-
၂ ကောရိန္သု ၇:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ တိတု ရောက်လာတဲ့အပြင် ခင်ဗျားတို့ကြောင့် သူခံစားရတဲ့ နှစ်သိမ့်မှုကလည်း ကျွန်တော့်ကို အားတက်စေတယ်။ ကျွန်တော့်ကို သတိရနေတဲ့အကြောင်း၊ ခင်ဗျားတို့ ဝမ်းနည်းပူဆွေးနေတဲ့အကြောင်း၊ ကျွန်တော့်အတွက် သိပ်စိတ်ပူနေတဲ့အကြောင်း သူပြောပြတော့ ပိုပြီးဝမ်းသာရပါတယ်။
-
-
၂ ကောရိန္သု ၇:၇ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
-
-
၇ သို့ဖြစ်၍ သူရောက်လာသည့်အတွက်သာမက သင်တို့ကြောင့် သူရရှိသော နှစ်သိမ့်မှု၊ သင်တို့၏ နောင်တရလိုစိတ် ပြင်းပြခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ငါ့အတွက် သင်တို့ ပူပန်ပေးခြင်း အကြောင်းတို့ကို တစ်ဖန် ကြားသိရသဖြင့် သာ၍ဝမ်းမြောက်၏။
-