယ်။ ခဏခဏ ကိုင်ပေမဲ့ စာအုပ် အလွယ်တကူ မစုတ်ပြဲဘူး။ ဒါပေမဲ့ ကော်ပြားအမှိုင်းက အတောက်ထက် ငါးဆ စျေးပိုကြီးတယ်။ ဒါကြောင့် ဌာနခွဲ တော်တော်များများ ပူးပေါင်းပြီး စျေးနည်းနည်း ပိုသက်သာတဲ့ ကော်ပြားအမှိုင်း ရှာဝယ်ခဲ့တယ်။

စာအုပ်တွေကို ကော်ပြားအမှိုင်းနဲ့ အဖုံးလောင်းပေးတဲ့ စက်။

စာအုပ်အဖုံး ကော် လောင်းနေပုံ

စျေးပိုကြီးတဲ့ ပစ္စည်း ဘာကြောင့် သုံးသလဲ။ IPD က ညီအစ်ကိုတစ်ယောက်က “ဒီစာအုပ်ကို ညီအစ်ကို/မတွေ တော်တော်လေး သုံးကြရမှာ။ ဒါကြောင့် ခဏခဏ ကိုင်ရင်တောင် ပုံစံမပျက်လေး ဖြစ်နေအောင် လုပ်ပေးချင်တယ်” လို့ ပြောတယ်။ ဘရာဇီး ဌာနခွဲ၊ ပုံနှိပ်ရုံးက အက်ဒွါဒိုကလည်း “ဒီလိုမျိုး လှပ၊ ကြာရှည်ခံတဲ့ စာအုပ် ရလာဖို့၊ အလှူငွေတွေ အလေအလွင့် မဖြစ်ဖို့ အရည်အသွေးမြင့် ပစ္စည်းတွေကို ယေဟောဝါရဲ့ အဖွဲ့အစည်း သုံးတာ ကြည့်ပြီး သိပ်ဂုဏ်ယူတာပဲ” လို့ ပြောတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ပုံနှိပ်လုပ်ငန်း

၂၀၂၁၊ မတ်လမှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို စပုံနှိပ်ကြတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကာလဆိုတော့ အခက်အခဲတွေ ရှိတယ်။ ဗေသလကို အဝင်အထွက် ကန့်သတ်ထားတော့ လုပ်အားပေး ညီအစ်ကို/မတွေ လာကူလို့ မရဘူး။ ဗေသလအိမ်သားအသစ်တွေလည်း ဖိတ်လို့ မရဘူး။ ဒါနဲ့ ပုံနှိပ်တိုက်တချို့မှာ ဝန်ထမ်း မလုံမလောက် ဖြစ်လာတယ်။ ပုံနှိပ်တိုက်တချို့ကျတော့ အစိုးရ ကန့်သတ်ချက်တွေကြောင့် ခေတ္တ ပိတ်ထားရတယ်။

စက်ထဲကနေ တန်းစီထွက်လာတဲ့ ပုံနှိပ်စာအုပ်တွေရဲ့ အရည်အသွေးကို ညီအစ်ကိုတစ်ယောက် စစ်ဆေးနေ။

အခက်အခဲတွေ ဘယ်လို ပြေလည်သွားသလဲ။ ဗေသလ တခြားဌာနတွေက ညီအစ်ကို/မတွေကို ပုံနှိပ်ဌာနမှာ ကူညီဖို့ ယာယီ တာဝန်လွှဲပြောင်းလိုက်တယ်။ “ညီအစ်ကို/မတွေ ကိုယ်ကျိုးစွန့်စိတ်ဓာတ် ရှိကြလို့၊ တာဝန်သစ်အတွက် တလိုတလား သင်ယူကြလို့ အလုပ်တွင်သွားတာ” ဆိုပြီး IPD က ဂျိုအယ်လ် ပြောတယ်။

အခက်အခဲတွေ ရှိခဲ့ပေမဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သန်းနဲ့ချီ ပုံနှိပ်ပြီးသွားပါပြီ။ ပုံနှိပ်လုပ်ငန်းအတွက် ပလိတ်ပြား၊ ကော်ပြား၊ စက္ကူ၊ မှင်၊ ကော်စသဖြင့် ကုန်ကြမ်းအမျိုးမျိုး လိုတယ်။ စပုံနှိပ်တဲ့ ပထမ ငါးလအတွင်းမှာပဲ ကုန်ကြမ်းအတွက်ချည်း အမေရိကန် ဒေါ်လာ ၂.၃ သန်းကျော် ကုန်တယ်။ ကုန်ကျစရိတ် ချွေတာဖို့ အသင်းတော်တွေ တကယ် လိုအပ်သလောက်ပဲ ပုံနှိပ်ပေးခဲ့တယ်။

ထုတ်ပို့မယ့် ပုံးတွေထဲ စာအုပ်တွေကို ညီအစ်ကိုနှစ်ယောက် ထည့်နေ။

“လက်ရာမြောက်တဲ့ စာအုပ်ပါ”

ကျမ်းစာလေ့လာမှု စာအုပ်သစ် ရလို့ ကျမ်းစာ သင်ပေးသူတွေ၊ သင်သားတွေ ဘယ်လို ခံစားရသလဲ။ ဩစတြေးလျနိုင်ငံက ပေါလ် ဒီလိုပြောတယ်– “ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို ကျမ်းစာသင်အံမှုတွေမှာ သုံးရတာ တကယ် အားရစရာပဲ။ စာအုပ် ပြင်ဆင်ထားပုံက ဆွဲဆောင်မှု ရှိပြီး အပြန်အလှန် ဆွေးနွေးဖို့ လွယ်ကူတယ်။ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ လှုံ့ဆော်မှု ဖြစ်စေတဲ့ မေးခွန်းတွေ၊ ဗီဒီယိုတွေ၊ ရုပ်ပုံတွေ၊ ဇယားတွေ၊ ရည်မှန်းပန်းတိုင်တွေ ပါတယ်။ ကျွန်တော့်ရဲ့ သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်လာစေတဲ့ လက်ရာမြောက်တဲ့ စာအုပ်ပါ။”

ဗီဒီယို ချိတ်ဆက်မှုနဲ့ ကျင်းပတဲ့ ကျမ်းစာသင်အံမှုမှာ ညီအစ်မတစ်ယောက် စာအုပ် သုံးနေ။

အမေရိကန်နိုင်ငံက ကျမ်းစာသင်သားတစ်ယောက်က “ဒီစာအုပ်သစ်ကို တကယ် ကြိုက်တယ်။ ရုပ်ပုံတွေက အဓိက အချက်တွေကို နားလည်စေတယ်။ ဗီဒီယိုတွေက စိတ်ထိမိစေတယ်။ လက်တွေ့ကျင့်ဖို့ လှုံ့ဆော်ပေးတယ်” လို့ ပြောတယ်။ အခုဆိုရင် ဒီသင်သား တစ်ပတ်နှစ်ခါ ကျမ်းစာလေ့လာနေတယ်။ အသင်းတော် အစည်းအဝေးတွေ မှန်မှန် တက်နေတယ်။

ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို ဘာသာစကား အမျိုးမျိုးနဲ့ ထုတ်ဝေပါဦးမယ်။ ဒီစာအုပ်ကို ဘာသာစကား ၇၁၀ နဲ့ ထုတ်ဝေဖို့ အုပ်ချုပ်ရေးအဖွဲ့ ခွင့်ပြုထားတယ်။ သွန်သင်ရာ စာအုပ်ထက် ဘာသာစကား ၃၄၀ ပိုများတယ်။

ပုံနှိပ်ဖို့ ပိုက်ဆံ ဘယ်က ရသလဲ။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေတွေကနေပါ။ အလှူငွေအများစုကို donate.jw.org ကနေ ရပါတယ်။ ယေဟောဝါအကြောင်း သင်ယူချင်သူတွေ၊ “ဘဝကို ထာဝစဉ် ပျော်မွေ့” ချင်သူတွေအတွက် ကျမ်းစာလေ့လာမှု စာအုပ်တွေ ပုံနှိပ်နိုင်အောင် ရက်ရက်ရောရော လှူဒါန်းကြလို့ ကျေးဇူးတင်ပါတယ်။—ဆာလံ ၂၂:၂၆။

a နှစ်ပတ်လည် အစည်းအဝေး အစီအစဉ် ပါတဲ့ JW ရုပ်သံထုတ်လွှင့်မှု တင်ဆက်တုန်းက ထုတ်ဝေခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ